ကန်သာယာစင်တာကို ဧရာဝတီဘဏ် နှင့်ချိတ်ဆက် ဝယ်ယူနိုင်


02 November, 2020

ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်ဦးအောင်မြတ်လမ်းနှင့်ကန်ရိပ်သာလမ်းထောင့်တွင်ရှိသည့်ကန်သာယာစင်တာကို ဧရာဝတီဘဏ်နဲ့ပူးပေါင်းပြီး ၁၀ နှစ်အရစ်ကျဝယ်နိုင်မည်ဟုသိရသည်။

ကန်သာယာစင်တာကိုအပိုင်းသုံးပိုင်းခွဲပြီးတည်ဆောက်ထားပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလလောက်မှာ ပြီးစီးမည်ဟုခန့်မှန်းထားကြောင်းသိရသည်။

Phase I တွင်Paradise Residence, Phase II တွင် International Office Tower, Phase III တွင် Service Apartment, Wyndam 5.Star ဟိုတယ်နှင့်ဈေးဆိုင်ခန်းများရှိပါသည်။
စီမံကိန်းတစ်ခုလုံး၏အကျယ်အဝန်းမှာစုစုပေါင်းစတုရန်းပေ ၁၆၃,၀၀၀၀ ရှိပြီး အခန်းအကျယ်အမျိုးအစားမှာ ၁၆၀၈ စတုရန်းပေ၊ ၁၅၈၂ စ တုရန်းပေ၊ ၁၄၈၅ စတုရန်းပေဟူ၍သုံးမျိုးရှိပါသည်။

ဈေးနှုန်းမှာတစ်စတုရန်းပေကို ကျပ် ၂၅၀,၀၀၀ လောက်ရှိပြီးPhase I မှာအထပ်ပေါင်း ၂၅ ထပ်ရှိပြီး ၁၃၂ ခန်းပါဝင်ပါသည်။

အိပ်ခန်းတိုင်းတွင်အဲကွန်း၊ Wardrobe၊ ရေပူရေအေးစနစ်တပ်ဆင်ပေးထားသကဲ့သို့ဧည့်ခန်းတွင်အဲကွန်းနှစ်လုံး တပ်ဆင်ပေးထားသည်။

ခေတ်မီဆန်းသစ်သည့်ဒီဇိုင်းနှင့်ပြီးပြည့်စုံသည့်မီးဖိုချောင်များ၊ ရေခဲသေတ္တာ၊ အခန်းတိုင်းတွင်လည်း အင်တာကွန်းစနစ်နှင့် Satellite များတပ်ဆင်ပေးထားပါသည်။

Residence နေထိုင်သူများအဆင်ပြေစေရန်ဓါတ်ေလှေကားသုံးစင်းနှင့်အရေးပေါ်လှေကားနှစ်စင်း ပါဝင်ပြီးစွန့်ပစ်ပစ္စည်းများကိုသန့်ရှင်းလွယ်ကူစွာပစ်နိုင်သည့်စနစ်ကိုအသုံးပြုထာပါသည်။

လုံခြုံရေးစနစ်ကိုလည်း အကောင်းဆုံးစီစဉ်ထားပြီးအခန်းပေါင်း ၁၃၂ ခန်းအတွက် ၁၆၄ စီးဆံ့ကားပါကင်နှ စ်လွှာပါဝင်ပါသည်။

ဝယ်ယူသူများအဆင်ပြေစေရန်ဘဏ်နှင့်ချိတ်ဆက်ပေးထားပြီးပထမ ၃၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကိုဘဏ်ကချေးငွေယူနိုင်ပါသည်။

Office Tower မှာစုစုပေါင်းအကျယ်အဝန်း စတုရန်းပေ ၃၇၅,၉၁၉ ပေရှိပြီး အထပ်ပေါင်း ၂၂ ထပ်မှာ အခန်းပေါင်း ၁၆၈ ခန်း ပါဝင်ပါသည်။

Office Tower တွင်ဖွင့်လှစ်မည့်ရုံးခန်းများအတွက်ကားအစီးရေး ၅၀၀ လောက်ရပ်နိုင်သည့်ကားပါကင်၊ စတုရန်းပေ ၄၂၀ ကျယ်သည့် Lobby၊ ဂျပန်နိုင်ငံထုတ်ဖူဂျီဓါတ်လှေကား၊ ၄.၂ မီတာအမြင့်နဲ့ ၁.၈ မီတာအကျယ်ရှိသည့်စင်္ကြ ံ၊ စီစီတီဗီ မှတ်တမ်း၊ ၂၄ နာရီမီးပေးစနစ်၊ ကိုယ်ပိုင်မီတာ၊ အလိုအလျောက် မီးအန္တ ရာယ် အချက်ပေးစနစ်စသည့်ဝန်ဆောင်မှုများပါဝင်ပါသည်။

Phase III တွင်စုစုပေါင်းအကျယ်အဝန်းစတုရန်းပေ ၂၅၃,၃၆၇ ရှိပြီး အထပ်ပေါင်း ၂၃ ထပ်မှာ ၁၇၁ ခန်းပါဝင်ပါသည်။

ကြယ်ငါးပွင့်အဆင့်ဟိုတယ်မှာစုစုပေါင်းအကျယ် ၄၁၂,၆၉၁ ပေါ်တွင်ဆောက်လုပ်ထားခြင်းဖြစ်ပြီး အထပ် ၂၀ တွင်အခန်း ၂၅၈ ခန်းရှိပါသည်။

အခန်းအမျိုးအစားကသုံးမျိုးရှိပြီး ၄၄၁ စတုရန်းပေ ကနေ ၁၃၀၅ စတုရန်းပေ အထိရှိပါသည်။
ရှော့ပင်းစင်တာမှစတုရန်းပေ ၅၆,၂၇၀ ကျယ်ဝန်းပြီး နှစ်ထပ်ဈေးဝယ်စင်တာမှာ စားသောက်ဆိုင်၊ ကော်ဖီဆိုင်များ၊ စူပါမားကက်များ၊ အပန်းဖြေ SPA ဆိုင်၊ အလှအပဆိုင်ရာနှင့်ပတ်သတ်တဲ့ဆိုင်များ၊ ဆေးခန်း၊ ဆေးဆိုင်များဖွင့်ထားပါသည်။

ကန်သာယာစင်တာတွင်သက်ဆိုင်ရာအပိုင်းအလိုက်ရေကူးကန်များ၊ အားကစားခန်းမများ၊ စားသောက်ဆိုင်စသည့်  Facilities များလဲပါဝင်ပါသည်။

ကန်သာယာစင်တာကိုဝယ်ယူလိုသူတွေအနေနှင့်iMyanmarHouse နှင့်ဆက်သွယ်ပြီးဝယ်ယူနိုင်ပါသည်။

Source:imyanmarhouse

Office and Retail Read 36 times