မကြာမီ နိုင်ငံရပ်ခြားရောက်သူများအတွက် တန်ဖိုးနည်းအိမ်ရာများကို အိမ်ရာချေးငွေဖြင့် ဝယ်ယူနိုင်တော့မည်


16 November, 2020

ပြည်ပရောက်မြန်မာနိုင်ငံသားများပြည်တွင်းတွင် တန်ဖိုးနည်းအိမ်ရာကို အိမ်ရာချေးငွေဖြင့် ဝယ်ယူနိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှ ပြောကြားကြောင်း သိရသည်။

ဒီဇင်ဘာ ၉ရက်တွင် ပြုလုပ်သည့်ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)၏စတုတ္ထအကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွ် ထိုကဲ့သို့ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပတွင် သွားရောက်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများ အိမ်ရာစုဆောင်းငွေနှင့် အိမ်ရာဝယ်ယူနိုင်ရန် အိမ်ရာချေးငွေရယူနိုင်ရန် ပြည်ပဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်ပတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အိိမ်ရာချေးငွေဖြင့် အိမ်ဝယ်ယူလိုပါက CHDB ဘဏ်မှ ချိတ်ဆက်ထားသော သက်ဆိုင်ရာနိုင်ငံရှိဘဏ်တွင် ငွေသွင်းရမည်ဖြစ်ပြီး ယင်းဘဏ်မှ ဆောက်လုပ်ရေးနှင့်

အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ငွေပြန်လွှဲပေးသည့်ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာမှ ပြောကြားကြောင်း သိရသည်။

ကိုရီးယား၊စင်ကာပူနှင့် မလေးရှားတွင်လုပ်ရန်အစီအစဉ်ရှိနေပြီး ယခုတွင် ကိုရီးယားမှ ကုမင်းဘဏ်နှင့် ချိတ်ဆက်၍စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် ၂ဝ၁၈ဒီဇင်ဘာတွင် ကိုရီးယားရောက်မြန်မာနိုင်ငံသားအိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

အိမ်ရာစုဆောင်းငွေစာရင်းပိုင်ဆိုင်ထားသည့်ပြည်ပရောက်မြန်မာနိုင်ငံသားများသည် ပြည်တွင်းရှိမြန်မာနိုင်ငံသားများနည်းတူ အိမ်ရာစုဆောင်းငွေစာရင်းတွင်ဝယ်ယူမည့် အိမ်၏ ၃ဝရာခိုင်နှုန်းပြည့်မီပါက ကျန် ရဝရာခိုင်နှုန်းကို ဘဏ်မှ ချေးငွေဖြင့်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှဆောင်ရွက်နေသည့်အိမ်ရာများသည်ရွှေလင်ပန်း၊ကနောင်၊ယုဇနတန်ဖိုးနည်းအိမ်ရာ၊ကျန်စစ်သားအိမ်ရာစီမံကိန်း၊ချမ်းမြေ့သာယာအဆင့်မြင့်အိမ်ရာ(မကွေးတိုင်း)၊

နန္ဒဝန်အိမ်ရာစီမံကိန်း(စစ်ကိုင်းတိုင်းဒေသကြီး)၊ဥမ္မာဒန္တီအိမ်ရာ(ဧရာဝတီတိုင်း)၊ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာနှင့် မြရည်နန္ဒာအိမ်ရာ(မန္တလေး)တို့ဖြစ်ကြောင်း သိရသည်။

Source:7day Daily

Public Housing Read 39 times