မကြာမှီ အကောင်အထည်ဖော် တည်ဆောက်တော့မည့် ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်း ဆိုသည်မှာ


29 January, 2021

မကြာမှီ အကောင်အထည်ဖော် တည်ဆောက်တော့မည့် ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်း ဆိုသည်မှာ

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (Yangon Elevated Expressway Project) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မိုးပျံအမြန်လမ်းစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး၏ ထိပ်သီးဦးစားပေးစီမံကိန်းများအနက်မှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်တို့တွင်JICA ၏ ထောက်ပံ့မှုဖြင့် ရန်ကုန်မြို့၏ ပြည့်စုံသော မြို့ပြ သယ်ယူပို့ဆောင်ရေး အစီအစဉ်များ Comprehensive Urban Transport MasterPlan ကို ရေးဆွဲခဲ့ပါသည်။

YUTRA & YUTRA လေ့လာဆန်းစစ်ချက်မျာအရ ရန်ကုန်မြို့၏ လမ်းပန်းဆက်သွယ်မှု ပင်မအစီအစဉ် (city-wide Transport Master Plan) လိုအပ်လျက်ရှိပြီး ၎င်းတွင် Urban Transport Network, Expressway Network, Public Transport Network များ ပါဝင်ပါသည်။

Expressway Network အဖြစ် Inner Ring, Outer Ring နှင့် Radial Road Network များတည်ဆောက် သွားရပါမည်။

မိုးပျံအမြန်လမ်း စီမံကိန်းမှာ Inner Ring Road – IRR အဖြစ် တည်ဆောက် သွားမည်ဖြစ်သည်။ Ring Roads များသည် အာရှရှိ အကြီးဆုံးမြို့တော်များတွင် တည်ဆောက်ထားကြပြီး လမ်းပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်နှင့် လမ်းပန်းဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာစေရန်ဖြစ်ပါသည်။

(ဥပမာ- ဘန်ကောက်၊ ဆိုးလ်း၊ တိုကျို၊ ကွာလာလန်ပူ၊ ဒါကာ နှင့် တရုတ်နိုင်ငံရှိ မြို့များ)၊ အခြားသောနိုင်ငံများ၏ မြို့တော်များနှင့် နှိုင်းယှဉ်ပါက ရန်ကုန်မြို့၏ လမ်းအသုံးပြုအကျယ်အဝန်းမှာ အလွန်ပင်နည်းပါးနေပါသည်။ ရန်ကုန်မြို့၏လမ်းဧရိယာသည် စုစုပေါင်းမြို့ဧရိယာ၏ ၄.၅ %သာရှိပြီး ဘန်ကောက်သည် ၇ % ထိ ရှိပါသည်။

စီမံကိန်းကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု Public Private Partnership PPP အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပြီး စီမံကိန်း အကြံပေးအဖြစ် ကမ္ဘာ့ဘဏ်၏အဖွဲ့ဝင်ဖြစ်သော International Finance Corporation IFC မှ ဆောင်ရွက်လျက်ရှိပါသည်။

အရှည် ၄၇.၅ကီလိုမီတာရှိသည့် အတွင်းပတ်လမ်း Inner Ring Road ၏ အရှေ့ဘက်ခြမ်းနှင့် အရှေ့အနောက်ခြမ်း ၂၇.၅ ကီလိုမီတာကို စီမံကိန်းအပိုင်း (၁) Phase I လေးလမ်းသွားအမြန်လမ်းအဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် စီမံကိန်းတန်ဖိုးကြီးမားသည့် PPP အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ သန်း (၉၀၀)ကျော်ခန့် ရှိမည်ဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်သွားနိုင်ရန် ပြည်တွင်းနှင့်နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူများနှင့် အတွေ့အကြုံရှိဆောက်လုပ်ရေးကုမ္ပဏီများ အဖွဲ့အစည်းများအား ဖိတ်ခေါ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်းအပိုင်း(၁)အရ Comprehensive Urban Transport Plan ၏ ရည်ရွယ်ချက်ဖြစ်သော ရန်ကုန်မြို့၏ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုများအား အဓိက တောင်-မြောက်ဆက်လမ်းကို ဖောက်လုပ်ခြင်းအားဖြင့် ဖြေလျော့နိုင်ရန်နှင့်

လေဆိပ်သို့ဆက်သွယ်သောလမ်းအားဖောက်လုပ်ခြင်း အပိုင်းများပြီးစီးသွားမည်ဖြစ်ပါသည်။ အနာဂတ် စီမံကိန်းများ အတွက် စံနမူနာစီမံကိန်းတစ်ခုအဖြစ် ဖော်ဆော်နိုင်မည်ဖြစ်ပါသည်။

စီမံကိန်း၏စိတ်ဝင်စားမှု အဆိုပြုလွှာ Request Expression of Interest REOI ကို ၂၀၁၈ ခုနှစ် မေလတွင် ခေါ်ယူခဲ့ပြီး ကုမ္ပဏီ(၅၃)ခုမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း တင်ပြလာခဲ့ပါသည်။

အကြိုအရည်အချင်းစစ် အဆိုပြုလွှာ Request for Qualification RFQ ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင်ခေါ်ယူခဲ့ရာ Consortium အဖွဲ့(၁၂)ဖွဲ့မှ လျှောက်ထား လာခဲ့ပြီး အကြိုအရည်အချင်းစစ် အောင်မြင်သည့် Prequalified Bidders (၁၀)ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

စီမံကိန်းအတွက် စီမံကိန်းအဆိုပြုလွှာခေါ်ယူစာ Request for Proposal RFP ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ပေးထားပြီး အကြိုအရည်အချင်းစစ်အောင်မြင်ထားသည့် ကုမ္ပဏီအစုအဖွဲ့ Consortium များမှ RFP ပြန်လည်တင်သွင်းရမည်ဖြစ်သည်။

စီမံကိန်းအကျုံးဝင်သည့် နောက်ဆုံးရက်စွဲ Cut off Date ကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့အဖြစ်ကြေညာထားသည်။ စီမံကိန်း၏ အစိတ်အပိုင်းများအနေဖြင့် ၄လမ်းသွားမိုးပျံအမြန်လမ်းမကြီးနှင့် toll plaza များ၏ ဒီဇိုင်းရေးဆွဲခြင်း၊ engineering ပိုင်းဆိုင်ရာကဏ္ဍ၊

ငွေကြေးဆိုင်ရာဘဏ္ဍာရေးကဏ္ဍ၊ တည်ဆောက်ရေး ဆိုင်ရာ ဆောက်လုပ်ရေးကဏ္ဍ၊ လုပ်ငန်းလည်ပတ်ခြင်း နှင့် မွမ်းမံထိန်းသိမ်းခြင်းတို့ကို နှစ် (၃၅) PPP Concession Agreement အရ ဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။

Source and Photos – Credit

Factory and Industrial Plant Read 1488 times