လယ်ယာမြေနှင့် ဂရန်မြေ ပုံစံ(၇) ဆိုတာဘာလဲ

02 July, 2019

 ဒီနေ့ လယ်ယာမြေတွေဟာ ဂရန်မြေ သို့မဟုတ် မြေငှားစာချုပ်တို့နဲ့ ပုံသဏ္ဌာန် အတော်လေး တူသွား၍ စနစ်ကျသွားပြီးလို့ပြောရင် ပိုမှန်မည်ဖြစ်ပါသည်။

 

        ဒါ့ကြောင့် နည်းနည်းပါးပါး လွဲသွားရင် အများစုတူနေတဲ့ ဂရန်မြေ  (မြေဌားစာချုပ် )၊ အိမ်ခြံမြေ နှင့် အခြားအရေးကြီး စာချုပ်များ အကြောင်းကို အောက်ပါ အချက်များဖြင့် ဖော်ပြပေးထားပါသည်။

 

1. မြေ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံတော်ပင် ဖြစ်ပါသည်။

 

2. သားစဉ်မြေးဆက် လက်ဝယ်ထားပိုင်ခွင့် ရှိသည်။

 

3. မိမိမြေပေါ်မှ အကျိုးအမြတ်တို့ကို ခံစားပိုင်ခွင့် ရှိသည်။

 

4. မိမိဆန္ဒအလျှောက် ရောင်းချပိုင်ခွင့် ရှိသည်။

 

5. ပေါင်နံှပိုင်ခွင့် ရှိပါသည်။

6. ငှားရမ်းပိုင်ခွင့် ရှိပါသည်။

 

7. လဲလှယ်ပိုင်ခွင့်လည်း ရှိပါသည်။

 

8. ပေးကမ်းပိုင်ခွင့်လည်း ရှိပါသည်။

 

9. အမွေဆက်ခံပိုင်ခွင့် ရှိပါသည်။ (စာချုပ် မှတ်ပုံတင်ရပါမည်)

 

10. အကျိုးတူ ဖက်ဆက်လုပ်ပိုင်ခွင့် ရှိသည်။

 

11. နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု ဥပဒေနှင့်ညီလျှင် နိုင်ငံခြား အဖွဲ့အစည်းနှင့်လည်း ပူးပေါင်း လုပ်ကိုင်နိုင်သည်ဟူ၍ဖြစ်ပါသည်။

 

        အထက်ပါ ၁၁ ချက်လုံးကို “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်” ရရှိသူတွေကသာ တစ်ထပ်တည်း ခံစားလို့ရမည်ဖြစ်ပါသည်။

 

        သို့ရာတွင်  “ လယ်ယာမြေ ” မှာလည်း ဦးစီးဌာနက သတ်မှတ်တဲ့ နှုန်းထားအတိုင်း တံဆိပ်ခေါင်းခွန်ကပ်ပြီး မြို့နယ်ဦးစီးဌာနရုံးမှာ စာချုပ်ချုပ်တိုင်း မှတ်ပုံတင်ခြင်း၊  အမှတ်စဉ် (5) ပေါင်နံှခြင်းကိစ္စမှာတော့ စိုက်ပျိုးထုတ်လုပ်မှုအရင်းအနှီးအတွက်သာ အစိုးရ အသိအမှတ်ပြုသော ဘဏ်တို့တွင် ပေါင်းနံှခြင်း၊  ခွင့်ပြုချက် မရှိဘဲ “လယ်ယာမြေ” ကို အခြားနည်း သုံးစွဲ၍ မရခြင်းဆိုတဲ့ စည်းကမ်းလေးတွေ ရှိပါသည်။

Laws and Regulations Tips Read 105 times