မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန် များပေါ်လာလျှင် မြေဈေးသည် ယခုထက်ပိုကျသွားမှာလား


24 November, 2020

စက်မှုဇုန် သစ် ၁၁ခုအားတိုင်းစည်ပင်သာယာမှ ကြီးမှူးကာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ရန်ကုန်စည်ပင်သာယာပြင်ပ နေရာများတွင် စက်မှုဇုန် များ ရှိချင်သည်။စည်ပင်သာယာနယ်နိမိတ်သာ ဖွံ့ဖြိုးတိုးတက်နေပြီးစည်ပင်သာယာပြင်ပမြို့နယ် များသည် နောက်ကျနေသည်။

ထိုနေရာများတွင်စက်မှုဇုန်မျာ တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းနေသည်။

ထိုစက်မှုဇုန်များကို တည်ဆောက်ခြင်းအားဖြင့် ရလာမည့်အကျိုးအမြတ်များကို တိုင်းအတွင်းမှပဲ မြို့နယ် အလိုက်ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လုပ်နိုင်ရန်အတွက် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်းသိရသည်။

စည်ပင်သာယာနယ်နိမိတ်ပြင်ပတွင်ရှိသော မြို့နယ် ၁၁ မြို့နယ်ကို စက်မှုဇုန် များပေါ်လာလျှင် မြေဈေးသည် ယခုထက်ပိုကျသွားနိုင်သည်။

အစိုးရသက်တမ်း၏ လာမည့်သုံးနှစ် အတွင်းတွင် တော်တော်လေး အကောင်အထည်ဖော်နိုင်မည့်အနေအထား ရှိပါသည်။

စည်ပင်သာယာနယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်က တိုင်းစည်ပင်သာယာမှ ကြီးမှူးပြီး အကောင်အထည်ဖော်မည်ဖြစ်သည်။

မြေများသည် လက်ရှိလယ်သမားများ ပိုင်သည့်လယ်ယာမြေများဖြစ်သည်။သို့သော်လည်း စက်မှုဇုန်မြေအဖြစ် အသုံးချခွင့် ရရန်ပြည်ထောင်စု အစိုးရအား တင်ပြမည် ဟု ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

လယ်သမားများထံမှ မြေရယူရာတွင်လည်း လျော်ကြေးကို လက်ရှိပေါက်ဈေးဖြင့်ပေးမည်ဖြစ်ပြီး လျော်ကြေးအဖြစ် လယ်သမားမှ ပိုင်ဆိုင်မှု၏ ၂ဝရာခိုင်နှုန်း ပြန်ရမည်ဖြစ်ကာ အစိုးရမှ ၈ဝရာခိုင်နှုန်း ရယူကာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။

ဆောင်ရွက်မည့် စက်မှုဇုန်များတွင် ဧက ၁ဝ၉၁ ဒသမ ၉၆ ရှိသည့် ကွမ်းခြံကုန်းစက်မှုဇုန်၊ဧက ၁ဝဝဝရှိသည့် ကော့မှူးစက်မှုဇုန်၊ဧက ၈၅ဝ ရှိသည့် တွံတေးစက်မှုဇုန်၊ ဧက၁ဝ၈၈ ရှိသည့် သန်လျင်စက်မှုဇုန်၊

ဧက ၁ဝ၅၁ ဒသမ ၃၆ ရှိသည့် ကျောက်တန်းစက်မှုဇုန်၊ဧက ၁ဝဝဝရှိသည့် ခရမ်းစက်မှုဇုန်၊ဧက ၁၈၇၁ ရှိသည့် သုံးခွစက်မှုဇုန်၊ဧက ၁ဝဝဝရှိသည့် တိုက်ကြီးစက်မှုဇုန်၊ဧက ၇၅ဝ ရှိသည့် မှော်ဘီစက်မှုဇုန်၊

ဧက ၁ဝဝဝ ရှိသည့် လှည်းကူးစက်မှုဇုန်၊ဧက ၁ဝဝဝ ရှိသည့် ထန်းတပင်စက်မှုဇုန် တို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Region Factory and Industrial Plant Read 28 times