Online မှ လုပ်ငန်း လိုင်စင် လျှောက်ထားနိုင်သည်


17 November, 2020

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ အချက်များ၊အထောက်အထာများအား ပူးတွဲတင်ပြရပါသည်။

၁။လုပ်ငန်းအမျိုးအစားနှင့် သက်ဆိုင်သော ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(လုပ်ငန်းအမျိုးအစားနှင့် သက်ဆိုင်သော ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်လိုအပ်ချက်များအား အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

https://app.ycdc.gov.mm/business_license/information.php

၂။စက်မှုဇုန်ကော်မတီ၏ ထောက်ခံချက်နှင့် အနီးဆုံးပတ်ဝန်းကျင်(၁ဝ)ဦးထောက်ခံချက်

၃။လုပ်ငန်းတည်နေရာအတွက် ပိုင်ဆိုင်ခွင့်အထောက်အထား(ဥပမာ-အငှားစာချုပ်)

၄။လုပ်ငန်းရှင်(နိုင်ငံသားဖြစ်ပါက)နိုင်ငံသားစိစစ်ရေးကဒ်၊(နိုင်ငံခြားသားဖြစ်ပါက) ပတ်စ်ပို့မိတ္တူ၊လိုင်စင်ဓာတ်ပုံ(၃)ပုံ

၅။လုပ်ငန်းတည်နေရာ(မျက်နှာစာ/ပြင်ပ/အတွင်း)ဓာတ်ပုံ(၃)ပုံ

၆။လုပ်ငန်းတည်နေရာပြမြေပုံ (location map)

၇။အခြားအထောက်အထားစာရွက်စာတမ်းများအား လိုအပ်ပါက ထပ်မံတင်ပြရမည်ဖြစ်သည်။

Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့် ရက်အား အကြောင်းကြားမည်ဖြစ်သည်။

ယင်းသို့ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်းတောင်းခံပါမည်။

အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ယင်းရက်မှ (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ)လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

ခွင့်ပြုချက် ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အဆင်သင့် တင်ပြခွင့်ပြုချက်ရယူပြီးမှ သာ လုပ်ငန်းလိုင်စင်ခွင့်ပြုပေးမည်ဖြစ်သည်။

အောက်ပါ Link တွင် လျှောက်ထား နိုင်ပါသည်။

https://app.ycdc.gov.mm/business_license/license_business.php

Local Office and Retail Read 120 times