ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း အဆိုပြုလွှာ ဖိတ်ခေါ်


12 July, 2023

ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း အဆိုပြုလွှာ ဖိတ်ခေါ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


• မလေးရှားသည် မြန်နှုန်းမြင့် ရထားလမ်းကို ပြန်လည်အသက်သွင်းရန် ထပ်မံ ကြိုးစားနေသည်။

• KL-Singapore မြန်နှုန်းမြင့် ရထားလမ်းအတွက် အဆိုပြုလွှာ အသစ်တင်သွင်းရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများအား ဖိတ်ခေါ်ထားသည်။

မလေးရှားသည် ကွာလာလမ်ပူနှင့် စင်ကာပူကြား မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်ရန် ပုဂ္ဂလိကကုမ္ပဏီများထံမှ အဆိုပြုချက်များကို တောင်းခံထားပြီး လွန်ခဲ့သည့် နှစ်နှစ်ကျော်က ရပ်ဆိုင်းခဲ့သည့် ဒေါ်လာဘီလီယံပေါင်းများစွာတန်သည့် စီမံကိန်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသည်။

ကီလိုမီတာ ၃၅၀ ရှည်လျားသော မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်မည့် အစီအစဉ်ကို ၂၀၂၁ ခုနှစ်တွင် မလေးရှားနှင့် စင်ကာပူတို့က ဖျက်သိမ်းခဲ့သည်။
စီမံကိန်းအတွက် အဆိုပြုထားသော အချက်များ အပြောင်းအလဲ ပြုသည့်အပေါ်  သဘောမတူညီကြသဖြင့် စီမံကိန်းကို ဖျက်သိမ်းလိုက်ရသည်။

ထိုအချိန်က စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပတို့မှကုမ္ပဏီများသည် ရထားနှင့် ရထားလမ်းတည်ဆောက်ရန်၊ လည်ပတ်ရန်နှင့် ငွေကြေးထောက်ပံ့ရန် စိတ်ဝင်စားကြောင်းဖော်ပြခဲ့သည်။

စီမံကိန်းအတွက် တာဝန်ရှိသော မလေးရှားအစိုးရပိုင် အဖွဲ့အစည်းဖြစ်သည့် MyHSR Corp မှ အင်္ဂါနေ့(ဇူလိုင် ၁၁)တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပုဂ္ဂလိကကဏ္ဍသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု public-private partnership - PPP ပုံစံဖြင့် စီမံကိန်းကို အကောင်အထည်ဖော်ရန်နှင့် တည်ဆောက်ပြီးစီးသည့်အခါ ရထားနှင့် ရထားလမ်းကို လုပ်ငန်း လည်ပတ်ဆောင်ရွက်ရန်အတွက် အဆိုပြုလွှာ တင်သွင်းဖို့ ဖိတ်ခေါ်ထားသည်။

MyHSR သည် အဆိုပြုလွှာတင်သွင်းရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ကုမ္ပဏီစုများကို ဖိတ်ခေါ်ထားပါသည်။

စီမံကိန်းအတွက် မလေးရှားမှ အသစ်အသစ်သော အဆိုပြုချက်အသစ်များကို စင်ကာပူနိုင်ငံက ကြိုဆိုပါကြောင်း ယမန်နှစ်က ပြောကြားခဲ့သည်။

Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Infrastructure and Zones Read 329 times