Evergrande Group ဆောက်လုပ်ရေးရဲ့ အကြီးမားဆုံး အချက် (၆)ချက်


26 September, 2021

Evergrande Group ဟာ တရုတ်နိုင်ငံမှာ အရောင်းပမာဏအရ ဒုတိယ အကြီးမားဆုံး အိမ်ရာအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။ 
ယခုအခါ Evergrande မှာ ကြွေးမြီ ကန်ဒေါ်လာ ဘီလျံ ၃၀၀ ကျော် ရှိနေတဲ့အတွက် ကမ္ဘာပေါ်မှာ ကြွေးမြီအကြီးမားဆုံး အိမ်ရာအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။  တကယ်လို့ ကြွေးမြီတွေကို မဖြေရှင်းခဲ့ရင် ဖြစ်ပေါ်မဲ့ ဆောင့်လှိုင်းဂယက်က ကြီးမားပြီး တရုတ်စီးပွားရေးထဲ  ဂယက်ထကုန်လိမ့်မယ်လို့ ဆန်းစစ်သူတွေက ဆိုပါတယ်။ ကြွေးဆပ်နိုင်ဖွယ် မရှိဘူးလို့လည်း ယူဆထားကြပါတယ်။ 


Evergrande  က ရာချီတဲ့ ဘဏ်တွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေမှာ ငွေပေးဆပ်ဖို့ အကြွေးတွေ တောင်လိုပုံနေပြီး ကြွေးဆပ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် အဲဒီကုမ္ပဏီတွေလည်း အနည်းနဲ့ အများ Evergrande ပြိုလဲတဲ့ဒဏ်ကို မျှဝေခံစားကြရမှာ ဖြစ်ပါတယ်။ ဆန်းစစ်သူတွေ စိုးရိမ်နေကြတာက တကယ်လို့ Evergrande  ပြိုလဲကျရင် ထွက်ပေါ်မယ့် ဂယက်လှိုင်းက တရုတ်စီးပွားရေး တစ်နံတစ်လျားကို ရိုက်ခတ်မယ့်အပြင် ပြည်ပအထိပါ ရောက်ရှိနိုင်ပါတယ်။ 
Evergrande  ရဲ့ အိမ်ရာအဆာက်အဦ ဆောက်လုပ်ရေးလုပ်ငန်းဟာ အင်မတန်ကြီးမားတဲ့ လုပ်ငန်းကြီး တစ်ခု အဖြစ်သို့ ရောက်ရှိနေတာမှာ ‘ဧရာမ’ လို့ ဆိုရတဲ့ အချက် ၆ ချက် အဓိကအားဖြင့် တွေ့ကြရပါတယ်။ 

၁။ Evergrande က တရုတ်ပြည်မှာ အိမ်ရာစီမံကိန်း ၁,၃၀၀ ကျော်ကို ပိုင်ဆိုင်ထားတယ်။ 

အဲဒီစီမံကိန်းတွေကို တရုတ်ပြည်တစ်လွှားမှာ ဆောက်လုပ်နေတယ်လို့ ၎င်းရဲ့ ဝဘ်ဆိုက်မှာ တင်ပြထားပါတယ်။ အများစုက လူနေတိုက်ခန်းတွေ ပါဝင်တဲ့ မိုးထိတိုက်တာတွေ ဖြစ်ပါတယ်။ 

၂။ Evergrande  က အကြွေး ကန်ဒေါ်လာ ၃၀၀ ဘီလျံ တင်နေတယ်။ ကမ္ဘာပေါ်မှာ အကြွေးတင်နေတာ အကြီးမားဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်. 
အောက်ဖော်ပြပါ နိုင်ငံ (၅) ခုတို့မှာ တင်နေတဲ့ အမေရိကန်ဒေါ်လာ ဘီလျံချီ ကြွေးမြီတွေ စုစုပေါင်းနဲ့ ညီမျှတယ်။ 
၁။ ပီရူးနိုင်ငံ   ၉၃.၃ 
၂။ ဖိလစ်ပိုင်နိုင်ငံ ၉၇
၃။ အိုက်စ်လန်နိုင်ငံ ၂၀.၃
၄။ ဘူဂေးရီးယား ၄၆.၅
၅။ ပနားမား ၃၁.၇ 

၃။ Evergrande ဆောက်လုပ်ခဲ့တဲ့ အိုးအိမ်တိုက်ခန်း ၁၂ သန်းကျော်မှာ အိမ်ထောင်စုတွေ နေထိုင်နေကြတယ်။ 
Evergrande က တရုတ်နိုင်ငံ မြို့ကြီး ၂၈၀ မှာ ဆောက်လုပ်ရေး စီမံကိန်းတွေ လုပ်ကိုင်နေတယ်။ ဆောက်လုပ်ပြီးစီးခဲ့တဲ့ အိုးအိမ်တိုက်ခန်း ၁၂ သန်းကျော် ရှိပြီလို့ ၎င်းရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားတယ်။
မြန်မာနိုင်ငံမှာ အိမ်ထောင်စု ၁၁ သန်းနီးပါး ရှိတယ်။ 
တိုက်ခန်းတစ်ခန်း အိမ်ထောင်းစုတစ်စု နေမယ်ဆိုရင်တောင် လူမနေတဲ့ တိုက်ခန်း အလွတ်တွေ ကျန်နေသေးတယ်။

၄။ Evergrande လုပ်ကိုင်နေတဲ့ မြေဧရိယာ စုစုပေါင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ  စတုရန်းပေ ၇.၃ ဘီလျံ ရှိတယ်။ 
ရန်ကုန်မြို့ ဧရိယာက စတုရန်းပေ ၆.၂ ဘီလျံပဲ ရှိတယ်။ 

၅။ Evergrande မှ တိုက်ရိုက်အားဖြင့် နဲ့ သွယ်ဝိုက်သောအားဖြင့် ဖန်တီးထားတဲ့ အလုပ်အကိုင်  ၃.၈ သန်း ရှိတယ်။ 

Evergrande မှာ လုပ်ကိုင်နေတဲ့သူ ၂၀၀,၀၀၀ ဦးခန့် ရှိပြီး သွယ်ဝိုက်သောအားဖြင့် ဖန်တီးထားတဲ့ အလုပ်အကိုင် ၃.၈ သန်းရှိတယ်လို့ ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

၆။ Evergrande တင်ရှိနေတဲ့ ကြွေးမြီက တရုတ်နိုင်ငံ ဂျီဒီပီရဲ့ ၂ % နဲ့ ညီမျှပါတယ်။ 
တရုတ်နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် အကြမ်းတန်ဖိုး ( gross domestic product) က အမေရိကန်ဒေါ်လာ ၁၄. ၇ ထရီလီယံ ရှိပါတယ်။ Evergrande တင်ရှိနေတဲ့ ကြွေးမြီက အောက်ဖော်ပြပါ နိုင်ငံတွေရဲ့ ဂျီဒီပီထက် များပါတယ်။ 

ဖင်လန် အမေရိကန်ဒေါ်လာ ဘီလျံ ၂၇၁.၂
နယူးဇီလန်  အမေရိကန်ဒေါ်လာ ဘီလျံ ၂၁၂.၅
 ကာတာ အမေရိကန်ဒေါ်လာ ဘီလျံ ၁၄၆.၄
 ဟန်ဂေရီ  အမေရိကန်ဒေါ်လာ ဘီလျံ ၁၅၅

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

ပြိုလုလု Evergrande အင်ပါယာ

Tips Read 8593 times