စင်ကာပူရှိ WP ဆောက်လုပ်ရေးလုပ်သားများ ဖြေလျော့မှု ပေးမည်


17 August, 2021

လုပ်သားအင်အား လိုအပ်ချက်များကြောင့် WP (work permit) လက်ဝယ် ရရှိထားတဲ့ ဆောက်လုပ်ရေး လုပ်သားများကို ဆက်လက်ထားရှိနိုင်ဖို့အတွက် ဖြေလျော့မှုများ ပြဌာန်းပေးသွားမှာ ဖြစ်ပါတယ်။
ရေကြောင်း သင်္ဘောကျင်း လုပ်သားများ၊ လုပ်ငန်းစဉ် လုပ်သားများတို့ကိုလည်း အလားတူ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီ ဖြေလျော့မှုတွေမှာ  တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ဖိလစ်ပိုင်တို့မှာ လာရောက်လုပ်ကိုင်နေတဲ့ လုပ်သားများ ပါဝင်ပါတယ်။ 
Covid-19 ကြောင့် ဝင်ခွင့်တွေ တင်းကျပ်ထားတာကြောင့် စင်ကာပူမှာ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်သားတွေ ဆက်လက်နေထိုင်လုပ်ကိုင်နိုင်စေဖို့ ဖြေလျှော့မှုတွေ ပြဌာန်းပေးတာ ဖြစ်ပါတယ်။ 

ဇူလိုင်လနဲ့ ဒီဇင်ဘာလအတွင်း သက်တမ်းကုန်တဲ့ WP ကိုင်ဆောင်ထားတဲ့ ပြည်ပလုပ်သားတွေ သက်တမ်း ၂ နှစ် တိုးခွင့်ပေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ပြဌာန်းထားတဲ့ အချက်တွေ မပြည့်စုံတာ ရှိရင်လည်း သက်တမ်းတိုးခွင့် ပေးမှာ ဖြစ်ပါတယ်။ 

 WP ကိုင်ဆောင်ထားတဲ့ ပြည်ပလုပ်သားတွေရဲ့ ၁၀ %  မှာ အဆင့်မြင့်တတ်ကျွမ်းလုပ်သား ပါဝင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ကုမ္ပဏီတွေ လိုက်နာဖို့ မလိုတော့ဘူး။ 

ဇူလိုင်လ ၁ ရက်ကစလို့ အလိုအလျောက် သက်တမ်းတိုးပြီးသားလို့ သတ်မှတ်တဲ့ အစီအစဉ်လည်း ရှိပါတယ်။ လုပ်ငန်းရှင်တွေအနေဖြင့် လာရောက်ဖို့ ရှိတဲ့ လုပ်သားတွေကို ကိုဗစ်ကြောင့် ခေါ်ယူလို့ မရခဲ့ရင် နောက်ထပ် ၆ လ သက်တမ်းထပ်တိုးပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။ 
 

Global Read 829 times