ရေတံခွန်တောင်စီးတီးစီမံကိန်း


28 December, 2019

ရေတံခွန်တောင်စီးတီးစီမံကိန်းသည် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီး တည်ရှိပြီး မန္တလေးမြို့နှင့် လေးမိုင်အကွာတွင် တည်ရှိသည်။

အကျယ် ၅၅ဝ ဧကခန့်ရှိသော ရေတံခွန်တောင်စီးတီးစီမံကိန်းကို ဖွံ့ဖြိုးသစ်ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောက်လုပ်နေခြင်း ဖြစ်၍ ထိုစီမံကိန်းတွင် International School အပြင် ဟိုတယ်နှစ်လုံး၊ Shop House များ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံပါဝင်သော Water Park တစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းအတွက် လိုအပ်သည့် Master Plan ကို ပြင်သစ် ဗိသုကာကုမ္ပဏီ Archetype Architect Group မှ တာဝန်ယူဆောင်ရွက်ပြီး လိုအပ်သည့် စီမံခန့်ခွဲမှုများအတွက် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ MAA အား ငှားရမ်းထားသည်။

အိမ်ရာများ ဆောက်လုပ်ရန်အတွက် တရုတ်နိုင်ငံ CSCEC ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရေတံခွန်တောင်စီးတီးစီမံကိန်းတစ်ခုလုံးမှာ လာမည့် ၆ နှစ်အတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ပထမဆုံးအဆင့်အနေဖြင့် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ကာ ဇန်နဝါရီ ၂၉ ရက်ကစတင်၍ ပေ ၆ဝ ပတ်လည်မြေကွက်များကို တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ရောင်းချနေသည်။

Real Estate & Properties Read 96 times