ရတနာပုံမြို့ သစ်စီမံကိန်းတွင် ကာစီနိုထည့် သွင်းတည်ဆောက်ရန် ခွင့်ပြုချက်တောင်းခံ


14 November, 2020

ပြင်ဦးလွင်မြို့နားတွင် အကောင်အထည်ဖော်မည့် ရတနာပုံမြို့သစ်စီမံကိန်းတွင် နိုင်ငံခြားများအား သီးသန့်ဝင်ခွင့်ပြုမည့် ကာစီနို လောင်းကစားရုံ ထည့်သွင်းတည်ဆောက်သွားရန်

ပြည်ထောင်စုအစိုးရထံ ခွင့်ပြုချက်တောင်းခံထားသည်ဟု မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့အနီးရှိမြေဧက ၁ဝ,ဝဝဝပေါ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးဆောင်ပြီး တိုင်းအစိုးရကြီးကြပ်မှုဖြင့် ရတနာပုံမြို့သစ်စီမံကိန်းအကောင်းအထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံမြို့သစ်စီမံကိန်းအား New Mandalay Resort City ဟုအမည်ပြောင်းရန်နှင့် ယင်းစီမံကိန်းတွင် နိုင်ငံခြားသားသီးသန့်ကာစီနိုလောင်းကစားရုံထည့်သွင်းတည်ဆောက်ရန်တိုင်းဝန်ကြီးချုပ်မှ သမ္မတရုံးအား တင်ပြထားကြောင်းသိရသည်။

ယဉ်ကျေးမှုနှင့်ပတ်သက်မှုများကို လေ့လာချင်သူများသည် ပုဂံ-ညောင်ဦးသို့သွားမည်။ထိုနေရာသည် အိန္ဒိယ-မြန်မာ-တရုတ်လမ်းကြောင်းပေါ်တွင်

ရှိနေသည့်အတွက်ငွေကြေးဖောဖောသီသီနှင့် အလုပ်လုပ်နိုင်မည့် နိုင်ငံခြားသားများလာမည့်အတွက်နာမည်ပြောင်းလဲမည့်အထဲတွင် resort ပါလာသောကြောင့် Passport ပြပြီးဝင်ကစားလို့ရမည့်

ကာစီနိုဖွင့်နိုင်ရန် သမ္မတရုံးကိုတင်ပြထားကြောင်း သိရသည်။

ယင်းကာစီနိုရုံကိုမြန်မာနိုင်ငံသားများ ဝင်ရောက်ကစားခွင့်ပြုမည်မဟုတ်ပဲ နိုင်ငံခြားသားများကိုသာ ဗီဇာနှင့် Passport များ ပြခိုင်းပြီးဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကာစီနိုရုံများသည် နိုင်ငံတကာတွင်သာမက လောက်ကိုင်၊မြဝတီ၊သူဌေးကျွန်းများတွင်လည်း ရှိနေပြီး လေလံယူထားသော နိုင်ငံခြားမှ လာလုပ်ကြောင်းသိရသည်။ထိုသို့လုပ်ပေးနိုင်လျှင်

အခွန်များရရှိပြီး ဝန်ဆောင်မှုများနှင့်ပတ်သက်မှုများလည်းပြန်ရမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံမြို့သစ်စီမံကိန်း(NewMandalayResortCity)အားဧရိယာသုံးပိုင်းခွဲကာလုပ်ဆောင်မည်ဖြစ်ပြီးစီမံကိန်း(Master Plan)ရေးဆွဲရန် ပြည်ပကုမ္ပဏီများကို အပ်နှံမည်ဖြစ်ပြီး

Master Plan ရေးဆွဲပြီးလျှင် ပြည်ပလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူပြီး စီမံကိန်းစတင်မည်ဖြစ်ကာ ယခုအစိုးရသက်တမ်းအတွင်းစီမံကိန်း၏ သုံးပုံတစ်ပုံပြီးစီးရန် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

Source:Duwun

Mixed Use and Urban Read 28 times