YDA မှ Myanmar’s Property Leading Show ကို ကျင်းပ မည်


16 November, 2020

မြန်မာ့အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာမှ ပါ၀င်ဆောင်ရွက်သွားဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ Young Developer Association (YDA) မှ ကြီးမှူးကျင်းပမယ့်

Myanmar’s Leading Property Show 2017 ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နှင့် (၁၀) ရက်နေ့ ရန်ကုန်မြို့ Lotte Hotel (Grand Crystal Ballroom) တွင် နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကအိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ Corporate Social Responsibility (CSR) လုပ်ငန်းတွေမှာ အားတက်သရော ပါ၀င်သွားမယ်လို့ YDA အဖွဲ့က အထူးရည်ရွယ်ထား သည်။

ဒီဇင်ဘာလအတွင်းမှာ ကျင်းပမယ့် အိမ်ရာအရောင်းပြပွဲကြီးမှာ ၀န်ဆောင်မှုအပြည့်အစုံနဲ့ အဆင့်မြင့်တည်ဆောက်ထားတဲ့ အိမ်ရာပရောဂျက်ပေါင်း (၁၅၀) ကျော် ပါ၀င်ပြီး YDA ကို အဖွဲ့ဝင်ပေါင်း ၂၁ ခုနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။

YDG 2

 

ပြပွဲတွင် ပြသမည့် ဆောက်လုပ်ရေးကုမ္ပဏီများက Naing Group Capital, Shwe Zabu Deik Construction, Yadana Myaing Construction, Nay Gaba Myanmar Construction, Living Square, Ngapali Construction, IME Property Co., Ltd, Resource Group Global, အောင်မြင်ပြည့်စုံ ဆောက်လုပ်ရေး၊ Maggin Construction, Sustain Development, Sun Myat Tun Construction, Nation Light Construction,

***သင်စိတ်ဝင်စားနိုင်သော မရမ်းကုန်းမြို့နယ်၊အလုံမြို့နယ်၊ကမာရွတ်မြို့နယ်၊နှင့် တောင်ဥက္ကလာမြို့နယ်များရှိ အရစ်ကျဝယ်ယူရရှိနိုင်သော တိုက်ခန်းများ***

IGreen Development and Engineering Group, MKT Construction, Wa Minn Co., Ltd အစရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ၁၆ ခုမှ ပါ၀င်ပြသပြီး အိမ်ယာများကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

YDA အဖွဲ့ဝင်များမှ တည်ဆောက်ထားတဲ့ အိမ်ရာတွေကတော့ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ ပိုင်ဆိုင်မှုစိတ်ချရသည့် မြေကွက်များပေါ်တွင် ဆောက်လုပ်ထားသော အိမ်ရာများနှင့် အချိုးကျမြေပိုင်ဆိုင်ခွင့် ပါရှိနိုင်တဲ့ အိမ်ရာများကို ရွေးချယ်ဝယ်ယူနိုင်ရန်အတွက် တစ်နေရာတည်းမှာ အမျိုးအစားအစုံအလင်နဲ့ ပြသရောင်းချသွားမှာ ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် အိမ်ယာများကို မှန်ကန်သောစျေးနှုန်းဖြင့် ကွန်ဒို၊ တိုက်ခန်းများကို အထူးအစီအစဉ်တွေနဲ့ ရောင်းချသွားမည်ဖြစ်ပြီး Shwe Property မှ Exclusive Marketing ကုမ္ပဏီအနေဖြင့် ပြပွဲကို တာဝန်ယူ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

Events Read 104 times