ယခုနှစ် အိမ်ခြံမြေဈေးကွက် ကောင်းလာနိုင်မည်လား


17 November, 2020

ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ်တွင် အိမ်ခြံမြေစျေးကွက်အေးနေခဲ့သော်လည်း ယခုနှစ်တွင် ဖြစ်ပေါ်လာမည့် အဓိကအချက်ငါးချက်ကြောင့် ယခုနှစ်တွင်

အိမ်ခြံမြေ စျေးကွက်ကောင်းလာရန် အခြေအနေများရှိနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ပြောကြားကြောင်း သိရသည်။

အိမ်ခြံမြေစျေးကွက် အားကောင်းလာမည့်အဓိက အချက်ငါးချက်မှာ-

၁။ကွန်ဒိုမီနီယမ်နည်းဥပဒေထွက်ရှိလာခြင်း။

၂။မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ထွက်ပေါ်လာခြင်းကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ခြင်း။

၃။နိုင်ငံတော် ဒုသမ္မတ ၁နှင့် ပြီးခဲ့သည့်နှစ်ကုန်တွင်ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံရာတွင် အခွန်နှုန်းထားနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် လျှော့ချပေးမည့် အခြေအနေရှိနေခြင်း။

၄။ဘဏ်များမှ Call Deposit အား ၂ရာခိုင်နှုန်းအထိလျှော့ချလိုက်ခြင်းနှင့် လုပ်ငန်းရှင်များမှ ဘဏ်တိုးနှုန်းများကို် လျှော့ချပေးရန် တောင်းဆိုလာခဲ့ခြင်း။

၅။အမေရိကန်၊တရုတ်နိုင်ငံတို့မှ ပြည်တွင်းနှင့် လုပ်ငန်းများပူးပေါင်းလုပ်ဆောင်ရန် အခြေအနေများ ရှိလာခြင်းတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအနေဖြင့် အိမ်ခြံမြေစျေးကွက်ကောင်းမွန်လာရေးအတွက် အိမ်ခြံမြေဝင်ငွေခွန်နှုန်းထားမြင့်မားမှုအခက်အခဲအား လျှော့ချပြင်ဆင်သတ်မှတ်ပေးရန်၊

ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာတစ်နိုင်ငံလုံး၏ အိမ်ခြံမြေ တစ်ပေပတ်လည် မြေနှုန်းထားများကိုလည်း လက်ရှိပေါက်စျေးနှင့် ကိုက်ညီမှုရရှိစေရန် နှစ်စဉ် ပြင်ဆင်ပေးရန်၊

တစ်ပေပတ်လည် မြေနှုန်းထားများကို စံနှုန်းရယူရာတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏တိုင်းဒေသကြီး၊ပြည်နယ်များရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပြုရန်၊

တစ်ပေပတ်လည် မြေနှုန်းထားများကို အခွန်ထမ်းပြည်သူများအား ပွင့်လင်းမြင်သာစွာ ဖြင့် ကြိုတင်ဖြန့်ဝေပေးရန်တို့ကို နိုင်ငံတော်ဒုသမ္မတ ၁ နှင့် တွေ့ဆုံပွဲတွင် တင်ပြခဲ့ကြောင်း သိရသည်။

Real Estate & Properties Read 47 times