စီမံကိန်း ၁၄၉ ခု ထည့်သွင်းထားသည့် ဒေသန္တရစီမံကိန်းဥပဒေကြမ်း ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်း


16 September, 2019


ရန်ကုန်တိုင်းဒေသကြီး တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ် ငန်း ၁၄၉ ခု ထည့်သွင်းထားသည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းဥပဒေကြမ်းကို စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့် သောင်းက ယမန်နေ့က ပြုလုပ် သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တင်သွင်း သည်။

ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက် ရေး အဘက်ဘက်မှ စိစစ်၍ အဆိုပါစီမံကိန်းများကို ထည့်သွင်းရေး ဆွဲထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ စီမံကိန်း ၁၄၉ ခုသည် ရန်ကုန်တိုင်းဒေသကြီးအစိုး ရဌာနစုံက ရေးဆွဲထားသည့် စီမံကိန်းလုပ်ငန်း ၈၀ နှင့် တိုင်းဒေသ ကြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းကော်မတီခုနစ်ရပ် က တင်သွင်းသည့် လုပ်ငန်းများ ဖြစ်သည်။

‘‘စီမံကိန်းလုပ်ငန်းတွေအ နေနဲ့ကတော့ ပြည်ထောင်စုက ချမှတ်ထားတဲ့ ပန်းတိုင်တွေ၊ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီတဲ့ ၁၉-၂၀ ဘဏ္ဍာနှစ်အတွက် စီမံကိန်း ရည်မှန်းချက်ကို အဆိုပြုရေးဆွဲ ခဲ့ပါတယ်’’ ဟု ဦးမြင့်သောင်းက ပြောသည်။

၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်ဒေသန္တရစီမံကိန်းဥပဒေကြမ်း တွင် ထည့်သွင်းထားသည့် စီမံကိန်းများသည် ရန်ကုန်ပရောဂျက် ဘဏ်တွင် ပါဝင်သည့် လုပ်ငန်း အများစုဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောသည်။

သို့သော် ယင်းဥပဒေကြမ်း တွင် စီမံကိန်းလုပ်ငန်းများစွာ ထည့်သွင်းထားပြီး မည်သို့ဆန်း စစ်မှုများပြုလုပ်၍ ထည့်သွင်း ထားသည်ကို ရှင်းလင်းစွာ မသိရ သဖြင့် လွှတ်တော်၌ အတည်ပြု ချက်ပေးနိုင်မည် မဟုတ်ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော် ဇေယျက ဆိုသည်။

‘‘အမှန်တော့ ဒါတွေထည့်ပြီ ဆိုရင် ဘာကြောင့် ထည့်လဲဆိုတာ၊ ဒီနေ့ ကျွန်တော်တို့ကော်မတီ မှာ ဆွေးနွေးတဲ့အခါမှာ ဒါကို မှတ် တမ်းအဖြစ်ပဲ ထားရှိမယ်။ ဒီစီမံ ကိန်း ၁၄၉ ခုမှာ တစ်ခုချင်း၊ တစ်ခု ချင်းကို အကြောင်းအရာတစ်ခု ချင်းအလိုက် ဘာကြောင့် ဒီလိုလျာ ထားတယ်။

 ဘာကြောင့် ဒေသန္တရ စီမံကိန်းဥပဒေမှာ ထည့်သွင်းထား တယ်ဆိုတာကို ခိုင်လုံသော အ ထောက်အထားနဲ့ အစိုးရက အ သေးစိတ် ရှင်းကိုပြရမယ်။ မရရင် ကျွန်တော်တို့က မှတ်တမ်းအဖြစ်ပဲ ထားဖို့ တင်ပြမယ်’’ ဟု

ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော် မတီအတွင်းရေးမှူးလည်း ဖြစ်သည့် ဦးကျော်ဇေယျက ပြော သည်။

 ထို့အပြင် ၂၀၁၉-၂၀ တွင် ဆောင်ရွက်နိုင်မည်မဟုတ်သည့် စီမံကိန်းများလည်း ပါဝင်နေသ ဖြင့် မှတ်တမ်းအဖြစ်သာ ထားရှိ စေလိုခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။အဆိုပါဥပဒေကြမ်းနှင့် ပတ် သက်၍ ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏

သဘောထားကို ဆက်လက်ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောသည်။

ထိုသို့ ဥပဒေကြမ်းအပေါ် ဆွေးနွေးရမည့်သူများတွင် ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော် မတီအမည်ကို ထည့်သွင်းခြင်း မရှိဘဲ ချန်လှပ်ခံခဲ့ရသည်ဟု ဦးကျော်ဇေယျက ဆိုသည်။

ယင်းဥပဒေကြမ်းအပေါ် ပြန်လည်ဆွေးနွေးမည့် ရက်အတိအကျကိုမူ ကြေညာထားခြင်း မရှိ သေးပေ။

Region Read 41 times