ပွင့်လင်းရာသီတွင် စတင် အကောင်အထည်ဖော်တော့မည့် ရန်ကုန်မြို့သစ် စီမံကိန်း


02 November, 2020

 

ရန်ကုန်မြို့ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင်အကောင်အထည်ဖော်မည့်ရန်ကုန်မြို့သစ်စီမံကိန်းကို ယခုနှစ် မိုးရာသီကုန်တွင်မြေပြင်အကောင်အထည်ဖော်ခြင်းများစတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်မှပြောကြားကြောင်းသိရသည်။

ရန်ကုန်မြို့၏တိုးပွားနေသောလူဦးရေကိုလျှော့ချနိုင်ရန်အတွက်ရန်ကုန်မြို့သစ်စီမံကိန်းအားလာမည့်ပွင့်လင်း ရာသီတွင်စတင်အကောင်အထည်ဖော်နိုင်မည့်အခြေအနေရှိကြောင်းသိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအားကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိအေးရွာအပါအဝင်တွံတေးမြို့နယ်၊ကြည့်မြင်တိုင် မြို့နယ်နှင့်ဆိပ်ကြီးခနောင်တိုမြို့နယ်တို့၏ခန့်မှန်းခြေဧရိယာသုံးသောင်းခန့်တွင်အကောင်အထည်ဖော် တည်ဆောက်သွားရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်မှုနှင့်ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးပြန်လည်စတင်လျှင်ဆွေးနွေးမည် ဖြစ်ပြီးတိုင်းလွှတ်တော်တွင်ဆွေးနွေးပြီးလွှတ်တော်ခွင့်ပြုချက်ရမှသာတည်ဆောက်ခွင့်ရမည်ဖြစ်ကြောင်း၊ ထိုသို့ခွင့်ပြုပြီးမှသာဥပဒေနှင့်ညီမည်ဖြစ်ကြောင်းသိရသည်။

ယခင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်လက်ထပ်ကလည်းရန်ကုန်မြို့သစ်စီမံကိန်းကိုရန်ကန်မြို့သစ် စီမံကိန်းအားရန်ကုန်မြို့အနောက်ဘက်ကြည့်မြင်တိုင်မြို့နယ်၊ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့်တွံတေး မြို့နယ်များတွင်တည်ရှိပြီးပန်းလှိုင်မြစ်နှင့်တွံတေးတူးမြောင်းကြား၊လှိုင်မြစ်နှင့်လှိုင်သာယာ-တွံတေး ကားလမ်းကြားရှိမြေနေရာများတွင်အကောင်အထည်ဖော်ရန်လျာထားပြီးလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ထိုစီမံကိန်းကိုလူသိနည်းသည့်အများပိုင်ကုမ္ပဏီတစ်ခုကိုတရားဝင်လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းကြောင့်ဝေဖန်မှု များစွာထွက်ပေါ်ခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်အဆိုပြုချိန်တွင်လွှတ်တော် ကိုယ်စားလှယ်များ၏ကန့်ကွက်မှုကိုရင်ဆိုင်ခဲ့ရကြောင်း၊ထို့နောက်ယင်းစီမံကိန်းမှာရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်တည်ဆောက်ရေးတွင်အကောင်အထည်ဖော်တည်ဆောက်မည့်ကော်မတီအမည်အား”New Yangon Development Corporation”ဟုအမည်ပေးထားပြီးယင်းလုပ်ငန်းကော်မတီအားယခုအစိုးရလက်ထက်၂၀၁၇ခုနှစ် ဖေဖော်ဝါရီလကပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ယခင်အစိုးရလက်ထက်တွင်စာချုပ်ချုပ်ဆိုခဲ့သော ကုမ္ပဏီများကိုစာချုပ်ဖျက်သိမ်းပြီးတိုင်းဒေသကြီးအစိုးရမှရာနှုန်းပြည့်ကြီးကြပ်ကွပ်ကဲရန်စီစဉ်ပြီးအသစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှသိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကိုအကောင်အထည်ဖော်တည်ဆောက်ရန်အတွက်လိုအပ်သောငွေကြေးများကိုနိုင်ငံ တကာငွေကြေးဆိုင်ရာအဖွဲ့များ၊နိုင်ငံခြားချေးငွေများ၊ပုဂ္ဂလိကကဏ္ဍများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင်ရန်ကုန်မြို့သစ်စီမံကိန်းတွင်လျှပ်စစ်လုပ်ငန်းနှင့်ပတ်သက်ပြီးသီးခြားထုတ်လုပ်မှု၊သီးခြားဆက်သွယ်မှု လိုင်း၊ရေရရှိရေးများစသည့်လုပ်ငန်းများကိုပုဂ္ဂလိကကဏ္ဍများနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ရန်ကုန်မြို့သစ်စီမံကိန်းကိုအကောင်အထည်ဖော်နိုင်ခြင်းဖြင့်ကျူးကျော်ပြသာနာများ၊အလုပ်လက်မဲ့ ပြသာနာများရေပေးဝေမှုပြသာနာများ၊လျှပ်စစ်မီးပြသာနာများ၊လမ်းပိတ်ဆို့မှုပြသာနာများ၊မြေယာဈေးနှုန်းကြီး မြင့်ခြင်းပြသာနာများစသည်တို့ကိုဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

Myanmar Bussiness Today,imyanmarhouse

Mixed Use and Urban Local Read 25 times