ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁) တင်ဒါအောင်ကုမ္ပဏီကို စက်တင်ဘာလတွင် ရွေးချယ်မည်


01 January, 2020

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း(၁) အကောင်အထည်ဖော်ဆောင်ရွက်ရန် စိတ်ဝင်စားသော ရင်းနှီးမြုပ်နှံမှုမည့် ကုမ္ပဏီ(၁၂)ခုအနက်

အရည်အသွေးပြည့်မီသော ဆန်ခါတင်ကုမ္ပဏီ (၁၀)ခု စာရင်း (shortlist)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ဆန်ခါတင်ရွေးချယ်ထားသော ကုမ္ပဏီ(၁၀)ခုတွင် တရုတ်ကုမ္ပဏီ(၄)ခု၊ ဖက်စပ်ကုမ္ပဏီ(၃)ခု၊ ပြင်သစ်၊ ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ကုမ္ပဏီတစ်ခုစီ ပါဝင်ထားသည်။

ကိုဗစ်ကြောင့် နှောင့်နှေးမှုများ ရှိခဲ့သည်။

တင်ဒါအောင်သည့် ကုမ္ပဏီအား နောက်ဆုံးဘိတ် ရွေးချယ်မှုကို ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်မည် ဖြစ်သည်။

ယခုရွေးချယ်ခံထားရသော ကုမ္ပဏီများသည် တင်ဒါအနိုင်ရရှိရန် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများကို ရယူနိုင်မည်ဖြစ်သည်။ နောက်တဆင့်၌ ကြိုတင်အရည်အသွေး ပြည့်မီသောအဆိုပြုလျှောက်လွှာများကို ဖိတ်ခေါ်သွားမည်ဖြစ်ကာ သဘောတူညီမှုစာချုပ် (Concession Agreement)ကို ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသောမိုးပျံလမ်းစီမံကိန်းဆောက်လုပ်မှုကုန်ကျစရိတ်အဖြစ် တစ်ကီလိုမီတာလျှင် ကန်ဒေါ်လာနှစ်သန်းခန့်ကုန်ကျမည့်ဟု အကြမ်းဖျင်းသတ်မှတ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

ဖြတ်သန်းသည့် မြို့နယ်များမှာ မင်္ဂလာတောင်ညွန့်၊ တာမွေ။ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မရန်းကုန်း၊ မင်္ဂလာဒုံနှင့် အင်းစိန်တို့ ဖြစ်သည်။

မိုးပျံလမ်းမကြီးသည် လေးလမ်းသွား ဖြစ်ပြီး အလျား ၂၇.၅ ကီလိုမီတာ ရှိသည်။

စီမံကိန်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ဖြစ်သည်။

Factory and Industrial Plant Read 31 times