Yoma Strategic နှင့် (FMI) တို့ပူးပေါင်းကာ Yoma Land အိမ်ခြံမြေ လုပ်ငန်းများကို လုပ်ဆောင်သွားမည်


03 December, 2020

Yoma Strategic နှင့် First Myanmar Investment Co.,Ltd(FMI) တို့ပူးပေါင်းကာ Yoma Land အမည်ဖြင့် အိမ်ခြံမြေ လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Yoma Land ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အိမ်ခြံမြေလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်ကာ ယခုကဲ့သို့ ပေါင်းစည်းဖွဲ့စည်းလိုက်ခြင်းအားဖြင့် တီထွင်ကြံဆမှုများ ပိုကောင်းလာကာကောင်းမွန်သော လူ့အသိုင်းအဝိုင်းများကို တည်ဆောက်နိုင်ခြင်း၊

အနာဂတ် ခေတ်ရေစီးကြောင်း ပုံစံများကိုလည်း ခန့်မှန်းလာနိုင်သည်ဟု Yoma Land ၏ မန်နေဂျင်း ဒါရိုက်တာမှ ပြောကြားသည်။

Yoma Land သည် အဆင့်မြင့်စီမံကိန်းအနေဖြင့် ပန်းလှိုင်အိမ်ရာရှိ တန်ဖိုးမြင့်လုံးချင်းအိမ်ရာများကို မိတ်ဆက်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

၂ဝဝဝ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပန်းလှိုင်အိမ်ရာသည် လှိုင်နှင့် ပန်းလှိုင်မြစ်ကမ်းပေါ်တွင် တည်ရှိပြီး ဧကပေါင်း ၆ဝဝ ကျော် ကျယ်ဝန်းသည်။

Yoma Land ၏ လက်ရှိ စီမံကိန်းများတွင် သန်လျင်တွင်ရှိသည့် ၁၃၅ ဧက ကျယ်ဝန်းသော Star City အား အဆင့်လိုက် တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်လျက်ရှိပြီး ဆောက်လုပ်မှုပြီးစီးချိန်တွင်

အိမ်ခန်းပေါင်း တစ်သောင်းခန့်နှင့် စီးပွားရေးလုပ်ငန်းများအတွက် ဧရိယာစတုရန်းပေ ၁ ဒသမ ၇သန်း အထိရှိလာမည်ဖြစ်သည်။

ထို့ပြင် Yoma Central နှင့် The Penisulal Yangon သည် စုစုပေါင်းကြမ်းခင်းဧရိယာ ၂ ဒသမ ၄၄ စတုရန်းမီတာ ရှိသည့် Yoma Central သည် စုပေါင်းအိမ်ရာစီမံကိန်းတစ်ခုလည်းအကောင်အထည်ဖော် နေသည်။

Real Estate & Properties Read 56 times