အမေရိကန်ဒေါ်လာ (၂.၅၁) ဘီလီယံအကုန်အကျခံကာ ပြင်ဆင်မည့် ရန်ကုန်ဘူတာကြီး


01 January, 2020

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီးကို (၁၉၅၄) ခုနှစ်က စတင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့နေလူထုရဲ့ သွားလာရေးအတွက် အထောက်အကူပြုခဲ့သည်မှာ နှစ်(၆၀) ကျော်လာပြီဖြစ်သည်။

 

ထို့ကြောင့် ပြန်လည်အဆင့်မြှင့်တင်ရန် အတွက် (၂၀၁၄) ခုနှစ်တွင် JICA(Japan International Cooperation Agency) မှ လာရောက်လေ့လာမှုပြုလုပ်ခဲ့ပြီး မြန်မာ့မီးရထား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

 

ရန်ကုန်မြို့လယ်ရှိ (၂၅.၇) ဟက်တာ ကျယ်ဝန်းသော နေရာတွင် ရန်ကုန်ဘူတာကြီးကို အိမ်ရာနှင့် စီးပွားရေးစင်တာများ ပါဝင်သော ဗဟိုသယ်ယူပို့ဆောင်ရေး အချက်အချနေရာတစ်ခုအဖြစ် ပြောင်းလဲ လုပ်ဆောင်မည်ဖြစ်ပြီး ကုန်ကျစရိတ် စုစုပေါင်း ကန်ဒေါ်လာ (၂.၅၁) ဘီလီယံအထိ လျာထားကြောင်း သိရသည်။

 

စီးပွားရေး အဆောက်အအုံများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် အိမ်ရာတိုက်ခန်းများအပြင် စိမ်းလန်းသောဥယျာဉ်နှင့် ရထားလမ်းပြတိုက်တို့ ပါ၀င်မည် ဖြစ်ပြီး မှုဖွံ့ဖြိုးတိုးတက်မှုဇုန် (၆) ခု ပါဝင်မည်ဖြစ်သည်။ရန်ကုန်ဘူတာကြီး ဖွံ့ဖြိုးရေး စီမံကိန်းကို (၂၀၁၉ - ၂၀၂၀) ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။

 

ယခင်မြို့တော်ဟောင်းနှင့် စီးပွားရေးအချက်အချာဖြစ်သော ရန်ကုန်မြို့တွင် လူနေထူထပ်မှု တစ်စတစ်စ များပြားလာသဖြင့် မီးရထားလမ်းများ အဆင့်မြှင့်တင်မှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန်နှင့် သဘာပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို လျော့ချရန်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်လည်းဖြစ်သည်။

Local Factory and Industrial Plant Read 77 times