ဘတ် ၁ ထရီလီယံ ကုန်းမြေတံတား စီမံကိန်း နိုင်ငံတကာ တင်ဒါခေါ်ယူမည်


19 December, 2023

ဘတ် ၁ ထရီလီယံ ကုန်းမြေတံတား စီမံကိန်း နိုင်ငံတကာ တင်ဒါခေါ်ယူမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံသည် မလက္ကာရေလက်ကြား လမ်းလွဲ ဖြတ်လမ်းအဖြစ် အသုံးပြုနိုင်မည့် ဘတ် ၁ ထရီလီယံတန် ကုန်းမြေတံတား Landbridge စီမံကိန်းအတွက် နိုင်ငံတကာ တင်ဒါခေါ်ယူရန် စီစဉ်ထားသည်။

ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဝီဆင်သည် အမေရိကန်၊ တရုတ်နှင့် အရှေ့အလယ်ပိုင်း‌ေဒသတို့မှ အလားအလာရှိသော ရင်းနှီးမြုပ်နှံသူများကို စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြပြီး စီမံကိန်းတွင် ပါဝင်ကြရန် စည်းရုံးခဲ့သည်။

ရေကြောင်းကုန်စည် တင်ပို့သူများ၊ ထောက်ပံ့ပို့ဆောင်ရေး အော်ပရေတာများ၊ ဆိပ်ကမ်းမန်နေဂျာများ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိးရေး လုပ်ကိုင်သူများ၊ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများ ပါ၀င်မည်ဖြစ်သည့် တင်ဒါအနိုင်ရသောလုပ်ငန်းစုအား နှစ် ၅၀ လုပ်ပိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ထိုင်းပို့ဆောင်ရေးဝန်ကြီး Suriya Juangroongruangkit က တနင်္လာနေ့ (ဒီဇင်ဘာ ၁၈ ရက်) တွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများအား တိုကျို၌ ပြောကြားခဲ့သည်။

ကုန်းမြေတံတား Landbridge ဟု ခေါ်တွင်သည့် စီမံကိန်းကို ၂၀၂၅ ခုနှစ်မှ ၂၀၄၀ ခုနှစ်အထိ အဆင့် ၄ ဆင့်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၄ နှစ်အကြာတွင် အရင်းကြေမည်ဟု ၎င်းက ပြောကြားသည်။

ကုန်းမြေတံတားသည် ထိုင်းနိုင်ငံကို နိုင်ငံတကာ ကုန်သွယ်ရေးတွင်  အဓိကအချက်အချာကျသော ဖြတ်သန်းသွားလာရာ နေရာတခု ဖြစ်လာစေမည်။ 
စီမံကိန်းတွင် ပင်လယ်ရေနက်ဆိပ်ကမ်း နှစ်ခု ပါဝင်မည်။ အမြန်လမ်းမ ကွန်ရက်၊ ရထားလမ်း ကွန်ရက်တို့ ပါဝင်မည်။ 


 'ကုန်းမြေတံတား'မဟာစီမံကိန်းကြီး
https://www.buildersguide.com.mm/article/land-bridge.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပ


စီမံကိန်းကြီး ပြီးစီးသည်နှင့် သင်္ဘောများသည် မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်မည်။ ခရီးကြာချိန် 
ပျမ်းမျှ လေးရက် လျော့နည်းမည်။ ပို့ဆောင်ခ ၁၅ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်သည်။

စီမံကိန်း အကောင်အထည်ဖော်ရာတွင် လွယ်ကူချောမွေ့စေရန် အစိုးရကလည်း ဥပဒေအသစ်တစ်ရပ် ပြဋ္ဌာန်းရန် စီစဉ်နေကြောင်း၊ စီမံကိန်းဧရိယာနှင့် ကပ်လျက်နေရာများလည်း အကျုံးဝင်မည်ဖြစ်ကြောင်း Suriya က ပြောကြားခဲ့သည်။


ဝန်ကြီးချုပ် ဆာရက်သာက အဆိုပါ စီမံကိန်းကြီးသည် အလုပ်အကိုင်ပေါင်း ၂၈၀,၀၀၀ ဖန်တီးပေးမည်ဖြစ်ပြီး အပြည့်အဝအကောင်အထည်ဖော်ပြီးသည့်အခါတွင် ထိုင်းနိုင်ငံ၏ တစ်နှစ်တာ စီးပွားရေးကြီးထွားမှုနှုန်းကို ၅.၅ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ထောက်ကူပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ 

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး နိုင်ငံ့စီးပွားရေးဖြစ်သည့် ထိုင်းနိုင်ငံသည် ယမန်နှစ်က စီးပွာားကြီးထွားနှုန်း ၂.၆% ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၂.၅ မှ ၃% အထိ ရရှိမည်ဟု ခန့်မှန်းထားပါသည်။

Source bloomberg
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Infrastructure and Zones Read 3205 times