နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံး ဆေးဝါးစက်ရုံတည်ဆောက်မည်


01 August, 2019

ဒေါ်လာတစ်ဘီလီယံခန့်ရှိမည့် ကမ္ဘာ့အကြီးဆုံးဆေးဝါး စက်ရုံကို နေပြည်တော်တွင် တည်ဆောက်ရန် စင်ကာပူမှ လာ ရောက်ဆွေးနွေးခဲ့သည်ဟု ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်သည်။

 စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီ Yishan Biotechnology Pte.Ltd မှ ဥက္ကဋ္ဌနှင့် သံလွင်ဧရာ စိုက်ပျိုးရေးကုမ္ပဏီတို့က နေပြည်တော်တွင် စက်ရုံတည်ဆောက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် ဇူလိုင် ၃ ရက်က ဆွေးနွေးခဲ့သည်။

 ကင်ဆာ၊ ဆီးချို၊ ဝက်ရူးပြန်၊ အယ်လ်ဇိုင်းမား၊ အကိုက်အခဲ ရောဂါများအတွက် ဆေးဝါးထုတ် လုပ်မည်ဖြစ်ပြီး စက်ရုံတည် ဆောက်နိုင်မည်ဆိုပါက အမေရိကန်အခြေစိုက် Pfizer ကဲ့သို့သော နိုင်ငံတကာ ဆေးကုမ္ပဏီကြီးများ အသိအမှတ်ပြု အရည်အသွေးကောင်းမွန်သော ဆေးဝါးများဖြစ်လာမည်ဟု စင်ကာပူကုမ္ပဏီက ဆွေးနွေးခဲ့သည်။

 ယင်းအပြင် စက်မှုလျှော်ပင် (Industrial Hemp)၏ မျိုးစေ့ များကို ပြည်ပမှတင်သွင်း၍ ပြည်တွင်းတွင် မျိုးပွားစိုက်ပျိုးကာ ပြည်ပသို့ ပြန်လည်တင်ပို့နိုင်ရေး လုပ်ငန်းကို တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ယင်းကုမ္ပဏီ ကဆို သည်။

 ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က ‘‘လောလောဆယ်ကတော့ အစီအစဉ်ပဲ ဆွဲတုန်းရှိသေးတယ်။ အတိအကျတင်ပြတဲ့ အချက်အလက် မရှိသေးဘူး။ ဆွေးနွေးတာပဲ ရှိသေးတယ်။ လျှော်ကို အဓိကမဟုတ်ဘူး။ ဆေးဖက်ဝင်အပင်ကို စိုက်ဖို့။ ဒါပေမဲ့ မူးယစ်ဆေး နဲ့ ပတ်သက်တဲ့ဟာ ပါ၊ မပါ ကျွန်တော်တို့က သူတို့ ဘာပင်စိုက်မလဲဆိုတာ အသေးစိတ် တင်ပြခိုင်းထားပါတယ်’’ ဟု ပြောကြား သည်။

Region Factory and Industrial Plant Read 51 times