လာအို-တရုတ် ရထားလမ်း ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်


06 October, 2021

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ဖို့ လျာထားတဲ့ လာအို-တရုတ် ရထားလမ်းပေါ်မှာ ထားရှိမယ့် ဘူတာရုံများ အားလုံးနီးပါး တည်ဆောက်ပြီးစီးပြီ ဖြစ်ပါတယ်။ 
နောက်ဆုံးတည်ဆောက်ပြီးစီးခဲ့တဲ့ ဘူတာရုံက ဗီယင်ကျန်း ပြည်နယ်ရှိ ကာစီဘူတာရုံကို ဖြစ်ပြီး စက်တင်ဘာလကုန်မှာ တရားဝင် ဖွင့်လှစ်ပြသခဲ့ပါတယ်။ 


၎င်းဘူတာရုံကို  China Railway Construction Group မှ ဆောက်လုပ်ပါတယ်။ ဘတ်စ်ကားစတေရှင်နဲ့ ဆင်ဆင်တူတဲ့ ဒီဇိုင်းကို သုံးထားပြီး ခရီးသည် ၁၅၀ အထိ တစ်ပြိုင်တည်း သုံးစွဲနိုင်ပါတယ်။ 

ဘူတာဝင်းက အကျယ် ၁၄၉၈.၇ စတုရန်းမီတာ ရှိပြီး လာအို ရိုးရာဗိသုကာနဲ့ တရုတ်ရိုးရာဗိသုကာတို့ကို ပေါင်းစပ်ထားတဲ့ စတိုင် ဖြစ်ပါတယ်။ 
ဆောက်လုပ်ရေး ကုမ္ပဏီက ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပုံစံထုတ်တဲ့ Building Information Modeling (BIM)  နည်းပညာကို သုံးစွဲထားပါတယ်။ ကိုဗစ်ကာလနဲ့ မိုးရာသီတို့ကြောင့် နှောင့်နှေးမှုများ ရှိခဲ့သော်လည်း ပြီးစီးဖို့ လျာထားတဲ့ ရက်ထက် ၁၅ ရက် ပိုစောပြီး ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ 

 

လာအို-တရုတ် ရထားလမ်းဟာ ခါးပတ်လမ်းရဲ့ အပိုင်းတစ်ခု ဖြစ်ပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံကို ရထားလမ်း အချိတ်အဆက် ရှိနေစေမှာ ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကွမ်မင်းနဲ့ ချိတ်ဆက်ပေးထာမယ့် ရထားလမ်း ဖြစ်ပါတယ်။ လာအိုနိုင်ငံဘက်မှာတော့  ဗီယင်ကျန်းမှာ ရထားလမ်း အဆုံးသတ်ပါတယ်။ 

 


နောက်ထပ်ဖောက်လုပ်မယ့် ရထားလမ်းပိုင်းကတော့ တောင်ဘက်သို့ ဖောက်လုပ်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် စင်ကာပူနိုင်ငံအထိ ရောက်ရှိမှာ ဖြစ်ပါတယ်။ 
လူစီးရထားများအတွက် ဘူတာရုံ ၁၀ ခု ထားရှိပြီး ကုန်တင်ရထားများအတွက် ဘူတာရုံ ၂၂ ခု ထားရှိပါတယ်။ 

လာအို- တရုတ် ရထားလမ်းက အရှည် ၄၂၂.၄ ကီလိုမီတာ ရှိပါတယ်။ 


ရထားလမ်း ဖောက်လုပ်ရေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့ပြီး ဆောက်လုပ်ရေး ကုန်ကျစရိတ်က ယွမ် ၃၇.၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၅.၉၈၆ ဘီလျံ ဖြစ်ပါတယ်။ 

သယ်ယူပို့ဆောင်စရိတ်က ကားလမ်းဖြင့် သယ်ယူပို့ဆောင်တာထက် ရထားဖြင့် သယ်ယူပို့ဆောင်တာက ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ သက်သာတယ်လို့ ဆိုပါတယ်။ 
 

Region Read 738 times