ရတနာပုံ မြို့သစ်စီမံကိန်းပြန်လည်အကောင်အထည်ဖော်ရန်ပြင်ဆင်


09 November, 2020

လွန်ခဲ့သော ခုနှစ်နှစ်ခန့်က ရပ်ဆိုင်းထားခဲ့ပြီး အကျယ်အဝန်းအနေနှင့် ဧကတစ်သောင်းရှိမည့် ရတနာပုံမြို့သစ်စီမံကိန်းကိုအကောင်အထည်ပြန်ဖော်ရန်မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြင်ဆင်လျက်ရှိကြောင်းသိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ပါဝင်နေသော ထိုမြို့သစ်စီမံကိန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ရာ စီမံကိန်းပုံသဏ္ဌာန်နှင့် စီမံကိန်းအမည် ပြောင်းလဲသွားနိုင်ကြောင်း၊

ယခုတွင် ကွင်းဆင်းလေ့လာမှုများနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ရတနာပုံမြို့သစ်နှင့်ပတ်သက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လုပ်ငန်းစီမံကိန်းကို အခြေပြုဖော်ဆောင်မည်ဖြစ်ပြီး

မူလကုမ္ပဏီများကို ပြန်လည်ဖိတ်ခေါ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး မှ အတည်ပြုပြောကြားခဲ့ကြောင်းသိရသည်။

အကောင်အထည်ဖော်ရန်အတွက် ပြည်ထောင်စုဝန်ကြီးများ လာကြည့်ပြီး ကျုးကျော်နေသူများအား စနစ်တကျ ဖယ်ရှားမည်ဖြစ်ကြောင်း၊စိုက်ပျိုးရေးနှင့်ပတ်သက်သော

မြေပေါ်တွင် ပန်း၊သီးနှံစိုက်ပြီး နိုင်ငံတကာပို့နိုင်ရန်လုပ်မည်ဟူသော မူလကအစီအစဉ်များ ရှိကြောင်းသိရသည်။

စက်ရုံအလုပ်ရုံများနှင့်ပတ်သက်သော စီမံကိန်းများ ရှိထားပြီး ပြန်လည် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပုံစံမတူကြောင်းသိရသည်။

မန္တလေးတိုင်းပြင်ဦးလွင်မြို့အနီးရှိ ယင်းစီမံကိန်းသည် ဧက တစ်သောင်းအကျယ်အဝန်းအတွက် ရေးဆွဲထားသည့်စီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် ယင်းစီမံကိန်းမြေပေါ်တွင်

လူနေအိမ်များအတွက် သတ်မှတ်အကွက်များ၊စက်ရုံ အလုပ်ရုံများအတွက် သတ်မှတ်ထားသည့်နေရာများကို ဖယ်ထုတ်လိုက်ပါက မြေလွတ်ဧက ၄ဝဝဝမှ ၆ဝဝဝကြားကျန်ရှိနေကြောင်း၊

လတ်တလောတွင် မှန်ဘီလူးစက်ရုံ၊တယ်လီဖုန်းဆက်သွယ်ရေးသင်တန်းကျောင်းတို့ အနေနှင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ထိုစီမံကိန်းအတွက်စီမံချက်များကိုပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း၊မွေးမြူရေး၊စိုက်ပျိုးရေးလုပ်ရန်မြေနေရာများပါကြောင်း၊လက်ရှိတွင် ကုမ္ပဏီများနှင့် တွေ့ဆုံမှုလုပ်နေကြောင်းသိရသည်။

စီမံကိန်းရပ်ဆိုင်းထားသဖြင့် ကျူးကျော်ဝင်ရောက်နေထိုင်မှုများ ရှိနေပြီး ပထမဦးဆုံး ကျူးကျော်နေထိုင်သူများကို ဥပဒေအရ ဖယ်ရှားသွားရမည်ဖြစ်ကြောင်း၊

အိမ်ရာစီမံကိန်းများ၊စက်ရုံ အလုပ်ရုံများ၊သီးနှံစိုက်ပျိုးသည့် ဧရိယာများကို မူလစီမံကိန်းအတိုင်း လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အပိုင်းများကို

ပြည်ထောင်စုအစိုးရမှ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရတနာပုံမြို့သစ်စီမံကိန်းသည် ၂ဝ၁၆ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ၂ဝဝဝပြည့်နှစ်ကာလအတွင်း ရပ်ဆိုင်းသွားသော စီမံကိန်းတစ်ခုဖြစ်သည်။

The Voice

Mixed Use and Urban Read 74 times