ရန်ကုန်တိုင်းအစိုးရ ရောင်းသည့် မြေကွက် ဘယ်လို ဝယ်မလဲ


28 September, 2019

စီးပွားရေး၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် လူနေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရောင်းချသည့် မြေကွက်များကို ဝယ်ယူရန် ယနေ့ (အောက်တိုဘာ ၇) လူ သုံးထောင်နီးပါး လာရောက်လျှောက် ထားကြသည်။

မြေဝယ်ရန် မိုးမလင်းခင်ကပင် လာရောက်စောင့်ဆိုင်းကာ လျှောက်လွှာဝယ်ယူကြခြင်း ဖြစ်ပြီး ဝယ်ယူလိုသူ အလွန်များသောကြောင့် လျှောက်လွှာ နောက်ဆုံးရောင်းချသည့် မွန်းလွဲ ၃နာရီအထိ လျှောက်လွှာဝယ်ခွင့်မပြုဘဲ လှည့်ပြန်သွားရသူ များစွာရှိခဲ့သည်။ ယင်းမြေကွက်များကို မည်ကဲ့သို့ ဝယ်ရမည်၊ မည်သည့်အချက်များကို သတိပြုရမည်ဆိုသည်ကို Myanmar Builders Guide ပရိသတ်များ သိရှိနိုင်အောင် ဖော်ပြအပ်ပါသည်။

 

#ဘယ်လို ဝယ်မလဲ

------------------------

၁။ တောင်ဥက္ကလာပမြို့နယ် (၄/၆) ရပ်ကွက်၊ ဗြဟ္မာစိုလမ်းနှင့် သီလလမ်းထောင့် အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် လျှောက်လွှာဝယ်ယူရမည်။

 

၂။ လျှောက်လွှာဝယ်ယူရန် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင် ယူဆောင်သွားရန် (အသက် ၁၈နှစ်ပြည့် လဲပြီး မှတ်ပုံတင်ဖြစ်ရန်လိုသည်။)

 

၃။ လျှောက်လွှာ တစ်စောင်လျှင် ကျပ်တစ်သောင်း ပေးရမည်ဖြစ်ပြီး လူတစ်ဦးလျှင် လျှောက်လွှာ တစ်စောင်သာ ရောင်းချပေးသည်။

 

၄။ လျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ (နှစ်ပတ်) နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ရောင်းချပေးနေသည်။

 

၅။ လျှောက်လွှာများကို နိုဝင်ဘာလ ၈ ရက်နေ့ နောက်ဆုံးတင်ရမည်ဖြစ်သည်။

 

၆။ ဝယ်ယူသူက အဆိုပြုဈေးတင်ပြရမည်ဖြစ်သည်။

 

၇။ ကြမ်းခင်းဈေးသတ်မှတ်ချက်ထားရှိပြီး ယင်းဈေးနှုန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ထားသည့် ဈေးအပေါ်အခြေပြုမည်ဖြစ်သည်။

 

၈။ မြေဈေးနှုန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်ချင်းမရှိသေးပေ။ (ပေ ၄၀x၆၀ မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၆၀ ဖြင့်ရောင်းချမည်ဟု လျှောက်လွှာဝယ်ယူသူ အချို့ထံမှ သိရှိရသည်။)

 

#ဘယ်နေရာက မြေကွက်တွေကို ရောင်းမှာလဲ

----------------------------------------------------

 

၁။ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း စသော ဒဂုံလေးမြို့နယ်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ မြေကွက်များ၊ မှော်ဘီ မြောင်းတကာ သံမဏိစက်ရုံမြေကွက်များ ကိုရောင်းချမည်ဖြစ်သည်။

 

၂။ လူနေထိုင်ရန်အိမ်/ စီးပွားရေးလုပ်ကိုင်ရန် ယင်းမြေကွက်များကို ရောင်းချခြင်းဖြစ်သည်။

 

#သတိပြုရန်

--------------

 

၁။ မြေကွက်ဝယ်ယူမည့်သူများ လိုက်နာရမည့် အချက် ၁၃ ချက် သတ်မှတ်ထားပြီး ယင်းအချက်များကို မလိုက်နာလျှင် ရောင်းချသည့်မြေများ ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။

 

၂။ ခြောက်လအတွင်း မြေစည်ပင်စရိတ်များ ပေးသွင်းပြီးမှသာ မြေအသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မည့်သူများသည် ခြောက်လအတွင်း လုပ်ငန်းစတင်လုပ်ကိုင်ရမည်ဖြစ်ပြီး နေထိုင်မည့်သူများမှာလည်း ခြောက်လအတွင်း အဆောက်အအုံ ဆောက်လုပ်ရမည်ဖြစ်သည်။ ယင်းအပြင် ဝယ်ယူပြီးသုံးနှစ်အတွင်း အမည်ပြောင်းခွင့် မရှိပေ။

 

 

How To Read 112 times