နည်းပညာနှင့် ဆောက်လုပ်ရေးလုပ်ငန်းအခြေပြု စွန့်ဦးတီထွင်လုပ်ငန်းရှင်ပြိုင်ပွဲ ၂၀၁၈ 


18 November, 2020

မြန်မာလူငယ်များအတွက် နည်းပညာနှင့် ဆောက်လုပ်ရေးလုပ်ငန်းအခြေပြု စွန့်ဦးတီထွင်လုပ်ငန်းရှင်ပြိုင်ပွဲ (Youth Technopreurship Development Program 2018) ကျင်းပမည်။

ကျပ်သိန်း ၅၀ ဆုကြေး၊ ● ကုမ္ပဏီမှတ်ပုံတင်ပေးခြင်းနဲ့ ● ခြောက်လ အလုပ်ခန်းသုံးစွဲခွင့်တို့ ချီးမြှင့်မယ့် ပြိုင်ပွဲတစ်ခုကို ဆောက်လုပ်ရေး နှင့် စီးပွားရေး လုပ်ငန်းကဏ္ဍအတွက် နည်းပညာစိတ်ကူးရှိသူတို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြပါတယ်။

ပြိုင်ပွဲအမည် အပြည့်အစုံမှာ Myanmar Youth Technopreurship Development Program -2018 ဖြစ်ပါတယ်။ Moving Myanmar Forward ဆိုတဲ့ MPT မှ ထောက်ပံ့ကူညီမှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်(MCF) ရဲ့ ကြီးမှူးပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမယ့် ပြိုင်ပွဲဖြစ်ပါတယ်။
ကျပ်သိန်း ၅၀ ဆုချီးမြှင့်မယ်အဖွဲ့ သုံးဖွဲ့ ရွေးချယ်ချီးမြှင့်ပေးမှာ ဖြစ်ပြီး နှစ်သိမ့်ဆု ရ ဆုလည်း ပါ၀င်ပြီး ဆုကြေးကတော့ ကျပ်ငါးသိန်း ဖြစ်ပါတယ်။


အသက်အရွယ် အပိုင်းအခြား အကန့်အသတ်မရှိ ၀င်ပြိုင်နိုင်တယ်ဆိုပေမဲ့ ဆုရတဲ့အသင်းကို ကုမ္ပဏီထူထောင်လုပ်ကိုင်ဖို့ ကုမ္ပဏီမှတ်ပုံတင်ပေးမှာဖြစ်လို့ ၀င်ပြိုင်မယ့်အသင်းမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူတစ်ဦး ပါ၀င်ဖို့တော့ လိုအပ်ပါတယ်။
အသင်းဖွဲ့တာမှာ အနည်းဆုံး ၂ ဦးထက်မနည်း၊ အများဆုံး ၅ ဦးထက်မပိုတဲ့အဖွဲ့ကို ဖွဲ့ရမယ်လို့ သတ်မှတ်ထားပါတယ်။


IT ပတ်သက်နှီးနွှယ်တဲ့ ထုတ်ကုန်ကိုဖြစ်စေ၊ ၀န်ဆောင်မှုကိုဖြစ်စေ နှစ်မျိုးတွဲလုံးအဖြစ်ဖြင့်စေ တင်ပြပြီး ၀င်ပြိုင်နိုင်တယ်။ ဘယ်နယ်ပယ်တွေအတွက်လည်း ဆိုတော့
● Entertainment
● Open Data
● Civic Tech
● Agriculture
● Society
● Healthcare
● Education
● Business တို့ ဖြစ်တာမို့ နယ်ပယ် အတော်များများ အကျုံးဝင်နေပါတယ်။

ဤပြိုင်ပွဲကြီးရဲ့ ၀က်ဘ်ဆိုက်က https://www.mmtechnopreneurship.com/
ဖြစ်ပါတယ်။
လျှောက်လွှာကို အဲဒီဝက်ဘ်ဆိုက်၊ အမ်ပီတီ ဒေသခံ ရုံးများ၊ သက်ဆိုင်ရာ ဖေ့စ်ဘုတ် စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်ပြီး တင်သွင်းနိုင်ပါတယ်။
၁၈ ဒီဇင်ဘာ ၂၀၁၇ မှာ စတင်လက်ခံပြီး လျှောက်လွှာပိတ်ရက်က ၁၈ ဇန်နဝါရီ ၂၀၁၈ ဖြစ်ပါတယ်။
ပဏာမ ရွေးချယ်မှုကို အထက်မြန်မာပြည်အတွက် မန္တလေးနဲ့ အောက်မြန်မာပြည်အတွက် ရန်ကုန်မှာ ကျင်းပမှာဖြစ်ပါတယ်။
ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ဟာ အောက်မြန်မာပြည်မှာ အကျုံးဝင်ပြီး ကျန်တဲ့ ပြည်နယ်များနဲ့ တိုင်းဒေသကြီးများနဲ့ နေပြည်တော်တို့က အထက်မြန်မာပြည်မှာ အကျုံးဝင်ပါတယ်။
အထက်မြန်မာပြည်မှ ၁၅ သင်း၊ အောက်မြန်မာပြည်မှ ၁၅ သင်း ပဏာမ ရွေးချယ်ပြီး
နောက်ဆုံးဖိုင်နယ် ပြိုင်ပွဲအတွက် ၅ သင်းစီ ရွေးချယ်မှာ ဖြစ်ပါတယ်။ ဆန်ကာတင် ၁၀ သင်း ရန်ကုန်မြို့မှာ စခန်းသွင်း လေ့ကျင့်မှု တစ်ပတ် ဆောင်ရွက်ပေးပြီးတဲ့အခါ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ ဖိုင်နယ်ပြိုင်ပွဲကို ကျင်းပမယ်။ ၃ သင်းကို ဆုရအသင်းအဖြစ် ရွေးချယ်မယ်။ ကျန်တဲ့ ခုနစ်သင်းဟာ အလိုလို နှစ်သိမ့်ဆု ကျပ်ငါးသိန်းရ အသင်းများ ဖြစ်ကြမှာ ဖြစ်ပါတယ်။

DSC 0002

ဖိုင်နယ်ပြိုင်ပွဲကို ရန်ကုန်မြို့ MICT Park အဆောင် ၁၄ မှာ တည်ရှိတဲ့
Kanaung Hub (Ph: 01 2305366၊ 01 2305344) မှာ ကျင်းပမှာ ဖြစ်ပြီး ပြိုင်ပွဲ အခင်းအကျင်းတွေက Hackerthorn တွေ ကျင်းပတဲ့ ပုံစံအတိုင်း ဖြစ်မယ်လို့ သိရပါတယ်။ Pitch လုပ်တာ၊ Demo လုပ်တာတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ Demo Night ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှာ ကျင်းပဖို့ ရက်သတ်မှတ်ထားပါတယ်။
အိုင်တီလောကမှာ အကြံကောင်းတွေ ကိုယ်စွမ်းကိုယ်စတွေ ရှိနေပါလျက် လမ်းစ ရဖို့ ခက်နေတဲ့သူတွေအတွက် အခန်း Chapter အသစ်တစ်ခု ဖွင့်လှစ်လိုက်တာလို့ ဆိုရပါမယ်။ နောင်နှစ်တွေမှာလည်း ယခုလိုပဲ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

Register လုပ်ရန်
[email protected]

Events Read 128 times