Yone Min Development မှ သီတင်းကျွတ်အကြိုအိမ်ရာအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့


06 December, 2020

Yone Min Development မှ ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၅၀၀ အထိ Promotion ပေးသွားမည့် အိမ်ရာအရောင်းပြပွဲကို Pan Pacific Hotel တွင် ၁၃.၁၀.၁၈ မှ ၁၄.၁၀.၁၈ အထိ နေ့စဉ်မနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာပမြို့နယ်များရှိ ကျပ်သိန်း (၅၀၀) မှ ကျပ်သိန်း (၁၆၀၀) တန်ဖိုးရှိ အဆင့်မြင့်ကွန်ဒိုအခန်းများကို အရစ်ကျ ညှိနှိုင်းငွေချေစနစ်ဖြင့်ပြသရောင်းချပေးနေခြင်း ဖြစ်ပါသည်။

အခန်းများကို ဝယ်ယူရန်အတွက် စရံငွေ ၁၀ သိန်းသာ လိုအပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ပြပွဲကာလအတွင်း စရံပေးချေ၍ ဝယ်ယူသူများအတွက် ဗလာမပါ Lucky Draw အစီအစဉ်လည်း ရှိသည်ဟုသိရသည်။

ထိုပြပွဲတွင် အထူးအစီအစဉ်အနေဖြင့် လှိုင်မြို့နယ် ၊ ကန်လမ်းတွင် ဆောက်လုပ်ထားသော ဓနပြည့်စုံ ကွန်ဒိုအတွက် အထူးသီးသန့် PROMOTION အစီအစဉ်လည်း ပါဝင်ပါသည်။

ပထမအရစ် ကျပ်သိန်း ၂၀၀ ပေးသွင်းရုံဖြင့် မူလ ကျပ်သိန်း ၁၆၀၀ ဖြင့်ရောင်းချသည့် ကွန်ဒိုအခန်းများကို ကျပ်သိန်း ၁၀၀၀ တည်းသာပေးချေရတော့မည်ဖြစ်သည်။

ထိုအစီအစဉ်တွင် ပါဝင်သောအခန်းများမှာ ၅ ခန်းသာ ကျန်ရှိတော့ကြောင်းလည်း သိရပါသည်။

 

Events Read 93 times