၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများတွင် ၂၀၂၅ ခုနှစ်ထုတ် အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code 2025) အား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဇွန် (၃၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သို့ဖြစ်ပါ၍ လက်မှတ်ရအင်ဂျင်နီယာများအားလုံးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁) ရက်နေ့မှ စတင်၍ Myanmar National Building Code 2025 ကို အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများတွင် လိုက်နာကျင်းသုံးရမည်ဖြစ်သည်။
အဆိုပါ MNBC-2025 ကို ရည်ညွှန်းကိုးကား လိုက်နာရန်အတွက် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ပုံနှိပ်ထားရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
MNBC-2025 တွင် အဆောက်အအုံများအား ရေကြီးမှုဒဏ်၊ လေပြင်းတိုက်ခတ်မှုဒဏ်၊ မြေပြိုမှုဒဏ်၊ မြေငလျင်ဒဏ်အစရှိသည့် ဘေးအန္တရာယ်များ ခံနိုင်ရည်ရှိရန် ဒီဇိုင်းပြုတည်ဆောက်ရမည့် စံနှုန်းများကို သတ်မှတ်ထားပြီး လိုအပ်သည့် အချက်အလက်များ၊ သဘာဝအန္တရာယ်ပြမြေပုံ အစရှိသည်တို့ကို ထည့်သွင်းထားကြောင်းသိရသည်။
ထို့ပြင် မီးဘေးနှင့် အခြားဘေးအမျိုးမျိုးမှ လွတ်ကင်းရန် ထွက်ပေါက်များ၊ အရေးပေါ်လှေကားများ အစရှိသည်တို့ကို မဖြစ်မနေ ထည့်သွင်းစီစဉ်ရန်လည်း သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ (၁၂) ထပ်နှင့်အထက် အဆောက်အဦးနှင့် ကွန်ဒိုများကို Myanmar National Building Code ဖြင့် တည်ဆောက်ထားပါက ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိကြောင်း ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောဆိုခဲ့ဖူးသည်။
Source - NP News
MNBC 2025 Myanmar Version
အပိုင်း ၁ - မြို့ပြစီမံကိန်း၊ အဆောက်အအုံနှင့် မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း
အပိုင်း ၂ - ဗိသုကာနှင့် မြို့ပြပုံစံထုတ်ခြင်း
အပိုင်း ၃ - ဖွဲ့စည်းပုံ ဒီဇိုင်း၊ အပိုင်း ၄ - မြေနှင့် အုတ်မြစ်
အပိုင်း ၅ - အဆောက်အအုံ ဝန်ဆောင်မှုများ
အပိုင်း ၅ (က) - အလင်းရောင်
အပိုင်း ၅ (ခ) - လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း
အပိုင်း ၅ (ဂ) - ဓါတ်လှေကားများနှင့် စက်လှေကားများ တပ်ဆင်ခြင်း
အပိုင်း ၅ (ဃ) - ရေပေးဝေခြင်း၊ မိလ္လာပိုက်ဆက်ခြင်းနှင့် သန့်ရှင်းမှု
အပိုင်း ၅ (င) - အပူပေးခြင်း၊ စက်စွမ်းအားသုံး လေဝင်/လေထွက်စနစ်နှင့် လေအေးပေးခြင်း လုပ်ငန်းများ
အပိုင်း ၅ (စ) - မီးဘေးလုံခြုံရေး၊ မီးဘေးကာကွယ်ရေးစနစ်များနှင့် အရေးပေါ် လွတ်မြောက်ရေးဆိုင်ရာ နည်းလမ်းများ
အပိုင်း ၆ - အဆောက်အအုံဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ