Yangon Amata Smart and Eco City စီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ


27 December, 2020

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်တောင်ပိုင်းမြို့နယ်၊ လေးထောင့်ကန်ကျေးရွာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်ထိုင်းနိုင်ငံအခြေစိုက် AMATA Corporation PCL တို့မှ အကျိုးတူပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Yangon Amata Smart and ECO City စီမံကိန်းပန္နက်တင်မင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါသည်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

ရန်ကုန်တစ်ဝိုက်မှ ကြီးမားသော စီမံကိန်းကြီး ၃ ခု

နိုင်ငံတကာအဆင့်မီ Yangon Amata Smart and Eco City (YASE) စီမံကိန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လေးထောင့်ကန်ကျေးရွာအနီးရှိ မြေဧက ၂,၀၀၀  ပေါ်တွင် စက်မှုဇုန် တည်ဆောက်ခြင်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း  ၃၃,၀၀၀ အထိ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 AMATA မှ စီမံကိန်း အစီအစဉ်ကို ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့တင်ပြခဲ့ပြီး နားလည်မှု စာချွန်လွှာရေးထိုးရေးလုပ်ငန်းစဉ်အတွက် လေ့လာမှုများကို ၂၀၁၇ခုနှစ် မေလမှ စတင်ပြုလုပ်ခဲ့သည်။

ထို့နောက် EIS, SIA လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ကို ၂၀၁၉ခုနှစ် အောက်တိုဘာလ ၂၁ ရက်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ  ၅ နှစ်အတွင်း အပြီးအစီး အကောင်အထည်ဖော်မည့် Yangon Amata Smart and Eco City စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ထိုင်းစတော့အိတ်ချိန်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် AMATA Corporation PLC ၏ လက်အောက်ရှိ AMATA Asia (Myanmar) Limited က တို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၄ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ 

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀ ရာခိုင်နှုန်း နှင့် AMATA Asia (Myanmar) Limited မှ ၈၀ ရာခိုင်နှုန်း အစုရှယ်ယာထည့်ဝင်သည်။ 

စီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နှစ် ၅၀နှင့် နောက်ထပ် ၁၀ နှစ်စီ နှစ်ကြိမ် သက်တမ်းတိုးနိုင်သည့် မြေငှားစာချုပ်ကိုလည်း ချုပ်ထားကြောင်း သိရသည်။

စီမံကိန်း ပထမအဆင့်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေသန့်စင်စက်ရုံများ စတင်နိုင်ရန်  စီစဉ်ထားကြောင်း သိရသည်။ စီမံကိန်းအတွင်းရှိ ပထမဆုံးစက်ရုံကို တည်ဆောက်သွား မည်ဖြစ်ကာ လာမည့်နှစ်တွင် စတင်လည်ပတ်မည်။

YASEC ကို ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ၊ သဘာဝအရင်းအမြစ်များကို ပိုမိုကောင်းမွန်စေမှုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစရှိသည့် အချက်များအပေါ် အခြေခံကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 


 

Infrastructure and Zones Read 3816 times