ဟောင်ကောင်မိုးထိတိုက်တာတို့မှ ‘နဂါးပေါက်ကြီး’


20 October, 2021

ဟောင်ကောင်တွင် ဆောက်လုပ်ထားသော အချို့ မိုးထိတိုက်တာတို့တွင် နဂါးလမ်း မလွတ်သဖြင့် တိုက်အလယ်တွေ အပေါက်ကြီးကြီး ဖောက်ပေးထားရသည်။ မိုးထိတိုက်တာကို မြင်ရသူတို့အဖို့အကြောင်းမသိလျှင် တစ်မျိုးတစ်မည် ထူးဆန်းနေသည်ဟု ထင်မြင်မိစေသည်။ ပုံမှန်ပြုနေကျ မဟုတ်သော ဗိသုကာဒီဇိုင်းဖြစ်ပြီး ထိုအပေါက်သည် နဂါးများ ဖြတ်သန်းသွားလာရန် ဗိသုကာဒီဇိုင်းတွင် အပေါက်ကို တမင်ထည့်ပေထားကြရခြင်း ဖြစ်သည်။

 

ထိုအပေါက်တို့ကို နဂါးဂိတ်  “dragon gate” ဟု ခေါ်ဆိုကြပြီး တောင်ကုန်းထိပ်တွင် ကျက်စားသော နဂါးများသည် ရေထဲသို့ နေ့စဉ် ဆင်းကြသည်။ ညဘက်တွင် ပြန်လာကြသည်။ ထိုသို့ နဂါးများ လေထဲ ပျံသန်းစွားလာနေသည့် လမ်းကြောင်းအကြောင်းကို ဆုံးဖြတ်ပေးသည်မှာ တရုတ်ရှေးရိုးရာပညာ ဖန်းဆွေ feng shui ဖြစ်သည်။
မယုံကြည်နိုင်သူတို့အဖို့ မဟုတ်ကဟုတ်က ဟု ဆိုကြမယ်။ ယခုခေတ်အခါအရ လွဲချော်နေသည်မှာ အမှန်ပင် ဖြစ်သော်လည်း ဟောင်ကောင်တွင် ဖန်းဆွေကို အလေးအနက် ထားကြသည်။ တကယ်လိုက်နာကြသည်။ ဖန်း သည် လေကို ဆိုလိုပြီး လေသေကို မရည်ညွှန်း။ ရွေ့လျားနေသည့် လေထုကိုသာ ဆိုလိုသည်။ ဆွေသည် ရေကို ဆိုလိုသည်။ လေနှင့်ရေ နှစ်ပါးတို့အရ ဗိသုကာပုံစံကို အဆုံးအဖြတ်ပြုကာ အတည်ပြုပေးသည်။ 
မြန်မာနိုင်ငံတွင် ဖန်းဆွေကို ဖုန်းရွှေ ဟုလည်း အသံဖလှယ်၍ သုံးနှုန်းကြပါသည်။
 

ဖန်းဆွေရဲ့ အကွက် (၉) ကွက်အကြောင်း

(Know Feng Shui)

 


 

 

 

 

 

 

 

 

Architecture Read 817 times