ကမ္ဘာ့ ဈေးအကြီးဆုံးနေအိမ် အဆောက်အအုံများ အပိုင်း ( ၁ )


01 January, 2020

နေအိမ်လို့ပြောလိုက်တာလူတွေရဲ့ စိတ်ထဲမှာ နွေးထွေးလုံခြုံမှုတွေ ၊ သက်တောင့်သက်သာရှိမှုတွေ ရရှိနိုင်တဲ့ နေရာတစ်ခုအဖြစ်သတ်မှတ်ထားလိမ့်မယ်။အဝေးတစ်နေရာရောက်နေရင် ကိုယ့်ရဲ့အိမ်လေးက ကျယ်သည်ဖြစ်စေ ၊ ကျဉ်းမြောင်းသည်ဖြစ်စေ လူတိုင်းက မိမိ နေအိမ်ကို အချိန်တန်ရင်ပြန်ရောက်ချင်ကြတာပါပဲ။ထို့အတူလူအများနည်းတူ ကမ္ဘာပေါ်ရှိလူချမ်းသာ တသိုက်ကလည်း အဆိုပါ အိမ်နဲ့ သူတို့ရဲ့နေထိုင်တဲ့ အိမ်တွေကို တန်ဖိုးထားကြပြီး ဇိမ်ခံပစ္စည်းတွေနဲ့ အလှ ဆင်ကြမှာပါပဲ။

အကယ်၍ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ကို ကြည့်မယ်ဆို အိမ်ရဲ့ နံရံတွေနဲ့ မျက်နှာကျက်တွေမှာရွှေတွေ အပြည့် နဲ့တွေ့မြင်ရမှာပါ။ထို့အပြင် Bill Gate ရဲ့ အိမ်ကြီးကို ကြည့်မယ်ဆိုရင်လဲ ဒေါ်လာ တစ်သိန်းကျော်တန် အိမ်အပြင်အဆင်ဒီဇိုင်းနဲ့ တွေ့ရမှာပါ။ထိုသူတွေအပြင် နေအိမ်ကို အကောင်းတက အကောင်းဆုံးနေတဲ့ လူတွေလည်းရှိပါတယ်။သိရှိလိုပါက ဆက်လက်ဖတ်ရှုရမှာဖြစ်ပြီးအောက်တွင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

ဒီလူတွေကတော့ စျေးကြီးကြီး ဗိသုကာ ပညာရှင်တွေ နဲ့ အိမ်တွေကိုနေရာချ တည်ဆောက်ထားတာဖြစ်ပြီး နည်းပညာကို အသုံးချကာ ဇိမ်ခံအိမ်များကို ဖန်တီးထားပုံဖော်ထားတာဖြစ်ပါတယ်။ကမ္ဘာ့ ကြီးကျယ်ခန်းနားဆုံးအိမ်ကြီးတွေကတော့ -

 

အိန္ဓိယ နိုင်ငံ မွန်ဘိုင်းမြို့မှ Antilia ခေါ် သူဌေးကြီး Mukesh Ambani နေအိမ်

==========================


ထိုစံအိမ်ကြီးဟာ အခြား သိန်းချီချမ်းသာတဲ့အိမ်တွေနည်းတူ ဇိမ်ခံပစ္စည်း အပြည့်အစုံနဲ့ အိမ်ကြီးတစ်လုံးပါပဲ ထို အိမ်ကြီးကိုတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးကုန်ကျခဲ့ပြီး တည်ဆောက်ချိန် ၄ နှစ်လောက်ကြာခဲ့ပါတယ်။ထိုအိမ်ကြီးက မှန်သားအပြည်နှင့်တည်ဆောက်ထားပြီး အိမ်ကို အလင်းရောင်ဝင်တယ်သိရကာ အထပ်အမြင့် ၂၇ ထပ်ရှိတယ်သိရပါတယ်။အကျယ်အားဖြင့် စတုရမ်းပေ ၄ သိန်းကျယ်ဝန်းပြီး ဟယ်လီကော်ပတာ လေယာဉ်ရပ်ရန် နေရာ ၃ ခု ၊ ရေကူးကန် ၅ ခုနှင့် လူ ၅၀ ခန့် ရုပ်ရှင်ရုံ ၊ အလှပြင်ခန်း ၊ ဧည့်ခန်းမ နဲ ရေခဲမုန့်အခန်းပါဝင်ပါတယ်။ထို Antilia စံအိမ်မှာ ဝန်ထမ်းပေါင်း ၆၀၀ ကျော်နေထိုင်ပါတယ်။


ပြင်သစ်နိုင်ငံ မှ Villa Leopolda ခေါ် သန်းကြွယ်သူဌေးမ Lily Safra ရဲ့နေအိမ်

==========================

Villa Leopolda - France | Expensive houses, Hollywood homes, Houses in  america


ပြင်သစ်စတိုင်ထိုအိမ်ကြီးကတော့ တိုက်တန်းယားသဖွယ်ကြွေပြားများ အပြည့်ဖြင့် လှပနေပါတယ်။ထို့အပြင် ပြင်သစ်နိုင်ငံရဲ့ ကမ်းခြေဒေသ French Riviera မှာရှိပါတယ်။အဆိုပါအိမ်ကြီးရဲ့ ယခင် ပိုင်ရှင်များကတော့ သမိုင်းမှာဆို ဂနွီ က ပိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်ကစလို့ ဆွစ်ဇလမ်မှ ဘဏ်သမား Edmond Safra ကပိုင်ဆိုင်ခဲ့ပါတယ်။အဆိုပါအိမ်ကြီးကို သမိုင်းဝင် အဆောက်အအုံကို အမေရိကန်မှ ဗိသုကာ ပညာရှင် Jr. Ogden Codman မှ ဘယ်ဂျီရယ် ဘုရင် y King Leopold II အတွက် ဒီဇိုင်းဆွဲပေးခဲ့တယ်သိရပါတယ်။

 

နယူးရောဇ့် မြို့မှ Fair Field ခေါ် အမေရိကန် သူဌေးကြီး Ira Rennert ရဲ့ နေအိမ်

==========================

Ira Rennert ကအမေရိကန်သန်းကြွယ်သူဌေးကြီးဖြစ်ပြီး သူ့ရဲ့ ၆၃ ဧကကျော် စံအိမ်ကြီးကို Fair Field လို့နာမည်ခေါ်တွင်စေပါတယ်။ထိုအိမ်ကြီးဟာ အမေရိကန်မှာ အကြီးဆုံးဖြစ်ပြီး ထိုအိမ်ကြီးထဲမှာ အိပ်ခန်းပေါင်း ၂၉ ခန်း ၊ ရေချိုးခန်း အိမ်သာ ၃၉ ခန်းနဲ့ ထမင်းစားခန်း ၃ ခန်း ပါဝင်ပါတယ် သည့်အပြင် ရေကူးကန် အကျယ်ကြီးနှင့် ၁၆၄ ခုံပါ ပြဇာတ်ရုံကြီး ရှိပါတယ်တဲ့ သည့်အပြင် တင်းနစ်ကွင်း ၂ ကွင်းရှိကာ ထိုအိမ်ကြီးက ကျယ်ဝန်းတာမို့ မီးအသုံးများတာကြောင့် မီတာခ မကုန်ကျစေရန် စွန့်ပြစ် ဓာတ်ငွေ့မှ လျပ်စစ်မီးရရှိရန် စီစဉ်ထားတယ်သိရပါတယ်။

Global Read 126 times