ရန်ကုန်မြို့ပြဖွံ့ ဖြိုးရေးပင်မစီမံကိန်းပုံစံ


24 November, 2020

ကျပ်ဘီလီယံ ၁,၅ဝဝကျော်ဖိုးရှိ စီမံကိန်းကိုးခုအပါအ ဝင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ၁၂ ခု ဆောင်ရွက်ရန်

တိုင်းအစိုးရက ရန်ကုန်တိုင်းလွှတ်တော်သို့ မေလ၃
ရက်တွင် တင်ပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအစီရင်ခံစာများ ၂ဝ၁၈-၂၁ ကို တိုင်းအစိုး
ရအဖွဲ့ က လွှတ်တော်သို့ တင်ပြခဲ့သည်။

ယခုတင်ပြသည့် စီမံကိန်း များသည် မဟာရန်ကုန်မြို့ပြဖွံ့ ဖြိုးရေးပင်မစီမံကိန်းပုံစံ (Greater Yangon 2040 Master Plan) နှင့်အညီ ကောင်းမွန်သော မြို့ပြ ကောင်းတစ်ရပ်

ဖော်ဆောင်နိုင်ရန်ဖြစ်သည်ဟု ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး မှ လွှတ်တော် တွင် ပြောသည်။

မြို့ပြ အလျင်အမြန်ဖွံ့ဖြိုး တိုးတက်လာမှုကြောင့် ဆယ်စုနှစ် နှစ်ခုအတွင်း လူဦးရေ ၁၀ သန်း ကျော်ဖြင့် မြို့ကြီး Mega City အဖြစ်သို့ ရောက်ရှိလာမည့်ရန် ကုန်မြို့အတွက်ပါ ဟု ၎င်းက ပြောသည်။

တင်ပြသည့် စီမံကိန်းများ သည် မြို့ပြသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု စီမံကိန်းများ၊ အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းများ၊ စက်မှုကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းများ၊ ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပြည်သူ့ဘဝမြှင့်တင် ရေး မြို့သစ်စီမံကိန်းတို့ဖြစ်သည်။

 

စက်မှုကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများသည် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)ရှိ မြေဧက ၁၆,၀၀၀ ကျယ် သော Smart and Eco City စက်မှုဇုန်စီမံကိန်းနှင့်
ဧက ၉,၀၀၀ ရှိ ဒဂုံ မြို့သစ် ခေတ်မီစက်မှုဇုန်တို့ဖြစ် သည်။

ရန်ကုန်မြို့သစ်စီမံကိန်း၏ ရှေ့ပြေးစီမံကိန်းဖြစ်သည့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းပြည်သူ့ဘဝမြှင့် တင်ရေးမြို့သစ်စီမံကိန်းသည် မြေဧက ၂,၄၀၀ အသုံးပြုမည်ဖြစ်သည်။

အဆိုပါစီမံကိန်းအတွက် ကုန်ကျစရိတ်ကို လေ့လာတွက် ချက်ဆဲဖြစ်ပြီး စီမံကိန်းကာလသည် ၂ဝ၁၈ မှ ၂ဝ၂၆ အထိ ကာလရှည်ဖြစ်သည်ဟု ပြောသည်။

မြို့ပြသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု စီမံကိန်းများသည် ငွေပင်လယ် ကုန်းတွင်းဆိပ်ကမ်းနှင့် ကုန် သေတ္တာလွင်ပြင်နှင့် စမ်းကြီးဝပို့ ဆောင်ရေးဗဟိုစီမံကိန်းတို့ဖြစ် ပြီး

ကာလလတ်စီမံကိန်းများဖြစ် သည်။ ငွေပင်လယ်စီမံကိန်းသည် ဧက ၂ဝဝ ခန့်ရှိပြီး ကျပ်ဘီလီယံ ၁၅ဝ ကုန်ကျမည်ဖြစ်ကာ စမ်းကြီးဝစီမံကိန်းသည် မြေ ၆၄၂ ဧကရှိပြီး ကျပ် ၁၉၂ ဘီလီယံကုန်ကျမည် ဖြစ်ကြောင်း၊

စီမံကိန်းကာလ သည် ၂ဝ၁၈ မှ ၂ဝ၂၃ အထိဖြစ် ကြောင်း တိုင်းအစိုးရက တင်ပြ သည်။

အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း များသည် စုစုပေါင်းကျပ်ဘီလီယံ ၁,ဝဝဝ ကျော်ဖိုးရှိ ဒဂုံဆိပ်ကမ်း အိမ်ရာ၊ ပုဇွန်တောင်ရှိ ပြည်တော်သစ်အိမ်ရာ၊ အင်းစိန်မြို့နယ်ရှိ ကြို့ကုန်းအိမ်ရာ၊ ရန်ကင်းအိမ်ရာ နှင့် စမ်းချောင်းမြို့နယ် ဝေဠုဝန် အိမ်ရာစီမံကိန်းတို့ဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်း များသည် မရမ်းကုန်းဗီလာအဆင့် မြင့်စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုး ရေးစီမံကိန်းနှင့် ပါရမီအဆင့်မြင့် စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးတို့ ဖြစ်သည်။ အဆိုပါစီမံကိန်းများ သည် ကျပ် ၁၂၅ ဘီလီယံနှင့် ကျပ်၃၂ ဘီလီယံ အသီးသီးကုန်ကျမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် မှ အဆိုပါစီမံကိန်းများနှင့်ပတ်သက် ၍ မြို့နယ်ထဲမှာ စက် မှုဇုန်နှစ်ခုပါလို့ ကြိုဆိုပြီး

ဒါပေမဲ့ လယ်သမားတွေကို မြေ ရာလျော်ကြေးပေးဖို့တွေတော့ ကျန်သေးသည် ဟု ပြောသည်။

တိုင်းအစိုးရ၏ အဆိုပါအစီ ရင်ခံစာနှင့်ပတ်သက်၍ လွှတ် တော်က ဆက်လက်ဆွေးနွေးရန် သဘောတူပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းရန် တိုင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။

Mixed Use and Urban Read 39 times