ရန်ကုန်တစ်ဝိုက်မှ ကြီးမားသော စီမံကိန်းကြီး ၃ ခု

24 December, 2020

တောင်ကိုရီးယား၊ ထိုင်းနှင့် စင်ကာပူကုမ္ပဏီများသည် ရန်ကုန်မြို့ပတ်၀န်းကျင်တွင် စီးပွားရေးဇုန်များ တည်ဆောက်နေကြသည်။

၂၂၂ ဟက်တာရှိသော ကိုရီးယား - မြန်မာစက်မှုလက်မှုအဆောက်အအုံသည် ရန်ကုန်မြောက်ဘက်တွင် တည်ရှိပြီး ဒေါ်လာသန်း ၁၁၀ ခန့် ကုန်ကျမည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ အစိုးရနှင့် ပတ်သက်သော Korea Land and Housing သည် ရန်ကုန်မြို့အနီးရှိ စက်မှုဥယျာဉ်တခုတွင် ပန္နက်တင်ခဲ့ပြီး၊ ထိုသို့သော စီမံကိန်းမျိုးအားအကောင်အထည်ဖော်သည့် နိုင်ငံခြားကုမ္ပဏီ ဖြစ်လာသည်။ ပြည်ပကုန်ထုတ်လုပ်သူများ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်အောင် အထောက်အကူဖြစ်စေလိမ့်မည်ဟု မြန်မာအစိုးရမျှော်လင့်ထားသည်။

နောက်ထပ် လာစရာရှိနေသေးသည့် စီမံကိန်းများမှာ ထိုင်းနိုင်ငံမှ Amata နှင့် စင်ကာပူမှ Sembcorp Industries တို့ ဖြစ်သည်။ 

မြန်မာနိုင်ငံဆောက်လုပ်ရေး၀န်ကြီးဌာနနှင့် အတူလက်တွဲပြီး ကိုရီးယား မြေယာနှင့်အိမ်ရာလုပ်ငန်း Korea Land and Housing (LH) သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မြောက်ဘက် ၂၅ ကီလိုမီတာ အကွာအဝေးနှင့် ရန်ကုန်မြို့လယ်မှ ကီလိုမီတာ ၄၀ အကွာတွင် ရှိသည့်လှည်းကူးမြို့နယ်တွင် ကိုရီးယား - မြန်မာစက်မှုဇုန် Korea-Myanmar Industrial Complex အတွက် ပန္နက်တင်အခမ်းအနားကို ကျင်းပခဲ့သည်။ 

 

ပထမအဆင့် ၂၀၂၃ ဖွင့်လှစ်မည်

၂၂၅ ဟက်တာ မြေအကျယ်အဝန်းတွင် ဖော်ဆောင်မည့် စီမံကိန်းသည် အမေရိကန် သန်း ၁၁၀ ကုန်ကျမည်။ စီမံကိန်း အကောင်အထည်ဖော်သူတို့က ပထမအဆင့်အဖြစ် ဇုန်၏ တစ်ဝက်ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်မည်။

 

ပိုင်ဆိုင်မှု အချိုးအစား

KMIC  တွင် ဖက်စပ်လုပ်ငန်းအဖြစ် အကျိုးတူပူးပေါင်းလုပ်ကိုင်ကြသူများမှာ ၄၀ % ကို Korea Land and Housing က ပိုင်ဆိုင်ပြီး ၂၀  % ကို တောင်ကိုရီးယားမှ အဝတ်အထည်လုပ်ငန်း Global SAE-A က ပိုင်ဆိုင်သည်။ ကျန်သည့် ၄၀  % ကို မြန်မာနိုင်ငံဆောက်လုပ်ရေး၀န်ကြီးဌာနက ပိုင်ဆိုင်သည်။

 

အကြီးစား စက်မှုစီမံကိန်း ၃ ခု အစီအရီ

မြန်မာနိုင်ငံ၏ တစ်ခုတည်းသောစက်မှုလုပ်ငန်းဥယျာဉ်သည် ယခုအခါ ဂျပန်နိုင်ငံမှ ဦးဆောင်ပြီး ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ သီလဝါအထူးစီးပွားရေးဇုန်ဖြစ်သည်။ 

နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော အသုံးအဆောင်များနှင့်အခြေခံအဆောက်အအုံများဖြင့် အဆောက်အအုံများတည်ဆောက်ခြင်းအားဖြင့် နိုင်ငံခြားထုတ်လုပ်သူများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် အစပြုကြလိမ့်မည်ဟု အစိုးရအနေဖြင့် မျှော်လင့်ထားသည်။ 

"သီလဝါအထူးစီးပွားရေးဇုန်မှအပ ရန်ကုန်တစ်ဝိုက်မှာ အကြီးစားစက်ရုံများအတွက် မြေနေရာသေသေချာချာ ရရှိဖို့ ခက်ခဲတယ်။ ဒီတော့ စက်မှုဥယျာဉ်အသစ်တွေ အကောင်အထည်ဖော်တာဟာ ရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်နိုင်လိမ့်မယ်" ဟု ရန်ကုန်ရှိ Japan External Trade Organization အကြီးအကဲ Kazufumi Tanaka က ပြောသည်။

Coronavirus ကူးစက်ပျံ့နှံ့မှုနှင့် ပြည်တွင်း သုံးစွဲမှု ကြီးထွားလာသည်နှင့်အမျှ စီးပွားရေးကိုပြန်လည်ထူထောင်ရေးကို အထောက်အကူပြုရန် ဦးစားပေးအဖြစ် သတ်မှတ်ထားသော အခြားစီမံကိန်းနှစ်ခုကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ 

ထိုင်းကုမ္ပဏီ Amata သည် စက်မှုမြို့တော်တစ်ခုကို အကောင်အထည်ဖော်မည်။  Yangon Amata Smart and Eco City  စီမံကိန်း စတင်ရန် ပန္နက်တင်ခဲ့သည်။ 

စင်ကာပူမှ Sembcorp Industries သည် စင်ကာပူအစိုးရနှင့် ပတ်သက်သော လုပ်ငန်းစုကြီး ဖြစ်ပြီး ရန်ကုန်အနီးတစ်ဝိုက်တွင် စက်မှုဥယျာဉ်တစ်ခု ထူထောင်မည် ဖြစ်သည်။

ချမှတ်ထားသည့် အစီအစဉ်အတိုင်း အကောင်အထည်ဖော်နိုင််ခဲ့လျှင် အဆိုပါစီမံကိန်းကြီး ၃ ခုစလုံးသည် လာမည့် နှစ်အနည်းငယ်အတွင်း ပြီးစီးမည် ဖြစ်သည်။

KMIC

တောင်ကိုရီးယား အစိုးရသည် Economic Development Cooperation Fund အမည်ဖြင့် ၁၉၈၇ ခုနှစ်တွင် ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရန် သုံးစွဲသည်။ ထိုရန်ပုံငွေထံမှ ချေးငွေကို KMIC အား ထုတ်ချေးပေးပြီး ဘဏ္ဍာရေး ထောက်ပံ့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းထံမှ ဓာတ်အားလိုင်း သွယ်တန်းခြင်း၊ ရေသွယ်တန်းခြင်းတို့အတွက် သုံးစွဲမည်။

ထို့အပြင် လက်ရှိ နှစ်လမ်းသွားလမ်းကို လေးလမ်းသွား လမ်းမကြီး အဖြစ် အဆင့်မြှင်တင်တိုးချဲ့ရန်အတွက်လည်း သုံးစွဲမည် ဖြစ်သည်။ ထိုလမ်းမကြီးသည် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးကို ချိတ်ဆက်မည် ဖြစ်သည်။

KMIC မှ ပေးသွင်းရသော မြေငှားရမ်းခသည် သီလဝါ အထူးစီးပွားရေးဇုန်ထက် သက်သာသည်။ တစ်မီတာစတုရန်းကို အမေရိကန်ဒေါ်လာ ၆၉.၃၀ မှ ၇၅.၆၀ အတွင်း ကျသင့်ပြီး နှစ်ပေါင်း ၅၀ အတွက် ဖြစ်သည်။ သီလဝါမြေငှားရမ်းခမှာ ၂၁၀၈ ခုနှစ်တွင် တစ်မီတာစတုရန်းကို အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင် ကျသင့်သည်။ 

သီလဝါ နှင့် အခြားစက်မှုဇုန် စီမံကိန်းများ ရှိနေနှင့်ခြင်းအတွက် KMICအနေဖြင့် ပူပန်ဖို့ မလိုချေ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာများသည် ကြီးမားသည်ဟု KMIC Development မှ ညွန်ကြားရေးမှူးချုပ် Lee Jung Wook က မှတ်ချက်ပြုသည်။

KMIC ၏ မြေနေရာသည် သီလဝါထက် အချိတ်အဆက် ပိုကောင်းသည်ဟု သူက သုံးသပ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ချိတ်ဆက်ထားသဖြင့် မြို့ကြီးနှစ်မြို့စလုံးနှင့် အချိတ်အဆက် ရှိနေစေသည်။ ထုတ်ကုန်များကိ အခြားမြို့များသို့ တင်ပို့ဖြန့်ဖြူးရန် နေရာကောင်းတစ်ခု ဖြစ်သည်။ သီလဝါထက် သာသည်။

မြန်မာ ဂျပန် သီလဝါ ဖွံ့ဖြိုးရေး Myanmar Japan Thilawa Development သည် သီလဝါ အထူးစီးပွားရေးဇုန်ကို စီမံပေးနေပြီး Japan International Cooperation Agency နှင့် ဂျပန်လုပ်ငန်းများက ၄၉% ပိုင်ဆိုင်သည်။ ၅၈၃ ဟက်တာကို အကောင်အထည်ဖော်ခဲ့ပြီးပြီ ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ၄၆ ဟက်တာ ထပ်မံတိုးချဲ့မည် ဖြစ်သည်။

 

 Yangon Amata Smart နှင့် Eco City စီမံကိန်း

ဟက်တာ ၈၀၀ ကျယ်ဝန်းသည့် Yangon Amata Smart နှင့် Eco City စီမံကိန်းအတွက် ကြိုတင်ပြင်ဆင်မှုမျာ းပြုလုပ်နေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့်သူများ မကြာခင် အလုပ်စတင်နိုင်လိမ့်မည်ဟု‌ မျှော်မှန်းထားသည်။

အကျိုးတူလုပ်ငန်း၏ မန်နေးဂျင်းဒါရိုက်တာ Yasuo Tsutsui က "ကျွန်တော်တို့ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒါမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့်သူများ ဆန္ဒရှိရင် ၂၀၂၁ ခုနှစ်အစောပိုင်းလောက်မှာ စတင်လည်ပတ်နိုင်မှာပါ" ဟု ပြောကြားခဲ့သည်။

စီမံကိန်းတွင် အစိုးရက ၂၀ % ပါဝင်ပြီး  Amata က ၈၀ % ပါဝင်သည်။ ပထမအဆင့်တွင် ၈၀ ဟက်တာကို အကောင်အထည်ဖော်မည် ဖြစ်ပြီး ဟက်တာ ၄၀ ကို ယခုအခါ လုပ်ကိုင်နေပြီ ဖြစ်သည်။ မြေငှားရမ်းခမှာ နှစ် ၅၀ အတွက် တစ်စတုရန်းမီတာ အမေရိကန်ဒေါ်လာ ၇၅ ဖြစ်သည်။

စက်မှုဥယျာဉ် ဆောက်လုပ်ရေးအတွက် ဒေါ်လာ ၂၇၄ သန်းကုန်ကျမည်ဟု ခန့်မှန်းရသည်။ စက်မှုဥယျာဉ်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံကို အစိုးရပိုင် ထိုင်းစွမ်းအင် မဟာကုမ္ပဏီကြီး PTT နှင့် အတူတကွ တည်ဆောက်ရန် ဦးစားပေးအဖြစ် အကောင်အထည်ဖော်မည်ဖြစ်ပြီး Amata အနေဖြင့် စုစုပေါင်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ ရှိမည်ဟု ခန့်မှန်းရသည်။

 

Sembcorp စီမံကိန်း

၄၃၆ ဟက်တာတွင် အကောင်အထည်ဖော်မည့် Sembcorp စီမံကိန်းအတွက် ဒေါ်လာသန်း ၂၃၀ ကုန်ကျမည်ဟု ခန့်မှန်းရသော်လည်း ၎င်း၏ စတင်မည့်ရက်ကို ကြေညာခြင်းမရှိသေးပါ။

ဗီယက်နမ် နိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စက်မှုဥယျာဉ်များ တည်ဆောက်နေသော Sembcorp သည် စီမံကိန်းတွင် ၆၇ % ပိုင်ဆိုင်သည်။ မြန်မာနိုင်ငံတွင် အကြီးဆုံး လူသုံးကုန်နှင့် စားသောက်ကုန်ဆိုင်ရာ လုပ်ငန်း City Holdings လက်အောက်ရှိ လက်ကားအရောင်းလုပ်ငန်းကြီး Pahtama Group က ၁၈ % ပိုင်ဆိုင်ပြီး Myanmar Agribusiness က ၁၅ % ပိုင်ဆိုင်သည်။ 

Infrastructure and Zones Read 37420 times