Zaha Hadid Architects က ဝန်ထမ်းပိုင် လုပ်ငန်းအဖြစ်သို့ ပြောင်းလဲ


18 December, 2021

ယူကေမှ ကမ္ဘာ့ထိပ်တန်း ဗိသုကာ လုပ်ငန်း Zaha Hadid Architects က ဝန်ထမ်းပိုင် လုပ်ငန်းအဖြစ်သို့ ပြောင်းလဲလိုက်ပါတယ်။ 
စတူဒီယိုမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေ ပိုင်ရှင်အဖြစ်ကို ရောက်ရှိကြလို့ သာတူညီမျှ ပိုဖြစ်သွားပါတယ်။
စတူဒီယိုကို ၁၉၈၀ ခုနှစ်မှာ ဗြိတိန်အီရတ် သွေးနှော အမျိုးသမီး ဗိသုကာ Zaha Hadid က ထူထောင်ခဲ့ပါတယ်။ employee benefit trust (EBT) ထူထောင်ပြီး ပိုင်ဆိုင်မှုကို trust လက်ထဲလွှဲပြောင်းပေးခဲ့ပါတယ်။ ပြင်ပရှယ်ယာ ပိုင်ဆိုင်မှု မရှိတဲ့အတွက် အမြတ်ဝေစု ခွဲဝေဖို့ မလိုတာကြောင့်  ရရှိတဲ့အမြတ်တွေကို စတူဒီယိုမှာ ပြန်လည်ရင်းနှီးမြှုပ်နှံပါတယ်။ EBT က ပိုင်ဆိုင်မှုကို ဝန်ထမ်းများ ကိုယ်စား ကိုင်တွယ်ပေးပါတယ်။


Zaha Hadid Architects က ယူကေနဲ့ တရုတ်နိုင်ငံတို့မှာ စတူဒီယို ဖွင့်လှစ်ထားပြီး ဝန်ထမ်းအင်အား ၅၀၀ ကျော် ရှိပါတယ်။ 

စတူဒီယိုကို ဝန်ထမ်းပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲအပ်နှံတာ Zaha Hadid Architects က ပထမဆုံး စတူဒီယို မဟုတ်ပါဘူး။ Buckley Gray Yeoman, Make, Allford Hall Monaghan Morris တို့ဟာ ဝန်ထမ်းပိုင်စတူဒီယိုများ ဖြစ်ကြပါတယ်။ မကြာသေးခင်က HawkinsBrown လည်း ဝန်ထမ်းပိုင် အဖြစ် ပြောင်းလဲခဲ့ပါတယ်။

Zaha Hadid Architects ထူထောင်သူ Dame Zaha Mohammad Hadid DBE RA က အသက် ၆၅ နှစ် ၂၀၁၆ မတ်လမှာ ကွယ်လွန်ခဲ့ပါတယ်။ 

 

 

Architecture Read 619 times