ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် ပြင်ပရှိ မြို့နယ်များမှာ စက်မှုဇုန်များကို ဖော်ဆောင်မည်


13 July, 2020

ဇူလိုင် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် ပြင်ပရှိ မြို့နယ်များအလိုက် စက်မှုဇုန်များ ဖော်ဆောင်မည်ဖြစ်ကြောင်း ပြောထားသည်။

စည်ပင်သာယာနယ်နိမိတ် ပြင်ပရှိ မြို့နယ် ၁၂ မြို့နယ်ရှိကြောင်း၊ကိုကိုးကျွန်းသည်သွားရလာရဝေး၍ ကျန် ၁၁ မြို့နယ်တွင် စက်မှုလုပ်ငန်များချဲ့ထွင်ချင်ကြောင်း၊၎င်းဒေသတွင်နေသူများအနေနှင့်ရန်ကုန်တွင်အလုပ် လာလုပ်စရာမလိုဘဲ မိမိဒေသတွင်သာအလုပ်များ စီးပွားရေးများလုပ်နိုင်မှာဖြစ်ကြောင်း၊စက်မှုလုပ်ငန်းများကို အချိုးညီ လုပ်သွားချင်ကြောင်း၊ရန်ကုန်မြို့တွင်းပဲ စည်ကားဖွံ့ဖြိုးတာမျိုးမဟုတ်ဘဲ ရန်ကုန်ကိုဝန်းရံထားသည့် မြို့နယ် ၁၁ မြို့နယ်ပါ ဖွံ့ဖြိုးတိုးတက်လာဖို့ အချိုးညီမျှတအောင်လုပ်မှာဖြစ်ကြောင်း ပြောထားသည်။

ရန်ကုန် မြို့တွင်းနှင့်မြို့ပြင် အချိုးညီမျှတအောင် စက်မှုဇုန် များတည်ဆောက်ခြင်းကို ဆောင်ရွက်ရန်စီစဉ်နေကြောင်း၊စက်မှုလုပ်ငန်းများဖော် ဆောင်ပေးနိုင်ပါက ယင်းမြို့နယ်များသည် ရန်ကုန်မြို့တွင်းဧရိယာကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှိလာမည်ကြောင်း၊လက်ရှိ ရန်ကုန်မြို့တွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိပြီးဖြစ်ကြောင်းသိရသည်။

ရှိပြီး စက်မှုဇုန် ၂၉ ဇုန်တွင် လမ်း၊ မြေ၊ ရေ၊ ရေဆိုးစွန့်ပစ်မှုနှင့် အခြေခံအဆောက်အအုံ စသည့်လိုအပ်ချက်များရှိနေသေးသည့်အတွက် ပြန်လည်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

Region Read 35 times