ဂျပန်ကုမ္ပဏီများ မလေးရှား-စင်ကာပူ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းမှ နုတ်ထွက်ရန် ဆုံးဖြတ်


13 January, 2024

ဂျပန်ကုမ္ပဏီများ မလေးရှား-စင်ကာပူ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းမှ နုတ်ထွက်ရန် ဆုံးဖြတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဂျပန်ကုမ္ပဏီများသည် ကွာလာလမ်ပူနှင့် စင်ကာပူကို ဆက်သွယ်သည့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းတွင် ပါဝင်မည့် အစီအစဉ်များကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။

စီမံကိန်းအတွက် ရင်းဂစ် ၁၀၀ ဘီလီယံ (ကန်ဒေါ်လာ ၂၁ ဘီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

မလေးရှားအစိုးရသည် အစိုးရအသုံးစရိတ် သို့မဟုတ် အကြွေးအာမခံများ ပေးခြင်း နည်းလမ်းဖြင့် ရင်းနှီးမြှုပ်နှံခြင်း မပြုဘဲ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများဖြင့်သာ လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။

East Japan Railway Co. အပါအဝင် ဂျပန်ကုမ္ပဏီများသည် ၎င်းစီမံကိန်းတွင် ဂျပန်နိုင်ငံ၏ ရှင်ကန်ဆန် ကျည်ဆန်ရထားစနစ်ကို အသုံးပြုရန် ရည်ရွယ်ထားသော်လည်း မလေးရှားအစိုးရ၏ ငွေကြေးပံ့ပိုးမှု မပါလျှင် ဆုံးရှုံးမည့် အန္တရာယ်များလွန်းသည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

မလေးရှားအစိုးရသည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စခေါ်ခဲ့သည်။ ယခုအခါ စီမံကိန်း အဆိုပြုလွှာပိတ်ရက် နီးကပ်လာချိန်တွင် ဂျပန်ကုမ္ပဏီများ နောက်ဆုတ်လိုက်ခြင်း ဖြစ်သည်။


ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း အဆိုပြုလွှာ ဖိတ်ခေါ်
https://www.buildersguide.com.mm/article/kl-singapore.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ဂျပန်ကုမ္ပဏီများ နောက်ဆုတ်လိုက်သဖြင့် တရုတ်ကုမ္ပဏီများအတွက် တင်ဒါပြိုင်ရန် ပွဲချောင်သွားမည် ဖြစ်သည်။
တရုတ်ကုမ္ပဏီများသည် အင်ဒိုနီးရှားတွင် မြန်နှုန်းမြင့်ရထား high-speed railway HSR စီမံကိန်းတခုကို ၂၀၂၃ တွင် ပြီးစီးခဲ့သည်။ ထိုင်းနိုင်ငံတွင် စီမံကိန်း အကောင်အထည် ဖော်နေဆဲ ဖြစ်သည်။ 

 


အရှေ့တောင်အာရှ ပထမဆုံး ကျည်ဆံရထား အင်ဒိုနီးရှား စတင်
https://www.logisticsguide.com.mm/en/industry-news/transportation/227543-whoosh.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

အာရှရထားလမ်းကွန်ရက် မြန်နှုန်းမြင့် ရထားလမ်း ထိုင်းကဏ္ဍ အကောင်အထည်ဖော်
https://www.logisticsguide.com.mm/en/industry-news/transportation/227164-pan-asian-railway-network.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ဂျပန်ကုမ္ပဏီများ နုတ်ထွက်သဖြင့် ပြည်တွင်းကုမ္ပဏီများသည် တရုတ်နှင့် ဥရောပကုမ္ပဏီများနှင့် လက်တွဲကာ တင်ဒါပြိုင်ရန် စီစဉ်နေကြသည်။ 

မလေးရှားအစိုးရသည် လာမည့်လအနည်းငယ်အတွင်း တင်ဒါဝင်ပြိုင်သူများကို စိစစ်ပြီး ဆန်ကာတင် ရွေးချယ်မည် ဖြစ်သည်။
ယခုနှစ် အနှောင်းပိုင်းတွင်  စင်ကာပူအစိုးရနှင့် ပြီးပြည့်စုံသော စေ့စပ်ညှိနှိုင်းမှုများ စတင်မည် ဖြစ်သည်။

မလေးရှားနှင့် စင်ကာပူ အစိုးရတို့သည် စီမံကိန်းအတွက် အခြေခံအားဖြင့် သဘောတူညီချက်ကို ၂၀၁၃ ခုနှစ်တွင် ကနဦး ရရှိခဲ့သည်။


ကီလိုမီတာ ၃၅၀ ရှည်လျားသော မြန်နှုန်းမြင့်ရထားလမ်းကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိူ့‌ေတာ်နှင့် စင်ကာပူအကြား ဖောက်လုပ်မည်။ ကားဖြင့် ၄ နာရီကြာ သွားရသည်ကို မိနစ် ၉၀ ဖြင့် ရောက်မည်ဖြစ်သည်။

ဂျပန်မှ  East Japan Railway နှင့်ကုန်သွယ်လုပ်ငန်းကြီး  Sumitomo Corp. တို့က စီမံကိန်းတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည်။
 
၂၀၁၅ ခုနှစ်တွင် ထိုစဉ်က ဂျပန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Keiichi Ishii သည် ကွာလာလမ်ပူသို့သွားရောက်လည်ပတ်စဉ်တွင် မလေးရှားအစိုးရတာဝန်ရှိသူများထံ ရှင်ကန်ဆန် စနစ်ကို ရှင်းလင်းတင်ပြပြီး သုံးစွဲရန်အတွက် စည်းရုံးခဲ့သည်။ 

သို့သော် ၂၀၂၁ ခုနှစ်တွင် မလေးရှားဝန်ကြီးချုပ် မူယီဒင် ယာဆင်သည် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး ပိမည်ကို စိုးရိမ်သောကြောင့် စီမံကိန်းကို ဖျက်သိမ်းခဲ့သည်။
လက်ရှိ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် လက်ထက်တွင် အဆိုပါ စီမံကိန်းကို ပြန်လည်အသက်သွင်းခဲ့သည်။

Source  KYODO NEWS
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Infrastructure and Zones Read 286 times