'ကုန်းမြေတံတား'မဟာစီမံကိန်း တရုတ်၊ ဆော်ဒီ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စား


10 November, 2023

'ကုန်းမြေတံတား'မဟာစီမံကိန်း တရုတ်၊ ဆော်ဒီ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စား


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ငွေကြေးကြွယ်ဝသော တရုတ်နှင့် ဆော်ဒီအာရေးဗီးယားတို့မှ ရင်းနှီးမြှုပ်နှံသူများသည် ကပ္ပလီပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့ကို ဆက်သွယ်ပေးမည့် ကုန်းမြေတံတား Land Bridge မီဂါပရောဂျက်ကို စိတ်ဝင်စားကြောင်း ပြသခဲ့ကြသည်။

အဆိုပါ စီမံကိန်း တစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှု ဘတ်ငွေ ၁ ထရီလီယံခန့် လိုအပ်မည်ဟု ခန့်မှန်းထားသည်။

ကုန်းမြေတံတား၏ အစိတ်အပိုင်းများဖြစ်သော ရေနက်ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ပြသခဲ့ကြသည်။

ဆော်ဒီအာရေးဗီးယား ရင်းနှီးမြုပ်နှံသူများသည် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံများသို့ ပေးပို့ရန်အတွက် အသုံးပြုမည့် ရေနံတာမင်နယ် အကြီးစားများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည်။

ထိုင်းနိုင်ငံ၏ " Land Bridge" စီမံကိန်းသည် အက်ဒမန်ကမ်းရိုးတန်းရှိ ရနောင်းမြို့နှင့် ထိုင်းနိုင်ငံပင်လယ်ကွေ့ရှိ ချွန်ဖွန်တို့တွင် ရေနက်ဆိပ်ကမ်း တစ်ခုစီ ထားရှိပြီး ၎င်း ဆိပ်ကမ်းနှစ်ခုကို ရထားလမ်း၊ ကားလမ်းတို့ဖြင့် ချိတ်ဆက်ရန် ဒီဇိုင်းထုတ်ထားသည်။

တနည်းဆိုရသော် အိန္ဒိယနှင့် ပစိဖိတ် သမုဒ္ဒရာတို့ကို လမ်းပန်းဆက်သွယ်ပေးသည့် ချိတ်ဆက်မှုအသစ်တခု ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံ၏ တောင်ပိုင်းစီးပွားရေးစင်္ကြံ Southern Economic Corridor (SEC) ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ အခြေခံ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ 

သင်္ဘောများ အသွားအလာများသော မလက္ကာရေလက်ကြားအပေါ်  မှီခိုအားထားမှုကို လျှော့ချရန် နှင့် ကမ္ဘာ့ ကုန်စည်တင်ပို့မှု၏ ထိရောက်မှုကို သိသိသာသာ မြှင့်တင်ရန် ရည်ရွယ်သည်။

 စီမံကိန်းကို အဆင့်ဆင့် အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်သည်။

စီမံကိန်း ပထမအဆင့် ကို ၂၀၃၀ ပြည့်နှစ်တွင် ပြီးစီးရန် မျှော်မှန်းထားသည်။

 

၂၀၃၉ ခုနှစ်တွင် အဆင့်အားလုံး အပြီးသတ်ပြီးစီးသည့်အခါ ရနောင်းနှင့် ချွန်ဖွန်တို့မှ ရေနက်ဆိပ်ကမ်း အသီးသီးသည် တစ်နှစ်လျှင် ကွန်တိန်နာစုစုပေါင်း အလုံးရေ သန်း ၂၀ ခန့်ကို ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် လမ်းစည်းကမ်းဆိုင်ရာမူဝါဒနှင့် စီမံကိန်းရုံးမှ ပြောကြားသည်။

 

ကုန်းမြေတံတား မီဂါစီမံကိန်းကြီးကို အဆင့် ၄ ဆင့် ပိုင်းခြားထားသည်။

 

• အဆင့် ၁ တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဘတ် ၅၂၂ ဘီလီယံခန့် လိုအပ်သည်။

• အဆင့် ၂ အတွက် ဘတ် ၁၆၄ ဘီလီယံခန့် လိုအပ်သည်။

• အဆင့် ၃ အတွက် ဘတ် ၂၂၈ ဘီလီယံဝန်းကျင် လိုအပ်သည်။

• အဆင့် ၄ အတွက် ဘတ် ၈၅.၁ ဘီလီယံခန့် လိုအပ်သည်။

 

ထိုင်းမှ ကုန်ပစ္စည်းများကို အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများရှိ စျေးကွက်များသို့ ပို့ဆောင်ရာ၌ မလက္ကာရေလက်ကြားမှတစ်ဆင့် သွားရန် မလိုသဖြင့် ခရီးတာ တိုပြီး ကြာချိန် လျော့နည်းသွားမည်။

 

ကမ္ဘာ့ရေကြောင်း ကွန်တိန်နာ စီးဆင်းမှုတွင် လက်ရှိသုံးစွဲနေသော မလေးရှားမှ ပို့ကလန်းဆိပ်ကမ်းထက် ကုန်းမြေတံတားက စရိတ်စက အကုန်အကျမှအစ ကြာချိန်အဆုံး ပိုသက်သာကြောင်း၊ ယုံကြည်စိတ်ချရ‌ေကြာင်း အာမခံချက် ပေးနိုင်ဖို့လိုမည်ဖြစ်ပါသည်။

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Infrastructure and Zones Read 1170 times