Yangon Aquarium


27 October, 2020

Yangon Aquaium စီမံကိန်းသည် ရန်ကုန်မြို့၊နတ်မောက်လမ်း ကန်တော်ကြီးတွင် တည်ဆောက် လျှက်ရှိသည့် ငါးပြတိုက်အဆောက်အဦးတစ်ခုဖြစ်သည်။

ယခင်ကန်တော်ကြီးရေချိုငါးပြတိုက်ကိုနိုင်ငံခြားသားဧည်သည်များအားဆွဲဆောင်နိုင်ရန်၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် စတင်ဆောက်လုပ်ခဲ့ပြီး၂၀၁၆ ခုနှစ် တွင် တစ်စိတ်တစ်ပိုင်းကို ဖွင့်လှစ်မည်ဟု သိရသည်။

ယင်းစီမံကိန်းတွင် အလုပ်သမားအင်အား၇၅၀ကျော်သုံးစွဲထားပြီး တစ်ပတ်လျှင် နာရီပေါင်း ၆၀၀၀ အလုပ်လုပ်ကြောင်းသိရသည်။

ထိုငါးပြတိုက်သည် ဧရိယာစတုရန်းပေ ၁၉၀,၀၀၀ ကျယ်ဝန်းပြီး ရေ ၅၀၀,၀၀၀ လီတာ အသုံးပြု သွားမည် ဖြစ်ကြောင်းသိသည်။ ထိုစီမံကိန်းတွင် ငါးများအတွက်ဆားငန်ရေများကို လဲလှယ်ပေးရန်ချောင်းသာမှ ဆားငန်ရေများကို ဝယ်ယူမည် ဖြစ်သည်။

ငါးပြတိုက်တွင် ငါးမန်းအပါအဝင်ငါးမျိုးစိတ်ပါင်း ၅၀၀ ထားရှိမည်ဖြစ်ပြီး မြန်မာငါးမျိုးစိတ်အပြင် သြစတြေးလျငါးမျိုးစိတ်များ၊ နိုင်ငံတကာငါးမျိုးစိတ်များပါဝင်မည်ဖြစ်ပြီး  ငါးမျိုးစိတ်တစ်သန်းနီးပါးခန့် ပြသထားမည်ဟုသိရသည်။

တင်ဒါနှင့်နောက်ခံသမိုင်းကြောင်း

၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန တင်ဒါရွေးချယ်ရေးကော်မတီဝင်ကိုးဦးမှ ကန်တော်ကြီးငါးပြတိုက်ကို အဆင့်မြှင့်တင်ရန်တင်ဒါလျှောက်လွှာရှင် များကိုကြေညာပေးခဲ့သည်။

The Myanmar Aquarium Company Limited (MACL) မှတစ်နှစ်လျှင် ကျပ်သန်းပေါင်း ၁၂၀ ဖြင့်တင်ဒါအောင်မြင် ခဲ့သော်လည်း ယခုအခါတွင် ကျပ်သန်းပေါင်း ၁၂၆ သန်းဖြင့်တိုးမြှင့်သွားကြောင်းသိရသည်။

လျှောက်လွှာရှင်ငါးဦးမှာကမာရွတ်မှ ယုယုဝင်းမှတစ်နှစ်လျှင် သန်း၁၂၀၊ ဗဟန်းမှ ယဉ်သက်ထွန်းမှ ၉၉.၉၉သန်း၊ ကမာရွတ်မှဇေယျာသူရမွန်မှကျပ်သန်း ၆၀၊ အင်းစိန်မှခင်သန့်ဇင်ဝင်းမှ ကျပ်သန်း၃၀၊ Junction Square မှပြည့်စုံအောင် မှကျပ်၂၅သန်းဖြင့်အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အများဆုံးထည့်ဝင်နိုင်မည့် ယုယုဝင်းမှ တင်ဒါအောင်သွားကြောင်းသိရသည်။

ယုယုဝင်းအား ကန်တော်ကြီးငါးပြတိုက်အဆင့်မြင့်တင်ဖို့အတွက် ၁၀ နှစ်သက်တမ်း ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ရက်နေ့မှ စတင်၍ အစိုးရမှ လွှဲပြောင်းပေးခဲ့ပါသည်။ ဒုတိယအကြိမ် သက်တမ်းမှာ ၅ နှစ်သက်တမ်းဖြစ်ပြီး မြေအောက်ငါးပြတိုက်ကို နှစ်နှစ်အတွင်း ပြီးစီးမည်ဟု သိရသည်။

ယခုအချိန်တွင် ဒုတိယထပ်ကို ကွန်ကရစ်လောင်းနေပြီဖြစ်ကြောင်းသိရသည်။

အဆောက်အဦး၊ ဒီဇိုင်း နှင့် ပါဝင်သည့်ကုမ္ပဏီများ

အဆောက်အဦးမှာ နှစ်ထပ်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ တည်ဆောက်ထား၍ စွမ်းအင်သုံးစွဲမှုလျော့ကျစေရန် အစိမ်းရောင်ခေါင်မိုးများ တပ်ဆင်ဆောက်လုပ်ထားကြောင်းသိရသည်။

ယင်းအဆင့်မြင့်တင်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း ကုန်ကျခံမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏အဓိက landmark ဖြစ်လာရန်မျှော်လင့်ထားကြောင်းသိရသည်။

ထိုစီမံကိန်းကို စင်ကာပူနိုင်ငံအခြေစိုက် surbana ကုမ္ပဏီမှ ဗိသုကာဒီဇိုင်းရေးဆွဲပေးထားပါပြီး စီမံကိန်းဖြစ်မြောက်ရေးအတွက်လည်း စီမံခန့်ခွဲပေးကြောင်းသိရသည်။

Min Dhama ဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်ထားသည့်အပြင် M&E ဒီဇိုင်း နှင့် civil အင်ဂျင်နီယာဒီဇိုင်းတို့ကိုလဲရေးဆွဲပေးထားပါသည်။ ယခုအချိန်တွင် ဒုတိယထပ်ကို ကွန်ကရစ်လောင်းနေပြီဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းအတွက် Min Dhama ကုမ္ပဏီမှ ဝန်ထမ်း၁၃ဦး နှင့် တင်ဒါနိုင် MACL မှဝန်ထမ်း၁၃ဦး ပါဝင်ပါသည်။ ယင်းစီမံကိန်းမှ ဓာတ်လှေခါးကို မြန်မာနိုင်ငံမှာ Hitachi Elevator ကုမ္ပဏီမှတာဝန်ယူတပ်ဆင်ပေးမည် ဟုသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from Myanmar Times, Eleven Myanmar, Surbana Jurong and other individuals,democracy today.

Institution Read 168 times