မြန်မာ့ပထမဆုံးပုဂ္ဂလိက ရှေးဟောင်းပြတိုက်ကို ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်လှစ်မည်

18 January, 2021

အာရှအကြီးဆုံးပြတိုက်အဖြစ် ရည် မှန်းထားသော မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရှေးဟောင်းပြတိုက်ဖြစ်သော ဇေကမ္ဘာ ပြတိုက်ကို ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြတိုက်ကြီးကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဂေါက်ကွင်းရှေ့ မြေ ၅ ဧကပေါ်တွင် စတုရန်းပေ ၁၆၀,၀၀၀ ကျယ်ဝန်းသည့် လေးထပ်အဆောက်အအုံအဖြစ် အေမရိ ကန်ဒေါ်လာ ၁၀ သန်းခန့် သုံးစွဲတည် ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။


ပြတိုက်အတွင်း ကုန်းနေရေနေ သတ္တဝါများ၏ မေးရိုး၊ သြား၊ ဦးခေါင်းခွံ၊ ခြေ၊ လက်၊ အရိုး၊ မစင်စသည့် ကျောက် ဖြစ်ရုပ်ကြွင်းပစ္စည်းမျိုးစုံ၊ နှစ်သန်း ၁၁၀ သက်တမ်းရှိ အင်းဆက်မျိုးနွယ်စုပါဝင် သော မြန်မာ့ပယင်းတွင်းထွက်များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါး လူတူပရိုင်းမိတ် မေးရိုးနှင့်လက်မောင်း ရိုးမ်ား၊ နှစ်သန်း ၃၈၀ သက်တမ်းရှိ Trilobite ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သံခေတ်က လူသေအလောင်းကို မြှုပ်နှံမှု မ်ား၊ ကျောက်ခေတ်၊ သံခေတ် ရှေး ဟောင်းလက်နက်ကိရိယာများ ၊ ကြေး ခေတ်၊ သုဝဏ္ဏဘူမိခေတ်၊ ပျူခေတ်၊ ဟန်လင်းခေတ် စသည့် ခေတ်အဆက် ဆက်ပစ္စည်းများ၊ ယွန်းထည်ပစ္စည်း အ မျိုးမျိုး စသည်တို့ကိုကြည့်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။


ယင်းပြတိုက်တွင်ပြသမည့် ရှေး ဟောင်းပစ္စည်းများမှာ ကမ္ဘာ့ရှားပါးပစ္စည်း များပါဝင်ပြီး အမျိုးအမည်လည်း အလွန် များပြားကြောင်း၊ ယင်းကြောင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှစစ်ဆေး ၍ မှတ်ပုံတင်ထားပြီးလည်းဖြစ်ကာ သမိုင်းတန်ဖိုးကြီးမားသည့် ပြတိုက်ကြီးဖြစ် ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားသည်။
ဇေကမ္ဘာပြတိုက်တွင် ရှေးဦးဆင်(၅)မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းများပြခန်း၊ ကမ္ဘာဦးသတ္တဝါများ၏ ကျောက်ဖြစ်ရုပ် ကြွင်းများပြခန်း၊ ယဉ်ကျေးမှုအမွေအနှစ် မြန်မာမှုအနုလက်ရာပစ္စည်းများပြခန်း သံ ခေတ်အလောင်းမြှုပ်နှံမှုပြခန်း၊ ပယင်းပြ ခန်း၊ နှစ်သန်းပေါင်းများစွာက လိပ် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ယွန်းထည်အ မျိုးမျိုးပြခန်း၊ ရှေးဟောင်းရွှေကျောင်းပြ ခန်း၊ ပုဂံခေတ်အနုပညာလက်ရာပြခန်း စသည်တို့ကို ကနဦး ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း သိရသည်။
ပြတိုက်တွင် သမိုင်းမတင်မီခေတ်မှ ကျောက်၊ ကြေး၊ သံ၊ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ စသောခေတ်အဆက်ဆက်မှ ကို လိုနီခေတ်အထိ လူ့အသုံးအဆောင်များ ဖြစ်သည့် လက်နက်၊ အိုးခွက်-ပုတီး-ကိုးကွယ်ယုံကြည်မှုပြခန်းများ၊ မြန်မာမှု လက်ရာပန်းချီ-ပန်းပု-ရုပ်လုံး ရုပ်ကြွ ပန်း(၁၀)မျိုးအတတ်ပြခန်းများလည်း ပါဝင်ကြောင်း သိရသည်။
ဝင်ကြေးအနေဖြင့် မြန်မာနိုင်ငံသားများအတွက် တစ်ဦးလျှင် ၅,၀၀၀ ကျပ်နှုန်း နှင့် နိုင်ငံခြားသားများ အတွက် တစ်ဦးလျှင် USD 10 ကောက်ခံဖို့ သတ်မှတ်ထားပြီး အစိုးရစာသင်ကျောင်းနဲ့ ပရဟိတ စာသင်ကျောင်းများမှ စီစဉ်သော လေ့လာရေးခရီးစဉ်မှ ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ အခမဲ့ ဝင်ရောက် လေ့လာနိုင်ကြောင်း သိရသည်။
တနင်္လာနေ့မှ အပ ကျန်ရက်များတွင် မနက် ၉း၃၀ မှ ညနေ ၅ နာရီထိ နေ့စဉ် ဖွင့်လှစ်သွားဖို့ စီစဉ်ထားကြောင်း သိရသည်။ 

 

Local Institution Read 791 times