အပြာသည် အေးဆေးတည်ငြိမ်သော သဘောရှိ၍ အဖြူသည် သန့်ရှင်းသပ်ရပ်သော သဘောရှိရာ အပြာနှင့် အဖြူကို ပေါင်းစပ်လိုက်သောအခါ ခေတ်မီဆန်းပြားပြီး အထူးခြားဆုံး ဖြစ်စေသည်။
1. Go Graphic

ဟောင်ကောင် Fiona Kotur ရှိ အိပ်ခန်းတစ်ခန်းတွင် Eero Aarnio ပူဖောင်းကုလားထိုင်ကို ချိတ်ဆွဲထားတဲ့ ပုံစံမျိူးပါ။ အနောက်က နံရံကပ်စက္ကူဟာလည်း အလန်းပါနော်။
2. Add a Classic Stripe

Miles Redd မှ အလှဆင်ထားသော Bahamas ရဲ့ အားလပ်ရက်မှာ အနားယူတဲ့အိမ်ရဲ့ စင်္ကြ ံဖြစ်ပါတယ်။ Benjamin Moore အပြာရောင် ဆေးသုတ်ထားပြီး နံရံမှာ စွန်ပလွံပင်များနှင့် တန်းစီထားပါတယ်။ ကောဇော်ကို အစင်းကြောင်းပုံစံချုပ်ထားတာဟာ ရိုးရှင်းပြီးတော့ လှပနေပါတယ်။
3. Choose Coordinating Wallpaper and Fabrics

ဒီဇိုင်နာ Friederike Kemp Biggs ရဲ့ New York City penthouse ထမင်းစားခန်းကို chinoiserie နံရံကပ်စက္ကူဖြင့် အလှဆင်ထားတာပါ။ နောက်က နံရံနဲ့ ခုံအစရှိသည့် အခြားသော အပြင်အဆင်တွေ လိုက်ဖက်ညီ၍ လှပလွန်းပါတယ်။
4. Add Chinoiserie Accents

Carolina တောင်ပိုင်းရှိ Charleston ၏ ရေချိုးခန်းကို Mario Buatta က အလှဆင်ပေးထားတာပါ။
5. Create a Mod Look

California သဲကန္တာရ ရှိ အိမ်တော်အတွင်းကို
Emily Summers က ဒီဇိုင်းဖော်ပေးထားတာပါ။ နံရံကို coveringlitis ဖြင့် ဖုံးအပ်ထားတာကတော့ ထူးခြားချက်ပါ။