ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် ယေဘုယျ တွက်ချက်နည်း


01 January, 2020

မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။ ၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး ၁ ကျင်းဆို ၁၀ ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာ မူတည်ပါတယ်။

အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိူးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။ သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။

တစ်တန်မှာရှိရမယ့် အချောင်းရေက

- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း 

- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း 

- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း 

- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း 

- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။ 

ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။ သံချောင်းတွေ ဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေရပါမယ်။ ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက်ဆို ရလောက်ပါတယ်။ 

အခုနောက်ပိုင်း မီတာနဲ့ သုံးလာပါတယ်။ ဆက်သွယ်ချက်က ၁ မီတာ 1 M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။ 

1 M မီတာ= 3.281 ပေ 

1 လက်မ= 25.4 mm မီလီမီတာ1 ( 1 m X 1 m) မီတာ စကွဲယား= 10.78 ပေစကွဲယား 

 

ကွန်ကရစ် 1 (1 m x 1 m x 1 m) မီတာကျု = 35.32 ကုဗပေ Cuft ရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင် ၁ ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။ 

အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။ 

ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။ ၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။ 

ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ်ကို သုံးရပါမယ်။တွက်တတ်လားမေးရင်တော့မသိပါဘူး။1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက လီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ ရပါလိမ့်မယ်။ 

သစ်တစ်တန်ဟာ ၁ လက်မပတ်လည်မှာ ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။ ၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။

 အုတ်စီခြင်း ခန်.မှန်းကုန်ကျမည့်စာရင်း

-------------------------------- 

လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ

- အုတ် ၄၀၀ လုံး

- ဘိလပ်မြေ ၃ အိတ်

- မြစ်သဲ ၁၀ ကုဗပေ 

၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ နှုန်း

- အုတ် ၇၅၀ လုံး

- ဘိလပ်မြေ ၅.၅ အိတ်

- မြစ်သဲ ၁၀ ကုဗပေ 

၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း

- ဘိလပ်မြေ ၁၉ အိတ်

- မြစ်သဲ ၄၉ ကုဗပေ

- မြစ်ကျောက်စရစ် ၉၂ ကုဗပေ 

၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း

- ဘိလပ်မြေ ၁၃ အိတ်

- မြစ်သဲ ၄၆ ကုဗပေ

- မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ 

မှတ်ချက်။ ။ ၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ။ 

သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ

 သဲတစ်ကျင်း = ၁၀၀ ကုဗပေ။

Construction Materials Tips Read 1345 times