ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၂)


12 December, 2020

ဂျပန်နိုင်ငံ (JICA)၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၂) တောင်ငူ-မန္တလေးရထားလမ်းပိုင်းအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် Construction Management Consultancy Services (CMC) တို့အကြား လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မေ ၂၂ ရက် နံနက်ပိုင်းတွင် မြန်မာ့မီးရထားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
 
အခမ်းအနားတွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က စာချုပ်လက်မှတ်ရေးထိုးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့် Construction Management Consultancy Services (CMC) မှ  Authorized  Representative Mr.Narentorn Yingyongrattanakul  တို့က ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း  အဆင့်မြှင့်တင်ရေးစီမံကိန်းအဆင့်(၂ တောင်ငူ-မန္တလေး ရထားလမ်းပိုင်း  အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် စာချုပ်လက်မှတ် ရေးထိုး ခဲ့ပြီး အပြန်အလှန် လဲလှယ်ခဲ့ကြောင်း သိရသည်။
 
အခမ်းအနားသို့ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်၊ Construction Management Consultancy Services (CMC) မှတာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ  တက်ရောက်ကြကြောင်း သိရသည်။

Source: Myawaddy
 

Region Read 23 times