တရုတ်နိုင်ငံက လက်ရှိ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကို ၂ ဆ တိုးချဲ့မည်


18 October, 2021

တရုတ်နိုင်ငံက လက်ရှိ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကို ၂၀၃၅ ခုနှစ်မတိုင်ခင်မှာ ကွန်ရက်ရဲ့ စုစုပေါင်းအလျားကို နှစ်ဆတိုးချဲ့ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ 

တရုတ်နိုင်ငံက မြန်နှုန်းမြင့်ရထားခေတ်ထဲကို ဝင်ရောက်နေပြီး မြန်နှုန်းမြင့် ရထားလမ်း ဆောက်လုပ်ရေးက စီးပွားရေးကြီးထွားအောင် နှိုးဆွပေးတယ်လို့ သုတေသီအချို့က ရှုမြင်ကြပါတယ်။ 

တရုတ်နိုင်ငံ မြန်နှုန်မြင့်ရထားလမ်း စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဂြိုဟ်တုဓာတ်ပုံများအရ မြို့ပေါင်း ၁၈၀ တို့ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်မှာ ချိတ်ဆက်ထားပါတယ်။ ဘူတာရုံပေါင်း ၅၂၇ ရုံ ရှိပါတယ်။ 

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ မြန်နှုန်းမြင့် ရထားဘူတာရုံ တည်ရှိတာကြောင့် ဒေသရဲ့ စီးပွားရေးကို ၉ % နီးပါး မြင့်တက်စေပြီး ဘူတာရုံပတ်ပတ်လည် ၄ ကီလိုမီတာ(၂.၅ မိုင်)အတွင်း အကျိုးရရှ်စေတယ်။ 
တရုတ်နိုင်ငံအလယ်ပိုင်းမှာတော့ ဒေသစီးပွားရေးကို ၃.၆ % မြင့်တက်စေပြီး အရှေ့မြောက်ပိုင်းမှာတော့ ၄.၄ % မြင့်တက်စေတယ်လို့ သုတေသီတွေက အဆုံအဖြတ်ပြုကြပါတယ်။ 

 

ပြီးခဲ့တဲ့ ၁၅ နှစ်တာအတွင် တရုတ်နိုင်ငံက မြန်နှုန်းမြင့် ရထားလမ်း အလျာ ၃၈,၀၀၀ ကီလိုမီတာ နီးပါး ဆောက်လုပ်ခဲ့ပါတယ်။
ကျည်ဆံရထားတွေက တစ်နာရီ ကီလိုမီတာ ၃၅၀ အထိ မြန်အောင် ခုတ်မောင်းနိုင်စွမ်း ရှိကြပါတယ်။ 

ကွန်ရက်ရဲ့ ပထမအဆင့်ကို တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ စတင်ခဲ့ပါတယ်။ အရှေ့ပိုင်းမှာ လူဦးရေ သိပ်သည်းမှု ပိုများပြီး စီးပွားဖွံ့ဖြိုးမှုလည်း ပိုမြင့်မားပါတယ်။ မြို့တွေက သူတို့မြို့မှာ ဘူတာရုံ ထားရှိဖို့ အပြိုင်အဆိုင် တောင်းဆိုခဲ့ကြပါတယ်။ ဘူတာရုံရှိရင် စီးပွားရေး ကောင်းမှာကြောင့် ယခုလို လိုချင်ကြတာ ဖြစ်ပါတယ်။ 
လတ်တလောမှာ လူဉီးရေ သိပ်သည်းမှု နည်းတဲ့ ဒေသတွေမှာ ကွန်ရက်အတွက် ရထားလမ်းများ ဖောက်လုပ်နေပါတယ်။ ၂၀၃၅ ခုနှစ်ရောက်တဲ့အခါ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်ရဲ့ အလျားစုစုပေါင်း ၇၀,၀၀၀ ကီလိုမီတာ ရှိဖို့ မျှော်မှန်းထားပါတယ်။ 

တရုတ်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်က တရုတ်ပြည်တွင်းမှာတင် အဆုံးမသတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံများဆီသို့ပါ လက်တံများ ဆန့်ထုတ်မှာ ဖြစ်ပါတယ်။ 
အဲဒီအကြောင်းကို ယခင်ဖော်ပြပြီးဖြစ်တဲ့ သတင်းဆောင်းပါးမှာ ဖတ်ရှုနိုင်ရန်
ခေါင်းစဉ်ငယ်ကို ထိပါ

လာအို-တရုတ် ရထားလမ်း ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်

 



 

Tips Read 224 times