မြေချပါမစ်များနှင့် အိမ်ခြံမြေ ဂရန်များအတု ပြုလုပ်ရောင်းဝယ်နေမှုများကို အရေးယူရန်အတွက် စတင်ဆောင်ရွက်


04 December, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေချပါမစ်များနှင့် အိမ်ခြံမြေ ဂရန်များ ပြုလုပ်ရောင်းဝယ်နေမှုများကို အရေးယူရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယင်းမြေချပါမစ်အတုများ၊ဂရန်အတုများပြုလုပ်ပြီးမြေယာရောင်းချနေမှုများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် ဖြစ်ပေါ်လျက်ရှိပြီး လှိုင်သာယာမြို့နယ်တွင် အများဆုံးဖြစ်လျက်ရှိကြောင်းသိရသည်။

မြေချပါမစ်နှင့် ဂရန်အတုပြုလုပ်နေခြင်းများကို အရေးယူရန်အတွက် လွှတ်တော်တွင် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊မြို့ပြစီမံကိန်းနှင့်

မြေစံမံခန့်ခွဲရေး(စည်ပင်)၊တရားရေး၊ဥပဒေအရာရှိများ စုပေါင်းပြီး အစည်းအဝေးပြုလုပ်ပြီး လှိုင်သာယာမြို့နယ်တွင် အများဆုံးဖြစ်နေသည်။

ဆွေးနွေးမှုများ မပြီးသေးနောက်ထပ်အစည်းအဝေးများ လုပ်ရဦးမည်။ထိုသို့ဖြစ်ပေါ်နေမှုများကို မည်သို့အရေးယူမည်။မည်သို့လုပ်ဆောင်မည်ဆိုသည်ကို ဆွေးနွေးပြီးလျှင်

သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြပြီး မြေပြင်တွင် စစ်ဆေးအရေးယူမှု စတင်မည်ဖြစ်သည်။

လက်ရှိတွင် မြေချပါမစ်များ အတုပြုလုပ်ခြင်း၊ဂရန်များအတုပြုလုပ်ခြင်းတို့ကြောင့် မြေယာအငြင်းပွားမှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ဆေးပေါ်ပေါက်ပါက ပိုင်နက် ကျူးလွန်မှု ဥပဒေပုဒ်မ ၄၂၇ ဖြင့်သာ

အရေးယူဆောင်ရွက်နေရပြီး ယင်းဥပဒေမှာလည်း ခေတ်ကာလနှင့် မကိုက်ညီသောကြောင့် ဥပဒေပြန်လည်ပြင်ဆင်ပြီ မြေချပါမစ်နှင့် ဂရန်အတုပြုလုပ်နေမှုများကို ထိရောက်စွာအရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

Real Estate & Properties Read 37 times