နည်းပညာနယ်ပယ်မှ အချမ်းသာဆုံးတို့ရဲ့ နေအိမ်များ


10 September, 2021

 

Bill Gates မှ Mark Zuckerberg အထိ နည်းပညာနယ်ပယ်မှ ဘီလျံနာတွေဟာ ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်များ စာရင်းဝင်ကြသူတွေ ဖြစ်ပြီး နေထိုင်စရာ အိုးအိမ်ရွေးချယ်ကြတာမှာ တစ်ဦးနဲ့တစ်ဦး အကြိုက်ချင်း စိတ်ကူးချင်း ကွဲပြားကြတယ်။ 

သူတို့အားလုံး ချမ်းသာကြွယ်ဝကြတာမှာ တူကြပေမဲ့ နေဖို့ အိုးအိမ်ရွေးချယ်ကြတာမှာ ဦးစားပေးအချက်တွေ ကွာခြားကြတဘ်။ တချို့က ရိုးရိုးရှင်းရှင်းလေး နေချင်ကြတယ်။ တချို့က ဇိမ်ခံအိမ်ကြီးနဲ့ နေချင်ကြတယ်။ 
သူတို့တတွေရဲ့ လုပ်ငန်းတွေက အမေရိကန်နိုင်ငံမှာ အခြေစိုက် လုပ်ကိုင်နေကြတာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေ ဖြစ်လို့ သူတို့ရဲ့ အိုးအိမ်တွေ အမေရိကန်ုနိုင်ငံမှာပဲ တည်ရှိကြတာချင်းတော့ တူပါတယ်။ 

 


Mark Zuckerberg, 
Co-Founder & CEO, Facebook
တည်နေရာ Palo Alto, California
တန်ဖိုးဈေးနှုန်း  US$7 million

နည်းပညာ ဘီလျံနာ လျှမ်းလျှမ်းတောက် တစ်ဦးအနေဖြင့် ခပ်လျှိုလျှို နေထိုင်တယ်လို့ ပြောလို့ရတဲ့ စံအိမ်တော်မှာ  Facebook ရဲ့ ပူးတွဲ ထူထောင်သူနဲ့ စီအီးအို Zuckerberg နေထိုင်တယ်။ ၁၉၀၃ ခုနှစ်က တည်ဆောက်ခဲ့တဲ့အိမ်ကြီး ဖြစ်ပါတယ်။ Priscilla Chan ကို လက်မထပ်ခင် ၂၀၁၁ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး အိပ်ခန်း ငါးခန်းပါတယ်။ အလုပ်နဲ့ အိမ်အကြား ၁၀ မိနစ် ကားမောင်းသွားရင် ရောက်တယ်။ ဆောင်းကာလအတွက်  ကြမ်းပြင်မှာ အနွေးပေးစနစ် ပါတယ်။ 
အိမ်မှာ နည်းပညာ တပ်ဆင်ထားတာမှာ Jarvis လို့ အမည်ပေးထားတဲ့ တစ်ကိုယ်ရေသုံး ဉာဏ်ရည်တု သုံးစွဲထားတယ်။ အိမ်နောက်ဘက်မှာ မြေကျယ်ကျယ် ရှိပြီး ရေကူးကန်တစ်ကန် ရှိတယ်။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် အိမ်ပတ်လည်မှာ ရှိတဲ့ အိမ်တွေကိုလည်း ကန်ဒေါ်လာ သန်း ၃၀ ပေးပြီး Zuckerberg က ဝယ်ယူထားတယ်။ 

 

 

 

Jeff Bezos,
Founder & former CEO, Amazon
တည်နေရာ Beverly Hills, California
အိုးအိမ်အမည်  Warner Estate
တန်ဖိုးဈေးနှုန်း  US$165 million

အွန်လိုင်း ဈေးဆိုင်ပိုင်ရှင် Bezos  က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ဝယ်ယူခဲ့တယ်။ ကယ်လီဖိုးနီးယားမှာ ဈေးအမြင့်ဆုံး အိုးအိမ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ကြမ်းခင်း ဧရိယာ ၁,၂၀၀ စတုရန်းမီတာ ရှိပြီး ဧည့်အိမ် နှစ်လုံး သီးခြား ပါဝင်ပါတယ်။ ရေကူးကန်၊ တင်းနစ်ကွင်းတို့လည်း ပါတယ်။ ခြံစည်းရိုးပင် မြင့်မြင့်စိုက်ပျိုးထားလို့ ကိုယ်ရေးကိုယ်တာ လုံခြုံမှု အပြည့်ရှိတယ်။ ခြံဝင်းကျယ်တယ်။ ပန်းဥယျာဉ်လည်း ထားရှိတယ်။ 
၁၉၃၀ ပြည့်နှစ်လွန်ကာလ တည်ဆောက်ခဲ့တာ ဖြစ်ပြီး Bezos မနေခင်တုန်းက  Dreamworks ပူးတွဲထူထောင်သူ David Geffen နေထိုင်ခဲ့စဉ် ကန်ဒေါ်လာ ၄၅ သန်း ဝန်းကျင် အကုန်အကျခံပြီး ပြုပြင်မွမ်းမံခဲ့ပါတယ်။ 

 

 

 

Larry Ellison,
Co-Founder, CTO & former CEO, Oracle
တည်နေရာ Palm Beach, Florida
အိုးအိမ်အမည်  Ellison Mansion
 တန်ဖိုးဈေးနှုန်း US$80 million

Oracle ကို ထူထောင်သူနဲ့ ယခင်စီအီးအို ဖြစ်သူ Larry Ellison က Forbes မှ ထုတ်ပြန်တဲ့စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ နံပါတ်(၇) နေရာမှာ ရှိပါတယ်။ 
ရှေးဟောင်း ပရိဘောဂတွေ ထည့်ပေးထားတဲ့ ရေချိုးခန်း ၁၁ ခန်းပါတဲ့ အိမ်ကြီးမှာ အိမ်တွင်း ရုပ်ရှင်ရုံငယ်လည်း ရှိပါတယ်။ ဝိုင်ခန်းမလည်း ရှိတယ်။ ခြံဝန်းထဲမှာတော့ ရဟတ်ယာဉ်ကွင်း ရှိတယ်။ Larry Ellison က ကိုဗစ်ကာလမှာ လာရောက်နေထိုင်ခဲ့စဉ် ကိုယ်ပိုင် ရဟတ်ယာဉ်ဖြင့် အသွားအလာ လုပ်ခဲ့ပါတယ်။ 
သူက အိမ်ကြီးအိမ်ကောင်းတွေ ဝယ်ယူတာ ဝါသနာပါတယ်။ တခြားနိုင်ငံတွေမှာပါ အိမ်ကြီးအိမ်ကောင်းတွေ ဝယ်ထားတဲ့သူ ဖြစ်ပါတယ်။ 

 

 

 

Inside the Boxabl Casita. Image: Boxabl
Elon Musk, Founder & CEO, Tesla
တည်နေရာ Boca Chica, Texas
အိုးအိမ်အမည် Boxabl Casita
တန်ဖိုးဈေးနှုန်း  US$50,000


လျှပ်စစ်ကားနဲ့ အာသာသယာဉ်လုပ်ငန်းတွေ လုပ်ကိုင်သူ Elon Musk က သူပိုင်ဆိုင်တဲ့ အိမ်ကြီးအိမ်‌ကောင်း ခြောက်လုံးကို ရောင်းချပစ်ပြီး ဘောက်စ်အိမ်မှာ နေတယ်။ SpaceX အာကာယာဉ်စခန်းမှာ ထားရှိတဲ့ ဘောက်စ်အိမ်ငယ်မှာ နေထိုင်တာ ဖြစ်ပါတယ်။ သူက ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု ကြီးကြီးမားမားတွေလက်ထဲ မထားချင်တော့လို့ အိမ်ကြီးအိမ်ကောင်းတွေ ရောင်းထုတ်ပစ်လိုက်တာလို့ ဆိုပါတယ်။ 

ဘောက်စ်အိမ်အကြောင်း ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

အမှာစာ ၅၀,၀၀၀ စောင့်နေတဲ့ ဘောက်စ်အိမ်

 

 

 

Bill Gates, Founder & CEO, Microsoft
တည်နေရာ  Medina, Washington
အိုးအိမ်အမည်  Xanadu 2.0
တန်ဖိုးဈေးနှုန်း  US$130 million

Bill Gates က အိမ်ကြီးကို ၁၉၈၈ ခုနှစ်မှာ ကန်ဒေါ်လာ ၂ သန်း ဖြင့်ဝယ်ယူခဲ့တယ်။ အိမ်ကို စိတ်တိုင်းကျ ပြန်ဆောက်တာ ခုနစ်နှစ် ကြာတယ်။ ကန်ဒေါ်လာ ၃ သန်း ကုန်ကျတယ်။ အဆင့်မြင့် နည်းပညာတွေ တစ်အိမ်လုံး နေရာအနှံ့ တပ်ဆင်ထားတယ်။ 
ကျွေးမွေးဧည့်ခံဖို့ ခန်းမကျယ်လည်း ပါဝင်ပြီး ဧည့်သည် ၂၀၀ ဦးစာ နေရာကျယ်တဲ့ ခန်းမ ဖြစ်ပါတယ်။ ရေချိုးခန်းအိမ်သာ ၂၄ ခန်း ပါတယ်။ 
ခြံဝင်းထဲမှ ရေကူးကန်က အနွေးဓာတ် အပြည့်အဝ ပေးလို့ ရတယ်။ ရေအောက်ဂီတဖျော်ဖြေရေးစနစ်လည်း တပ်ဆင်ထားတယ်။

အိမ်ထဲမှာ ရုပ်ရှင်ရုံငယ်တစ်ခု ပါတယ်။ ဂေဟစနစ်နဲ့ မိတ်ဖက်ကျအောင်လည်း စီမံထားတယ်။ အိမ်တွင်း အပူချိန်၊ အလင်း စတာတွေ အလိုအလျောက် ထိန်းကျောင်းပေးနေတယ်။  နံရံတွေမှာ ပန်းချီပန်းပု လက်ရာတွေနဲ့ အလှဆင်ထားတယ်။ 

 

 

Chad Richison, 
Founder & CEO, Paycom
တည်နေရာ Malibu, California
အိုးအိမ်အမည်  Il Pelicano Estate
တန်ဖိုးဈေးနှုန်း  US$26.5 million

လစာစာရင်း ကိုင်တွယ်ပေးတဲ့ လုပ်ငန်းစဉ် ဖြစ်တဲ့  Paycom ကို ထူထောင်သူနဲ့ စီအီးအို ဖြစ်သူ Chad Richison က ပစိဖိတ်သမုဒ္ဒရာပြင်ကျယ်ကို အပေါ်စီးမှမြင်ရတဲ့ အိမ်ကို သူ့အတွက် အိုးအိမ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေ အပန်းဖြေနေရာ နှစ်ခု အနီးမှာ တည်ရှိတဲ့ အိမ်ကြီး ဖြစ်ပါတယ်။ 

ဒီဇိုင်းထုတ်ပြီး တည်ဆောက်ခဲ့တာ Liz Edlic ဖြစ်ပါတယ်။ သူက အရေပြားဆိုင်ရာ တန်ဖိုးကြီး အလှကုန် ဖြစ်တဲ့ Radical Skincare အမှတ်တံဆိပ် လုပ်ငန်းရဲ့ အမျိုးသမီးစီအီးအို ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက ကန်ဒေါ်လာ ၂ သန်း တန်တဲ့ ဗီလာစံအိမ်မှာ သူမ ပြည်ပခရီးစဉ်တွေမှာ ရှာဖွေ ဝယ်ယူစုဆောင်းထားတဲ့ ရှေးဟောင်းတံခါးတွေ တပ်ဆင်ခဲ့ပါတယ်။ 

Chad Richison က အဓိကအားဖြင့် အိုကလာဟိုးမား မြို့တော်မှ အိမ်မှာ အနေများပြီး ကမ်းခြေအိမ်ကိုတော့ စိတ်အပန်းဖြေ နေထိုင်ဖို့ သုံးစွဲတယ်လို့ ဆိုပါတယ်။ 

Global Tips Read 1372 times