ကွန်ကရစ်လောင်းရာတွင်သိထားသင့်သည့်အချက်များ


20 December, 2020

concrete projects ကြီးများကို မှန်ကန်စွာဆောင်ရွက်နိုင်ရန် အခြေခံသဘောတရား(12) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

1.Site clearing

Site သန့်ရှင်းရေးဆိုသည်မှာမြေကြီးပေါ်မှာ ကွန်ကရစ်လောင်းမည့်အခါ ထိုမြေကြီးထဲမှာရှိသည့် မြက်၊ ကျောက်၊ သစ်ပင်၊

ကွန်ကရစ်အကျိုးအပဲ့များ အစရှိသည်တို့ကို မြေကောင်းပေါ်လာသည်အထိ တူးဖော်ပေးရပါမည်။

လမ်းခင်းသူများအနေဖြင့် အောက်တွင် soft pit ရှိနေပါက ပြုပြင်ပြီးမှကွန်ကရစ်လောင်းရပါမည်။

formwork ရိုက်ထားသည့် ကြမ်းခင်းများကို slab လောင်းပါကအပေါ်တွင်ရှိနေသည့် အမှိုက်အတိုအစများကို ဖယ်ရှားပြီးမှလောင်းရပါမည်။

 

2. Subbase and subgrade preparation

အရင်ဆုံးအောက်ခံကိုပြုပြင်ရပါမည်။

Subbase ဆိုသည်မှာလမ်းခင်းသည့်အခါ အောက်ခံအခင်းကိုခေါ်ခြင်းဖြစ်ပါသည်။

Concrete rest လုပ်ဖို့အတွက် subbase ခင်းရခြင်းဖြစ်ပါသည်။

subbase အဖြစ်ကျောက်စေံ၊ ဂဝံစေ့များကို ခင်းပြီးအသုံးပြုလေ့ရှိပါသည်။

မိမိကွန်ကရစ်ခင်းမည့်မြေအမျိုးအစားသည် ကျစ်လစ်တည်ငြိမ်သည့် မြေမျိုးဖြစ်ပါက subbase သီးသန့်ခင်းရန်မလိုအပ်တော့ပါ။

subgrade ဆိုသည်မှာSubbase အောက်က မြေကြီးကို ခေါ်ခြင်းဖြစ်ပါသည်။

မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီးဆိုသော subgrade ကောင်းရင်ကောင်းသလောက်၊ ပျက်စီးချို့ယွင်း ခြင်းမရှိပေ။

ထို့ကြောင့် အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်းပါက slab formwork မှာ subbase ဖြစ်ပြီး formwork supported prop က subgrade ဖြစ်ပါသည်။

ထို့ပြင် subgrade သည် ရွေ့နေခြင်း၊ကျင်းနေခြင်း၊လှုပ်ရှားနေခြင်းများဖြစ်နေမည်ဆိုပါက သွန်းလောင်းလိုက်သည့် ကွန်ကရစ်သည်လည်း၊

subgrade ကဲ့သို့ရွေ့လျားနေမည်ဖြစ်သည်။

ထို့ကြောင့် subbase မခင်းမှီ subgrade ကို ငြိမ်နေအောင်၊ သိပ်သည်းကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဖို့လိုပါတယ်။

ထိုသို့ဖြစ်နေစေရန် မြေကြီးကို၊ CBR 5 ရအောင်ကြိတ်ရမည်ဖြစ်သည်။

မြေကြီးကို CBR 5 ရအောင် ကြိတ်ရန် အခက်အခဲရှိပါက open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကို

အသုံးပြု ပြီး subgrade တည်ဆောက်ရပါမည်။ 6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည်ဆိုပါက

ကျောက်တုန်းများအကြားမှ ရေအလွယ်တကူ စီးထွက်သွား စေနိုင်ပါသည်။

သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးသလောက်တော့ compaction မကောင်းနိုင်ပါ။

Subgrade ပြီးတဲ့အခါsubbase ခင်းရမည်ဖြစ်သည်။

အဆောက်အဦးမှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ hard-core ရိုက်ခြင်းဖြစ်ပါသည်။

hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးသည့်အခါ hand tamper ဖြင့်ဖြစ်စေ၊

plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။

Plate compactors အပေါ်ယံမြေသားကိုသာသိပ်သည်းကျစ်လစ်မာကြောစေတတ်သောကြောင့်လိုအပ်ပါက

ပိုမိုကြီးမားသော စက်ကိရိယာများကို အသုံးပြုရန်လိုပါ သည်။

 

3. Formwork preparation -

ပုံစံခွက်၊ ပြုလုပ်တပ်ဆင်ခြင်း။

ကောင်းစွာတည်ဆောက်ထားသောပုံစံခွက်ကောင်းတခုသည် concrete သားကောင်းကောင်းကိုရရှိစေမည်ဖြစ်သည်။

ပုံစံခွက်ကောင်းတခုသည် အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန်ရမည် ဖြစ်သကဲ့သို့၊

အနိမ့်အမြင့် မှန်ကန်ဖို့လိုအပ်ပါသည်။ အတိုင်းအတာမှန်ကန်အောင် မှန်ကန်သောပေကြိုးကိုလည်းကောင်း၊

ထောင့်ကျဉ်းထောင့် ကျယ်မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊

အနိမ့်အမြင့်မှန်ကန်အောင် ပေကြိုးကိုလည်း ကောင်း အတိန်းအစောင်းမဖြစ်အောင်

ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန်တို့ကိုလည်းကောင်းအသုံးပြုရမည် ဖြစ်ပါသည်။

 

4. Rebar installation

မိမိသွန်းလောင်သောကွန်ကရစ်သည်ကားလမ်းကဲ့သို့၊ heavy load-bearing structure ဖြစ်ပါကသွန်လောင်းမည့်

ကွန်ကရစ်ထဲတွင်rebar ထည့်မည် သို့မဟုတ်wire mesh ထည့်မည်ကိုဆုံးဖြတ်ရပါမည်။

အလေးဝန်ချိန်များစွာထမ်းဆောင်ရန်မလိုအပ်သော ကွန်ကရစ် သွန်းလောင်းမည်ဆိုပါက mesh ဖြစ်စေ rebar ဖြစ်စေထည့်ရန်မလိုပါ။

သို့သော် mesh ကိုဖြစ်စေ rebarကိုဖြစ်စေအသုံးပြုမည်ဆိုပါက ဘာကြောင့်အသုံးပြု ရသည်။ ဘယ်လိုကောင်းကျိုးများရှိသည်၊

ဘယ်လို ဆိုးကျိုးများရှိသည်တို့ကို နားလည်သဘောပေါက်ထားရန်လိုအပ်ပါသည်။


Wire mesh သည် ဝရိန်တို့ထားသောကြောင့် ပိုပြီးတည်ငြိမ်ပါသည်။ အက်ကြောင်းငယ်များ၊

မဖြစ်ပေါ်အောင် ကာကွယ်ပေးပြီးဖြစ်ပေါ်လာသော အက်ကြောင်းများကိုလည်း တိုးပွားမလာအောင် ထိန်းသိမ်းစောင့်ရှောက်ပေးပါသည်။

သို့သော်လည်း ကြံ့ခိုင်သည့် structural တခု တည်ဆောက်ဖို့တော့၊ လုံလောက်သော စွမ်းအားမရှိပါ။

Rebar ကတော့၊ load များများကို ထမ်းနိုင်သော structure ရအောင် တည်ဆောက်နိုင်ပါသည်။

သို့သော် ဖြစ်ပေါ်လာသောအက်ကြောင်းများကို သေးငယ်သွားအောင်တော့ rebar ကမစွမ်းဆောင်နိုင်ပါ။

 

5. Concrete mixing-

ကွန်ကရစ်ဖျော်စပ်ခြင်း။

ကွန်ကရစ်ဆိုသည်မှာဘိလပ်မြေ၊သဲနှင့် ကျောက်စရစ် သို့မဟုတ် ချီပင်ကျောက်တို့ကို 1:2:4, 1:3:6 စသဖြင့်အချိုးကြပေါင်းစပ်ရောနှောထားခြင်းဖြစ်ပါသည်။

ထိုသို့ ရောစပ်မွှေသမထားသော အခြောက်စပ်ကို တခုနှင့်တခု တွဲကပ်သွားစေရန် ရေရောထားသော အရောအနှော ဖြစ်ပါသည်။

ရေကို သတ်မှတ်ထားသော အတိုင်းအတာအထိသာထည့်သွင်းရောစပ်ရပါ မည်။

ရေများလျှင်လုပ်ရကိုင်ရလွယ်ကူသွားသော်လည်း ကွန်ကရစ်စွမ်းအားကို ကျ ဆင်းစေပါသည်။

ရေနဲနဲ ဖြင့်ရောစပ်ထားသော ကွန်ကရစ်သည် ကွဲအက်မှုကို ပိုမိုခံနိုင်ပါသည်။

စက်ဖြင့်ဖျော်စပ်သည့်ဖြစ်စေ၊ လက်ဖြင့် ရောစပ်သည်ဖြစ်စေ၊ ပါဝင်ပစ္စည်း များ တသမတ်တည်း ဖြစ်လာသည်အထိ မွှေရန်လိုအပ်ပါသည်။

လက်ဖြင့်ရောစပ်သည့်အခါ သဲနှင့်ဘိလပ်မြေကို ဦးစွာ သမအောင် ရောစပ်ရပါမည်။

ထို့နောက် ကျောက်ထည့် ပြီး ဒုတိယအကြိမ် သမအောင် ရောစပ်ရပါမည်။

ထို့နောက် ရောစပ်ထားသည့် အပုံကို ပြားပြီး၊ ရေပန်းခရား ဖြင့် ရေကို ထည့်ရပါ့မည်။

ထို့နောက် သမအောင် ပြုလုပ်ရပါမည်။

စက်ဖြင့်ရောစပ်သည့်အခါ စက်ကိုလည်ထားပြီး ရေကို အနည်းငယ်လျော့ပြီး ဦးစွာထည့်ရပါသည်။

ထို့နောက် ကျောက်ထည့်ရပါ သည်၊ ထို့နောက်သဲထည့်ရပါသည်။

၎င်းတို့ သမသွားသောအခါ ဘိလပ်မြေထည့်ရပါသည်။

ထို့နောက် ကွန်ကရစ် တသားထဲဖြစ်သွားသည်အထိ ရေကို ချိန်ညှိထည့်ပေးရပါမည်။

 

6.Concrete puring-

ကွန်ကရစ်သွန်းလောင်းခြင်း။

ကွန်ကရစ်လောင်းတဲ့အခါ ရွက်လုံးနဲ့လည်း ငှဲ့ချတတ်ပါသည်။

Bucket နဲ့းမယူလာပြီး ဖွင့်ချတတ်ပါသည်။

Truck မှာပါတဲ့ လျှောဇလားနဲ့လည်း လျှေကျလာတတ်ပါသည်။

Stationary pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတတ်ပါသည်။

Boom pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတတ်ပါသည်။

ထို့နောက်မြန်မြန်ပြီးအောင် ဂေါ်ချွန်၊အသွားပါသောဆွဲဂျုတ်၊ တံချူ တို့နဲ့ ဆွဲဖြန့်ရပါမည်။

တံချူ ဆိုသည်မှာspreader ဖြစ်ပါသည်။ အကြမ်းအားဖြင့် ညီသွားပြီဆိုပါလျှင် စည်းကမ်းနည်းလမ်းအတိုင်း vibrator ရပါမည်။

 

7. Screed the top of the concrete.

Screed လုပ်သည်ဆိုသည်မှာ ပါရာတုန်းကလေးတေပေးပြီးမှ နံရံမှာ ပလာစတာကပ်ပြီး ချောခြင်း၊ topping လောင်းခြင်းဖြစ်ပါသည်။

ထို့အပြင် သစ်သားချောင်းဘေး၂ဖက်ခံပြီး အလယ်ကွန်ကရစ်ကို ပတ်တန်းဖြင့်ရိုက်ရပါသည်။

သစ်သားချောင်းအစား aluminium square pipe များ၊ hollow pipe များကိုလည်းအသုံးပြုနိုင်ပါသည်။

အင်ဂျင်နီယာများသညထိုပါရာတုန်းများ၊ ပတ်တန်းများကို စိတ်ဝင်စားရင် စိတ်ဝင်စားသလို၊အလုပ်သမားများကလည်း

ကျွမ်းကျင်လျှင်ကျွမ်းကျင်သလို ကွန်ကရစ်ကြမ်းသည့်စံချိန်စံညွန်းပြည့်မှီပြီး

လက်ရာကောင်းကို ရရှိနိုင်သည့်အပြင် ကုန်ကျစရိတ်ကိုလည်းများစွာလျှော့ချနိုင်ပါသည်။

 

8. Trowelling -လက်ပွတ်နဲ့ ဖိသိပ်ချောပါ။

ထို့နောက် cover guide rail ကိုအမှီပြု ပြီးမျဉ်းတန်နဲ့ ရိုက်တုန်းနဲ့ ရိုက်ညှိ ဆွဲရပါမည်။

ထိုအခါ level အလိုက်compacted ကြမ်းချောရပါမည်။

ထို level အလိုက်ကြမ်းချောကို ချောညက်သွားရန်နှင့် compaction ထပ်ရရန်အတွက် လက်ပွတ်နဲ့ ဖိသိပ်ဆွဲဖွတ်လုပ်ရပါ့မည်။

ထိုအခြေအနေသည်အလွန်လက်ဝင်သည့်အတွက် ကွန်ကရစ်မအိပ်ခင် ပြီးအောင်လုပ်ဖို့ သွက်သွက်လုပ်ဖို့လိုပါသည်။

Floating process - လက်ပွတ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ လုပ်ငန်းစဉ် ၂ - မျိုးရှိပါတယ်။ ပထမ တခုကတော့ bull float လို့ခေါ်သည့် လက်ပွတ်ကြီးနဲ့ပွတ်ခြင်းဖြစ်ပါသည်။

ရည်ရွယ်ချက်မှာ course aggregate များကို အောက်သို့ရောက်သွားအောင် ရိုက်ချလိုက်ပြီး အပေါ်ကို အနှစ်တက်လာအောင် ဖြစ်ပါတယ်။

bull float ကို ဆွဲတဲ့အခါ မိမိဘက်ကို ကြွစေပြီး၊ တွန်းတဲ့အခါ ရှေ့ဘက်ကို ကြွစေမှာဖြစ်ပါတယ်။

magnesium hand float သည်လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ ထို bull float ကြီးနဲ့ ချောညှိပြီးတဲ့နောက်တွင်

water bleeding ဖြစ်လာသည့်အခါ၊ hand float နှင့် တံမျက်စည်း လှဲသလို လှဲပြီး ထွက်လာသည့်ရေတွေကို

လိုချင်သည့်နေရာရောက်အောင်ပွတ်ရမည် ဖြစ်သည်။

 

9. Make control joints

Rebar မပါသော၊ ကွန်ကရစ်ကြမ်းခင်းများခင်းတဲ့အခါ၊ ကွဲတတ်သောကြောင့် groover ဖြင့် ၅ပေ လောက် ၆ပေ လောက်

ကွန်ကရစ်အထူအပါးပေါ်မူတည်ပြီး ခြားခြားပြီး ဖြတ်ပေးရပါမည်။

ကွန်ကရစ်လမ်းမှာတော့အထူ ၈-လက်မလောက် ရှိသည့်အတွက် ၂၅ - ပေလျှင် contraction joint တခုစီနှင့်

ပေ ၁၀၀ လျှင် expension joint တခုစီ ထည့်ကြပါသည်။

groover နဲ့ခွဲသည့်အခါ ညီညီညာညာ ကြည့်ကောင်းစေရန်သစ်ဖြင့်ဖြစ်စေ၊ အလူမီနီယံနဲ့ဖြစ်စေ ပြုလုပ်ထားသော

straight edge နဲ့ ဖိပြီးမှ ခွဲရပါ့မည်။ ကွန်ကရစ်ထုရဲ့ ၄ပုံ ၁ပုံ နက်အောင် ခွဲပေးရမှာဖြစ်ပြီး အပူအအေးပြောင်းလဲပါက

ကွန်ကရစ်ကွဲသည့်အခါ ထိုနေရာက ကွဲအောင် စီမံထားသည့်အတွက် control joint လို့ခေါ်ခြင်းဖြစ်ပါသည်။

contraction joint ဆိုသည်မှာအေးရင်ကွဲဖို့ဖြစ်ပြီး၊ expension joint ဆိုတာ ပူရင်ဆန့်ဖို့ ဖြစ်ပါတယ်။

 

10. Create traction -

တံမြတ်စည်းတစ်ချောင်းဖြင့်ကွန်ကရစ်မျက်နှာပြင်တွင်မိမိနှစ်သက်ရာ ဒီဇိုင်းအမျိုးမျိုးပေါ်လာအောင်ပုံဖော်လှည်းကျင်းနိုင်ပါသည်။

ထိုသို့ လှည်းကျင်ပုံဖော်ထားခြင်းဖြင့် မိုးရာသီတွင် ကွန်ကရစ်ကြမ်းခင်းများ ရေ စိုသောအခါ ချေချော်ခြင်း မဖြစ်နိုင်တော့ပါ။

နဲနဲသာ ကြမ်တမ်းသော မျက်နှာပြင်ကို အလိုရှိပါက soft brush - ဘရပ်ပျော့ပျော့လေးကို အသုံးပြုနိုင်ပါသည်။

မျက်နှာပြင်ချောချောကို အလိုရှိပါက သံလက်ပွတ်ဖြင့် ဝိုက်ပြီး တော့ပွတ်ပေးနိုင်ပါသည်။

မျက်နှာပြင်မှာ ရေတင်နေလို့ groove - ဂျိုင့်မြောင်းကလေးများ ဆွဲမည်ဆိုပါကသိပ်အနက်ကြီးမဆွဲရပါဘူး။

တံမြတ်လှဲတဲ့အခါ ကျောက်စရစ်ခဲများပါမလာအောင် အချိန်မစောင့်ဘဲ လောပြီးတော့မလှဲသင့်ပါဘူး။

ထိုသို့ကျောက်စရစ်ခဲများပါလာမည်ပါက magnesium floater လက်ပွတ်နဲ့ ပြန်ချောပြီးမှ အချိန်နဲနဲ ထပ်စောင့်ပြီး တံမြတ်လှဲပုံဖော်ရမည်ဖြစ်သည်။

 

11. Cure and seal the concrete.

curing အမျိုးမျိုးရှိသည့်အနက်ရေလောင်းပြီး curing ပြုလုပ်မည်ဆိုပါကကွန်ကရစ်သွန်းလောင်းပြီးနောက် ၂၈ - ရက် အထိပြုလုပ်သင့်ပါသည်။

သို့သော်လည်း ၇ ရက်တောင် အနိုင်နိုင် ရေလောင်းပြီး curing ပြုလုပ်ကြပါသည်။

မည်သို့ပင်ဆိုစေကာမူ ကွန်ကရစ်လောင်းပြီးပြီးခြင်းမည့်သည့်အချိန်တွင် ဦးစွာ curing ပြု လုပ်မည်ဟု ဆုံးဖြတ်ခြင်းသည် အရေးကြီးပါသည်။

ပညာရှင်ပီပီ ဆောင်ရွက်ခွင့်ရသော လုပ်ငန်းများတွင်၊ အထဲကရေကလည်း အပြင်ထွက်မသွားစေသော အပြင်ကရေက လည်း အထဲ ဝင်မလာစေနိုင်သော၊

sealing - ခေါ်၊ ရေလုံစေတပ်သော၊ အတားအဆီးကို၊ ကွန်ကရစ် သွန်းလောင်းပြီးလျှင်ပြီးခြင်းစောလျင်စွာဆောင်ရွက်နိုင်ခြင်း

 

12. Maintain your concrete.

လောင်းထားသောကွန်ကရစ်သည်ကောင်းမွန်နေပါကပြု ပြင်ထိန်းသိမ်းဖို့ လိုအပ်ပါသည်။

အနည်းဆုံးတော့ ဆပ်ပြာရည်ဖြင့်ပွတ်တိုက်ဆေးကြောပေးခြင်းဖြင့်သန့်ရှင်းသပ်ရပ်သည့် ကွန်ကရစ်ကြမ်းခင်းကို မြင်ရတွေ့ရမည်ဖြစ်ပါသည်။


၅ - နှစ်တကြိမ်လောက် seal coat တင်ပေးမည်ဆိုပါက ကွန်ကရစ်အသားထည်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။

Price List Tips Read 1489 times