Evergrande ရဲ့ ဆောက်လက်စ စီမံကိန်းတွေကို ဝယ်ယူဖို့ တိုက်တွန်း


29 September, 2021

ကြွေးမြီ အမေရိကန်ဒေါ်လာ ၃၀၅ ဘီလျံပေါ် ထိုင်ထားတဲ့  China Evergrande Group ပြိုလုလု ဖြစ်နေချိန်မှာ နိုင်ငံပိုင် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို  Evergrande ရဲ့ ဆောက်လက်စ အိမ်ရာတိုက်တာစီမံကိန်းတွေကို ဝယ်ယူဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်။ 
ဒေသဆိုင်ရာ အာဏာပိုင်တွေကို  Evergrande ရဲ့ ကြိုပွိုင့် ရောင်းရငွေတွေကို စီမံကိန်းအတွက် သုံးစွဲခြင်း မပြုဘဲ အခြားကိစ္စရပ်များအတွက် သုံးစွဲခြင်း မပြုအောင် ယုံအပ်ငွေစာရင်း (escrow account ) ကို အိုးအိမ်ဗျူရိုအမည်ဖြင့် ငွေစာရင်းဖွင့်ပြီ ထိန်းချုပ်ခိုင်းထားပါတယ်။

 Evergrande ရဲ့ ငွေကြေးအကျပ်အတည်းကို ဖြေရှင်းတဲ့အနေဖြင့်  ဆောက်လက်စစီမံကိန်းတွေကို နိုင်ငံပိုင်အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေက ဝယ်ယူပြီး ပြီးစီးသည့်အထိ ဆက်လက်ဆောက်လုပ်သွားရမယ့် အစီအစဉ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။ 

နိုင်ငံပိုင် လုပ်ငန်းတစ်ခု ဖြစ်တဲ့ Guangzhou City Construction Investment Group က Evergrande ရဲ့ ဆောက်လက်စ ဘောလုံးကွင်း FC Soccer stadium နဲ့တကွ ပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်ရာစီမံကိန်းတွေကိုပါ ဝယ်ယူဖို့ အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ 

ဘောလုံးအားကစားကွင်းက ကုန်ကျစရိတ် ယွမ် ၁၂ ဘီလျံ (ကန်ဒေါ်လာ ၁.၉ ဘီလျံ) ဝန်းကျင် ရှိပြီး ပရိသတ် ၁၀၀,၀၀၀ ထိုင်ကြည့်ဖို့အတွက် နေရာစီစဉ်ထားပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘောလုံးအားကစားကွင်းကြီး ဖြစ်လာမယ့် အဆောက်အဦ ဖြစ်ပါတယ်။ 

Evergrande က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြည်ပ ငွေချေးစာချုပ်ပိုင်ရှင်တွေကို အတိုး ၈၃.၅ သန်း ပေးဖို့ ရက်စေ့နေပြီ ဖြစ်ပေမဲ့ မပေးနိုင်ခဲ့ဘူး။ ငွေချေးစာချုပ်တွေအတွက် နှစ်စဉ်အတိုးပေးချေခြင်းဖြစ်တဲ့ coupon payment ကိုလည်း မပေးနိုင်ခဲ့ဘူး။ 

တရုတ်အစိုးရအနေဖြင့် ကြိုပွိုင့် ဝယ်ယူထားတဲ့ အများပြည်သူတွေအတွက် ဦးစားပေး စဉ်းစားလုပ်ကိုင်လျက် ရှိပြီး ဘဏ်စနစ်ထဲ ငွေမကျပ်အောင် ဗဟိုဘဏ်က ငွေဖြည့်ထည့်ပေးနေပါတယ်။ 

 

ဆက်လက်ဖတ်ရှုရန် ခေါင်စဉ်ငယ်ကို ထိပါ
Evergrande ကို လူနေတိုက်ခန်း စီမံကိန်း ပြီးစီးရေး ဦးစားပေးရန် ညွှန်ကြား

Public Housing Read 3001 times