၂၀၂၂ မှာ ပြီးစီးမယ့် အမြင်ဆုံးမိုး‌မျှော်တိုက် ၅ ခု


02 January, 2022

၂၀၂၂ မှာ ပြီးစီးမယ့် အမြင်ဆုံးမိုး‌မျှော်တိုက် ၅ ခု


မိုးမျှော်တိုက် skyscraper အခေါ်အဝေါ်အတွက် ယေဘုယျ သတ်မှတ်ချက်များမှာ အမြင့်က အနည်းဆုံး မီတာ ၁၅၀ ( ၄၉၂ ပေ) ရှိရမယ်။ ကေဘယ်ကြိုးဖြင့် ထိန်းပေးထားခြင်း ကင်းရမယ်။ အမြင့်ရဲ့ ထက်ဝက်ဟာ ရုံးခန်း၊ ဆိုင်ခန်း၊ လူနေတိုက်ခန်း၊ ဟိုတယ်အခန်း စသဖြင့် လူနေထိုင်နိုင်တဲ့ အထပ်တွေဖြစ်ရမယ်။ 

အမြင့်ဆုံး မိုးမျှော်တိုက် အများစုဟာ တရုတ်နိုင်ငံမှာ တည်ရှိပြီး ဆောက်လက်စ မိုးမျှော်တိုက် အများစုဟာလည်း တရုတ်နိုင်ငံမှာ တည်ဆောက်ဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ အမြင့်ဆုံး မိုးမျှော်တိုက် စာရင်းဝင် ဆောက်လုပ်စ ၂၀ ရှိပါတယ်။
၁၆ ခုက တရုတ်ပြည်မှာ ဖြစ်ပါတယ်။
ထိုင်း၊ အမေရိကန်၊ ဆော်ဒီအာရေဗျနဲ့ မလေးရှား တို့မှာ တစ်ခုစီ အသီးသီး တည်ဆောက်ဆဲ ဖြစ်ပါတယ်။

တရုတ်အစိုးရက မိုးမျှော်တိုက်အသစ် ဆောက်လုပ်ခွင့် အတွက် တင်းကျပ်တဲ့ စည်းကမ်းများ ပြီးခဲ့တဲ့ နှစ်မှာ ပြဌာန်းခဲ့လို့ တရုတ်နိုင်ငံမှာ မိုးမျှော်တိုက်အသစ် ဆောက်လုပ်ခြင်း လျော့နည်းပါလိမ့်မယ်။
လူဦးရေ ၃ သန်းနှင့်အောက် ရှိတဲ့ မြို့ကြီးတွေမှာ မိုးမျှော်တိုက် အသစ် ဆောက်လုပ်ခွင့် မပြုတော့ပါဘူး။
လူဦးရေ ၃ သန်းအထက် ရှိတဲ့မြို့ကြီးတွေမှာတော့ မိုးမျှော်တိုက် ဆောက်လုပ်ခွင့် ရှိပေမဲ့ အမြင့် မီတာ ၂၅၀ ထက် မကျော်ရလို့ တားမြစ်ထားပါတယ်။
လက်ရှိဆောက်လက်စ မိုးမျှော်တိုက်တွေ ပြီးစီးသွားတဲ့နောက်မှာ ၂၀၂၅ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံမှာ မိုးမျှော်တိုက် ဆောက်လုပ်ခြင်း အတော် နည်းပါးသွားပါလိမ့်မယ်။ 

ယခု ၂၀၂၂ မှာ ပြီးစီးမယ့် အမြင့်ဆုံးမိုးမျှော်တိုက်များစာရင်းမှာတော့  တည်ဆောက်ဆဲ မိုးမျှော်တိုက် ၄ ခုက တရုတ်နိုင်ငံမှာ ဖြစ်ပြီး ကျန်တစ်ခုက မလေးရှားမှာ ဖြစ်ပါတယ်။

 


၁။ Chengmai Center ကို တရုတ်နိုင်ငံ Shenzhen မှာ ဆောက်လုပ်နေပြီး အမြင့် ၃၃၈ မီတာ ရှိပါတယ်။
အတွင်းပိုင်း အချောသတ်အဆင့် ရောက်နေပါပြီ။ 

 

၂။ Greenland Shandong Center ကို တရုတ်နိုင်ငံ Jinan မှာ တည်ဆောက်လျက်ရှိပြီး အမြင့် ၄၂၈ မီတာ ရှိပါတယ်။

 

 

၃။ Vanke Center က အမြင့် ၄၆၈ မီတာ ရှိပြီး တရုတ်နိုင်ငံ Chongqing မှာ ဆောက်လုပ်လျက် ရှိပါတယ်။

 

 

၄။ Wuhan Greenland Center ကို တရုတ်နိုင်ငံ Wuhan မှာ ဆောက်လုပ်လျက်ရှိပြီး အမြင့် ၄၇၅.၆ မီတာ ရှိပါလိမ့်မယ်။

 

 


၅။ Merdeka PNB 118 ကို မလေးရှားနိုင်ငံ Kuala Lumpur မှာ တည်ဆောက် နေပြီး အမြင့် ၆၇၈.၉ မီတာ ရှိပါတယ်။
.buildersguide.com.mm မှာ ဖော်ပြခဲ့ပြီးပြီ ဖြစ်ပါတယ်။ 
  
ကမ္ဘာ့ ဒုတိယ အမြင့်ဆုံး အဆောက်အဦ ဖြစ်လာတော့မည့် Merdeka 118

 

Tips Read 685 times