ကမ္ဘာ့နေထိုင်စရိတ်ကုန်ကျမှု အကြီးမြင့်ဆုံး မြို့တွေထဲမှာ ရန်ကုန်မြို့က အဆင့် ၁၁၇ ချိတ်


01 August, 2019

ဒီစာရင်းစစ်တမ်းကို Mercer သုတေသနအဖွဲ့က ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှရဲ့နိုင်ငံတွေထဲမှာ နေထိုင်စရိတ်ကုန်ကျမှု အကြီးမြင့်ဆုံးမြို့တော်တွေထဲမှာ စင်ကာပူက အဆင့်တစ် ချိတ်သွားခဲ့ပါတယ်။

 Mercer ဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ မြို့ပေါင်း ၂၀၉ မြို့ကို လေ့လာပြီးတဲ့နောက် ဒီစစ်တမ်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး ရန်ကုန်မြို့ရဲ့နေထိုင်မှုကုန်ကျစရိတ်ဟာ ကမ္ဘာ့ထိပ်တန်းမြို့တစ်ချို့ထက် ပိုများနေတာကို အံ့သြသင့်ဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။

 ဘရာဇီးနိုင်ငံက ရီယိုဒီဂျနေးရိုးမြို့၊ ပြင်သစ်နိုင်ငံက လိုင်ယွန်မြို့၊ ဂျာမနီက စတုဂတ်နဲ့ နုရင်ဘတ်မြို့၊ ဆွီဒင်နိုင်ငံက စတော့ခ်ဟုမ်းမြို့၊ ဂရိနိုင်ငံက အေသင်မြို့၊ အာဂျင်တီးနားက ဗျူနိုအေရိစ်မြို့၊ ကျူးဘားက ဟာဗားနားမြို့၊ ဗြိတိန်က ဘာမင်ဂမ်နဲ့ အဘာဒင်းမြို့၊ ကနေဒါက မွန်ထရီရယ်လ်မြို့နဲ့ အော့တာဝါမြို့၊ ဂျမေကာက ကင်းစတန်မြို့၊ ယူကရိန်းက ကိဗ်မြို့တွေထက်တောင် ရန်ကုန်မြို့က နေထိုင်စရိတ်ကုန်ကျမှု မြင့်မားနေတာကို မြင်တွေ့ရပါတယ်။

 ကမ္ဘာ့နေထိုင်မှုကုန်ကျစရိတ် အမြင့်မားဆုံးမြို့စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာက ဟောင်ကောင်ဖြစ်ပြီး ထိပ်ဆုံး ၁၀ နေရာအတွင်း အာရှတိုက်ကို ကိုယ်စားပြုတဲ့ မြို့အရေအတွက်က ရှစ်မြို့အထိ ပါဝင်နေပါတယ်။

 

ဒီစာရင်းစစ်တမ်းကို အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ အိမ်ရာဈေးကွက်၊ ကုန်ပစ္စည်းဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်၊ အဝတ်အထည်၊ နေအိမ်သုံးပစ္စည်းနဲ့ ဖျော်ဖြေရေးစတဲ့ အခန်းကဏ္ဍတွေအပေါ်မှာ အသုံးစရိတ် ဘယ်လောက်စိုက်ထုတ်နေရတယ်ဆိုတာကို အချိုးချတွက်ချက်ပြီး ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ Mercer က ရှင်းပြထားပါတယ်။

Region Read 55 times