ရွှေရောင် တလက်လက်တောက်ပနေသော Zhongyang Golden Nugget


21 November, 2020

တရုတ်နိုင်ငံ ကျန်းစုပြည်နယ် နန်တုံမြို့နယ်တွင် ၆၅၆ ပေမြင့်သည့် Zhongyang Golden Nugget ဟိုတယ်ကြီးအား ဒေါ်လာ ၂၃၈ သန်းအကုန်အကျခံတည်ဆောက်ထားပြီး

၎င်းမိုးမျှော်တိုက်၏ ထူးခြားချက်မှာ အဆောက်အအုံ တစ်ခုလုံးသည် ရွှေရောင်တလက်လက် တောက်ပနေခြင်းဖြစ်သည် ဟု သိရသည်။

အထပ်ပေါင်း ၄၆ထပ် ရှိသည့် ဟိုတယ်ကြီးသည် ဒေသခံများအကြားတွင် အာရုံစိုက်ခံနေရပြီး ထဧရာမရွှေချောင်းကြီး ဟု အမည်ပေးထားသည်။

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတစ်ခုဖြစ်သော Zhongyang စီးပွားရေးအုပ်စု မှ ပိုင်ဆိုင်ပြီး ၂ဝ၁၃ ခုနှစ်အောက်တိုဘာ ၁၈ရက်တွင် တည်ဆောက်ခဲ့သည်။

စတုရန်းပေ ၁.၃ သန်းအကျယ်ရှိသည့် ဧရိယာတွင် တည်ဆောက်ထားပြီ ရွှေရောင်မိုးမျှော်တိုက်ကြီးသည် မြို့၏ အမှတ်အသားတစ်ခုသဖွယ်ဖြစ်လာခဲ့သည်။

ဟိုတယ်ခေါင်မိုးတွင် ရဟတ်ယာဉ်ဆင်းကွင်းအား ပြုလုပ်ပေးထားပြီး ဧည့်သည်များတည်းခိုနိုင်ရန် အခန်းပေါင်း ၃၇၉ ခန်း၊စားသောက်ဆိုင်ကြီးပေါင်းခြောက်ခုကျော်နှင့်

ခန်းမပေါင်းများစွာထည့်သွင်းဆောက်လုပ်ထားသည်။ ဟိုတယ်၏အကြီးဆုံးခန်းမသည် ဧည့်သည် ၁၄ဝဝ ခန့်ဝင်ဆံ့သည်။

ဒေါ်လာ ၂၃၈ သန်းအကုန်အကျခံ တည်ဆောက်ခဲ့သော်လည်း Zhongyang စီးပွားရေးအုပ်စုမှ ရွှေအစစ်ကို အသုံးပြုထားခြင်း ရှိမရှိ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိဟု သိရသည်။

Residential Global Read 26 times