ရိုးမစင်ထရယ်စီမံကိန်း၂၀၂၁အပြီးတည်ဆောက်မည်


02 November, 2020

 

ရန်ကုန်မြို့လယ်တွင်တည်ဆောက်မည့်ရိုးမစင်ထရယ်စီမံကိန်းကိုလေးနှစ်ကျော်အချိန်ယူတည်ဆောက်မည်ဟု Yoma Strategic Holding ကုမ္ပဏီမှအိမ်ခြံမြေလုပ်ငန်းအကြီးအကဲတစ်ဦးကပြောကြားကြောင်းသိရသည်။

မီးရထားရုံးချုပ်အဟောင်းကိုပြန်လည်ပြင်ဆင်သည့်Peninsula Hotelမပါဝင်ပဲအခြားအစိတ်အပိုင်းအားလုံး အတွက်ကန်ဒေါ်လာသန်း၆၀၀ကျော်ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

အိမ်ခြံမြေနှင့်ဆောက်လုပ်ရေးလောကတွင်နာမည်ရလာသောရိုးမမှတည်ဆောက်မည့်စီမံကိန်းသည်မူလတွင် land Mark Developmentစီမံကိန်းမှYoma Central Project ဟုပြောင်းလဲထားခြင်းဖြစ်ကြောင်းကိုလည်းသိ ရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ဆူးလေဘုရားလမ်းထောင့်ရှိမြန်မာ့မီးရထားရုံးချုပ်ဟောင်းကိုရှေးမူမပျက်ပြင်ဆင် ပြီးဟိုတယ်အဖြစ်အကောင်အထည်ဖော်ခြင်းအပါအဝင်လူနေအိမ်၊ရုံးခန်းများပါ ပါဝင်သောLand Mark Development Yoma Central တည်ဆောက်ရေးစီမံကိန်းစတင်နေပြီးဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့လယ်ရှိမြေ၁၀ဧကပေါ်တွင်လုပ်ဆောင်မည့် စီမံကိန်း၌Peninsulaဟိုတယ်အပြင်ရုံးခန်းများပါရှိသော တာဝါနှစ်လုံး၊ဟိုတယ်တစ်လုံးနှင့်လူနေအိမ်ခန်း(Apartment)များပါဝင်မည်ဖြစ်ကြောင်းသိရသည်။

FMIကုမ္ပဏီ၏ယခုစီမံကိန်းသည်သန်လျင်မြို့နယ်စတားစီးတီးအိမ်ရာစီမံကိန်းကဲ့သို့ရင်းနှီးမြှုပ်နှံမှု ပမာဏများပြားသည့်စီမံကိန်းဖြစ်ပြီးဟိုတယ်နှင့် အဆောက်အအုံများတည်ဆောက်မှုတွင်FMIအတွက် ပွဲဦးထွက်စီမံကိန်းဖြစ်ကြောင်းလည်းသိရသည်။

စီမံကိန်းတွင်FMIမှ၁၂ရာခိုင်နှုန်းနှင့်Yoma Strategic မှ ၄၈ရာခိုင်နှုန်းဖြင့်ရင်းနှီးမြှုပ်နှံမှု၆၀ရာခိုင်နှုန်းဖြစ်ပြီး ဂျပန်နိုင်ငံမစ်ဆူဘီရှီကော်ပိုရေးရှင်းမှ၃၀ရာခိုင်နှုန်း၊The International Finance Cor-poration(IFC)မှ ၅ ရာခိုင်နှုန်း၊အာရှဖွံ့ဖြိုးရေးဘဏ် (AGD)မှ ၅ ရာခိုင်နှုန်းဖြင့်ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။Peninsula Yangon ဟိုတယ်စီမံကိန်းအား FMIမှ၆ရာခိုင်နှုန်း၊Yoma Strategic မှ ၂၄ ရာခိုင်နှုန်း၊Hongkong and Shanghai Hotels Limitedမှ ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားကြောင်းသိရသည်။

imyanmarHouse

Local Office and Retail Read 33 times