လေးလမ်းသွားအဖြစ် ပေါ်ထွန်းလာခဲ့ပြီဖြစ်သော ရန်ကုန်-ပြည်လမ်းမကြီး


10 December, 2020

 ရန်ကုန်တိုင်းဒေသကြီး (မှော်ဘီ၊တိုက်ကြီး )လမ်းပိုင်းအကျယ် ၄၈ ပေနှင့် လမ်းအရှည် ၂၇ မိုင် ၅ ဖာလုံ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းသစ်ကြီးကို မက်စ်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ B.O.Tစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည်။

 ရန်ကုန်-ပြည်-ကွေး လေးလမ်းသွားလမ်းမကြီးစီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် မှော်ဘီ-တိုက်ကြီးလေးလမ်းသွား ကတ္တရာလမ်းမကြီးမှာ အကျယ် ၄၈ ပေနှင့် လမ်းအရှည် ၂၇ မိုင် ၅ ဖာလုံရှိသည်။ လမ်းနှင့် မလွတ်ကင်းသော ဓာတ်တိုင်များကို ပြောင်းရွေ့ခြင်း၊ သစ်ပင်များရှင်းလင်းခြင်းတို့အပြင် တံတားနှင့် ရေထုတ်ပြွန် ၆၄ စင်း၊ ကွန်ကရစ်လုပ်ငန်းပမာဏ ၁၅၆၅၀၀ ကုဗမီတာ၊ ကတ္တရာကွန်ကရစ်ပမာဏ တန် ၁၉၄၅၀၀၊ မြေကြီးကျင်း ၁၂၃၀၀၀၊ ဂျပန်နည်းပညာဖြင့် ဆောင်ရွက်ခဲ့ရာ စုစုပေါင်းငွေကျပ် ဘီလီယံ ၅၀ ထိ ကုန်ကျ သုံးစွဲခဲ့ကြောင်း သိရသည်။

 ယခု ဖွင့်လှစ်သော (မှော်ဘီ-တိုက်ကြီး) အကျယ် ၄၈ ပေ လေးလမ်းသွားလမ်းပိုင်းကဏ္ဍ ဆောင်ရွက်ပြီးနောက် တိုက်ကြီး-သာယာဝတီ လေးလမ်းသွားကတ္တရာလမ်း စတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Mixed Use and Urban Read 82 times